Pages

Thursday, April 3, 2014

သမီးလေးရွာခံများအတွက် ဘုရားဖူးအစီအစဉ် အစိုးရလှည့်ကွက်ဖြစ်နိုင်ဟု ဒေါ်နော်အုန်းလှ သုံးသပ်


RangonNewsDaily: April . 3 .2014
သမီးကလေးကျေးရွာသားများအား DKBA မှ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း ခေါ်ယူနေရာချထားပေးရန် ခေါ်ဆောင်သွားသော်လည်း
 ဒေသပိုင်အုပ်ချုပ်ရေးတာဝန်ရှိသူများမှ ကရင်ပြည်နယ်အတွင်း ၀င်ရောက်နေထိုင်ခွင့်ကို တားမြစ်ခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရှိရသည်။
စစ်တပ်ပိုင်မြေကို ကျူးကျော်သည်ဟုဆိုကာ တစ်ရွာလုံးအဖျက်ခံခဲ့ရသော သမီးကလေးကျေးရွာသားများအား နေရာချထား ပေးရန်အ
တွက် DKBA က ခေါ်ဆောင်လာသော်လည်း ပဲခူးတိုင်းဒေသကြီးမှလူများဖြစ်နေ၍ ကရင်ပြည်နယ်အတွင်းသို့ ၀င်ရောက်ရန် ခွင့်ပြု
ချက် ကြိုတင်ရယူထားခြင်းမရှိသည့်အတွက် ဧပြီလ(၂)ရက်နေ့ ညနေပိုင်းတွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အကြား ဒုံသမိတံ
တား၌ တားဆီးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း DKBA တာဝန်ရှိသူများထံမှ သိရသည်။

“သူတို့ပြောတာကတော့ အများကြီးပဲ။ ပဲခူးတိုင်းဒေသကြီးကလူတွေ ဆိုတော့ ဒီမှာခွင့်ပြုချက် ကြိုမတင်လို့ တားဆီး တယ်ပေါ့ ဗျာ။ အခုတော့ ကရင်ပြည်နယ် မွန်ပြည်နယ် ရောက်တုန်း သမီးကလေးရွာသားတွေ သူတို့ နေခြင်တဲ့ မြေပိုင်၊ အိမ်ပိုင် ကလေးနဲ့ နေရာ

ရအောင်လို့ ကျိုက္ခမီဘုရားပဲ သွားပြီး ဆုတောင်းရတော့မှာပေါ့။”ဟု DKBA မှ ဗိုလ်မှူး ဆန်းအောင်က ပြောသည်။

သမီးကလေး ကျေးရွာသားများအား မှုလက ရန်ကုန်တိုင်းဒေသကြီးအတွင်းပင် မြေနေရာများ အစားထိုး ချထားပေးမည်ဟု ဆိုကာ အာဏာပိုင်များမှပြောဆိုခဲ့ပြီး လက်တွေ့တွင်မှု ၎င်းတို့ချထားပေးသောနေရာတွင် ရွာသားများအနေဖြင့် နေထိုင်ရန် အခက်အခဲများ

စွာဖြစ်နေသောကြောင့် DKBA နယ်မြေအတွင်း နေထိုင်ရန် အတွက် လိုက်ပါလာရခြင်းဖြစ်ကြောင်း သမီးကလေး ရွာသားများက ဆိုကြသည်။

ရွာသားများအနေနှင့် မှုလရည်ရွယ်ချက်မှ ၎င်းတို့နေထိုင်စရာ နေရာများရရှိစေရန် DKBA နယ်မြေတွင် လိုက်ပါနေထိုင်ရန် ဆုံးဖြတ်ခဲ့

ခြင်းဖြစ်သော်လည်း ကရင်ပြည်နယ်အတွင်းဝင်ရောက်ရန်အတွက် DKBA တာဝန်ရှိသူ များနှင့် ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူများ
ဆွေးနွေးပြီး နောက်ပိုင်းရွာသားများအား ဘုရားဖူးပို့ဆောင်ပေးမည် ဆိုသည်မှာ အစိုးရ၏ လှည့်ကွက် တစ်ခုသာဖြစ်သည်ဟု ရွာ
သားများအရေးကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောသည်။

“သူတို့နေထိုင်တဲ့ ဘုန်းကြီးကျောင်းကနေ ဧပြီ ၃၁ ရက်နေ့ နောက်ဆုံး ထွက်ပေးပါလို့လည်း ပြောတယ်။ အခု ဒီကိုလာတာ လည်း ရွာသားတွေက နေရာလိုချင်လို့ လာကြတာပါ။ ဘုရားဖူးလာတာ မဟုတ်ပါဘူး။ ဆွေးနွေး ပြီးတော့မှ ဘယ်လိုတွေ ဖြစ်သွားလဲ မသိ

ပါဘူး။ အခုလိုဖြစ်ရတာ လှည့်ကွက်တစ်ခုပါပဲ။ ဒီပုံစံအတိုင်းဆိုတော့ တိုင်းပြည်က မပြောင်းလဲနိုင်ပါဘူး။”ဟု ရွာသားများအရေး ကူညီဆောင်ရွက်ပေးနေသော ဒေါ်နော်အုန်းလှက ပြောသည်။

သမီးကလေးရွာသားများအနေနှင့် ကရင်ပြည်နယ်အတွင်း လိုက်ပါနေထိုင်ရန်အတွက် ဒေသအနေ အထား ကြောင့် အဆင်မပြေ ဖြစ်နိုင်ကြောင်း၊ နယ်စပ်ဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင်များစွာရှိနေပြီး ရွာသားများအနေနှင့် အခက်အခဲများစွာ ကြုံတွေ

့မည်ဖြစ်သောကြောင့် ယခုကဲ့သို့တားဆီးရခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။

Myitmakha Media  , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment