Pages

Wednesday, April 2, 2014

ကော့သောင်းတွင် ခရမ်းလွန်ရောင်ခြည် မြင့်တက်သဖြင့် ကျန်းမာရေး သတိပေး


RangonNewsDaily: April . 2 .2014
မြန်မာနိုင်ငံတောင်ဘက်စွန်း ကော့သောင်းမြို့သည် မြန်မာနိုင်ငံအတွင်းအီကွေတာနှင့်အနီးဆုံး မြို့တစ်မြို့ဖြစ် သည်နှင့်အညီ ယခုမတ် ၂၉ ရက်တွင် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းမြင့် တက်လျက်ရှိသဖြင့် ခရိုင် ကျန်းမာရေးဦးစီးဌာနမှ ခရမ်းလွန်ရောင်ခြည်အန္တရာယ် အသိပေးနှိုးဆော်ချက်များကို သတိပေး ထုတ်ပြန်ခဲ့ ရကြောင်းသိရသည်။
မိသာစုစားဝတ်နေရေးနှင့် အထွေထွေကိစ္စရပ်များအတွက် နေရောင်ခြည် အောက်တွင် သွားလာလှုပ်ရှားရသည့် ပြည်သူများနှင့် မကြာမီကျရောက်တော့မည့် နှစ်သစ်ကူးသင်္ကြန်ကာလအတွင်း
ရေကစားကြမည့်ပြည်သူများ၊ကလေးသူငယ်များ ၊ သက်ကြီးရွယ်အိုများကိုခရမ်းလွန်ရောင်ခြည်အန္တရာယ်မှ ကင်းဝေး စေရန် အတွက် ကျန်းမာရေးဝန်ကြီးဌာနကအထူးနှိုးဆော် သတိပေးခြင်းဖြစ်သည်။

ကော့သောင်းမြို့၌ ယခုကာလအတွင်း ခရမ်းလွန်ရောင်ခြည် မြင့်တက်မှုအနေအထားသည် UV Index ၁၃ ဒသမ ၈အထိ မြင့်တက်လျက်ရှိရာ NOAA အဖွဲ့၏ သတ်မှတ်ချက်အရ UV Index > 11 အဆင့်အား လွန်ကဲ အဆင့် (extreme level ) ဟု သတ်မှတ်ထားသည်ဖြစ်ပြီး ရန်ကုန်အပါအဝင် အခြားမြို့များထက် ဆိုးရွား စွာမြင့်တက် လျက်ရှိ ကြောင်း သိရသည်။

ခရမ်းလွန်ရောင်ခြည်ကြောင့် ကျန်းမာရေးထိခိုက်မှုများဖြစ်သည့် အရေပြားကင်ဆာ၊ သားသမီးမရရှိ နိုင်တော့ခြင်းနှင့် အပူဒဏ်ကြောင့် နှလုံးရုတ်တရက် ရပ်တန့်မှုများနှင့်အသက်ရှုလမ်းကြောင်း
ဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်သည်။ ထို့ကြောင့် အမိုးအကာအောက်တွင်သာ နေထိုင်ခြင်း၊ နေပူရှိန်နှင့် တိုက်ရိုက်ထိတွေ့ခြင်းများ ရှောင်ကြဉ်ကြရန် နှိုးဆော်ထားခြင်းဖြစ်သည်။

ကျော်စိုး (ကော့သောင်း)
MOI Webportal  , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment