Pages

Thursday, April 24, 2014

လင်မယားစကားများရန်ဖြစ်ရာမှ နေအိမ်အားမီးရှို့ခဲ့သည့်ခင်ပွန်းဖြစ်သူကို အရေးယူပေးရန် ဇနီးဖြစ်သူမှတိုင်တန်း

RangonNewsDaily: April . 24 .2014
၂၃.၄.၂၀၁၄ ရက်နေ့ ၁၄၀၀ အချိန်တွင် တွံတေးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာနေ မသီသီဆွေမှ ၎င်းသည်နေအိမ်၌ ခင်ပွန်းဖြစ်သူ စိုးနိုင်၊(၃၈)နှစ်နှင့် စကားများရန်ဖြစ်ခဲ့ပြီး စိုးနိုင်မှာ နေအိမ်မှထွက်သွားခဲ့ကြောင်း၊ ၂၀၀၀ အချိန်တွင် ၎င်းနှင့်သမီးဖြစ်သူ မဟေမာန်ဦးတို့(၂)ဦး နေအိမ်၌ အိပ်နေစဉ်စိုးနိုင်ရောက်ရှိလာပြီး (၁၀)ပေပတ်လည် ဓနိမိုး၊ ထရံကာနေအိမ်၏နောက်
ဘက် မီးဖိုခန်းတွင်ကာရံထားသော ဓနိပျစ်များအားမီးရှို့ခဲ့ရာ ပတ်ဝန်းကျင်မှဝိုင်းဝန်းငြှိမ်းသတ်ခဲ့၍ ၂၀၀၁ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊

မီးလောင်မှုကြောင့် ဓနိပျစ်(၉၀)ခန့်လောင်ကျွမ်းကာ တန်ဖိုးငွေကျပ်(၅၀၀၀) ခန့်ဆုံးရှုံးသွားခဲ့ကြောင်းနှင့် စိုးနိုင်အားအရေးယူပေးရန်တိုင်တန်းလာခဲ့ပါသည်။

ယင်းကဲ့သို နေအိမ်အားမီးရှို့သူ စိုးနိုင်အား တွံတေးမြို့နယ်၊ ခလောက်ချိုက်နယ်မြေရဲစခန်း (ပ)၄၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၄၃၆ ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment