Pages

Thursday, April 3, 2014

မော်တော်ယာဉ် ‘၁က’ အက္ခရာများ ဧပြီ ၄ စအပ်ခွင့်ပြုမည်


RangonNewsDaily: April . 3 .2014
မော်တော်ယာဉ်အို ယာဉ်ဟောင်း အပ်နှံခွင့်ပြုသည့် စနစ်အရ ဧပြီလအတွင်း သက်တမ်းနှစ် ၂၀ ကျော်လွန်မည့် ‘၁က’ အက္ခရာ မော်တော်ယာဉ်များကို ဧပြီလ ၄ ရက်နေ့မှ စတင်အပ်နှံခွင့်ပြုမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာသည်။
‘၂က’ အက္ခရာ များကိုလည်း အောက်တိုဘာလ ၆ ရက်နေ့မှစတင်၍ အပ်နှံခွင့်ပြုမည် ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်

‘အ’ အက္ခရာများကို အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်အပ်နှံခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး ခြောက်လခန့် ကြာမြင့်ခဲ့သော်လည်း နံပါတ်အားလုံး ကုန်ဆုံးသည်အထိ လာရောက် အပ်နှံခြင်း မရှိသေးကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ‘အ’ အက္ခရာများမှာ အပ်နှံရန် အစီးရေ ၈၆၁၈ စီးရှိပြီး မတ်လ ၂၈ ရက်နေ့ထိ လာရောက် အပ်နှံထားသော အစီးရေမှာ ၇၂၄၇ စီးရှိကာ ၁၃၇၁ စီး အပ်နှံရန် ကျန်ရှိကြောင်း ယာဉ်အိုယာဉ်ဟောင်း ဌာန၏ စာရင်းဇယားများအရ သိရသည်။

လတ်တလော မော်တော်ယာဉ် ဈေးကွက်အတွင်း ‘အ’ အက္ခရာ မော်တော်ယာဉ်များ ကုန်ဆုံးလုနီး ဖြစ်ပေါ်နေခြင်းကြောင့် စလစ်ဈေးများ မြင့်တက်လျက် ရှိပြီး စလစ်ဖျက်သိမ်းမည်ဆိုသော သတင်းများကြောင့်လည်း စလစ်ဈေးနှုန်း များမှာ ယခုရက်ပိုင်းအတွင်း မတည်မငြိမ် ဖြစ်နေကြောင်း မော်တော်ယာဉ် ဈေးကွက် အတွင်းထံမှ သိရသည်။

အက္ခရာအသစ်များ ထပ်မံလက်ခံပါက စလစ်ဈေးနှုန်းများ ကျဆင်းစေမည် ဖြစ်ပြီး ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ ပြန်လည် ရောက်ရှိနိုင်ကြောင်း မော်တော်ယာဉ် ရောင်းဝယ်သူအချို့က ပြောဆိုသည်။ 

“အမှန်တကယ်က သက်တမ်းပြည့်မှ အပ်နှံရတာကိုက မဟုတ်တာပါ။ တိုက်သွားတဲ့ ကားတို့၊ ပိုင်ရှင်က မော်ဒယ်လ် နိမ့်နေလို့ မစီးချင်တော့တဲ့ ကားတို့ကိုလည်း အပ်နှံခွင့် ပြုသင့်ပါတယ်” ဟု Farmer Auto မော်တော်ယာဉ် အရောင်းပြခန်း အမှုဆောင် အရာရှိချုပ် ဒေါက်တာ စိုးထွန်းက ပြောကြားသည်။

The Voice  , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment