Pages

Wednesday, April 2, 2014

နောက်တစ်ဆင့်တက်ရန် အခွင့်အလမ်း ရှိနေဆဲဟု မိုယက်စ်သုံးသပ်


RangonNewsDaily: April . 2 .2014
ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲအဆင့် တက်ရောက်နိုင်ရေးအတွက် မိမိတို့ မျှော်လင့်ချက် မကုန်သေးဟု မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်က သုံးသပ် ပြောကြားခဲ့သည်။
အိုးလ်ထရက်ဖို့ဒ်တွင် ကစားသည့် ကွာတားဖိုင်နယ် ပွဲစဉ်တွင် ယူနိုက်တက်က နီမန်ယာ ဗီဒစ်၏ ခေါင်းတိုက်ချက်ဖြင့် ဦးဆောင်နိုင်
ခဲ့သော်လည်း ဘက်စတိန်း ရှဝိန်းစတိုင်ဂါက ပြန်လည် ချေပသဖြင့် (၁)ဂိုးစီသရေ ရလဒ် ထွက်ပေါ်ခဲ့သည်။ 

ယူနိုက်တက်နှင့် ဘိုင်ယန်တို့သည် ဒုတိယအကျော့ ကစားရန် ရှိနေသေးရာ အေလီယန့်ဇ်ကွင်းတွင် ယူနိုက်တက် အနေဖြင့် ရ
လဒ်ကောင်းအေင် ဖန်တီးပြီး နောက်တစ်ဆင့်အတွက် အခွင့်အလမ်း ရှင်သန်နေဆဲဟု မိုယက်စ်က ယူဆထားသည်။ “အဲဒီမှာ ကျွန်တော်တို့ မဖြစ်မနေ ဂိုးသွင်းနိုင်ဖို့ လိုတယ်ဆိုတာကိုတော့ သိပါတယ်။ 

ဘိုင်ယန်ကို ဂိုးသွင်းလိုက်နိုင်ပြီဆိုရင် ကျွန်တော်တို့ တစ်ခုခုကို မျှော်လင့်လို့ ရသွားပါပြီ”ဟု မိုယက်စ်က ဆိုသည်။

၎င်းက “ခုပွဲမှာ ကျွန်တော်တို့ အနေနဲ့ နောက်တစ်ဆင့်ကို တက်ရောက်ဖို့ တကယ်ပဲ ဆန္ဒပြင်းပြနေတာကို ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့မှာ စစ်မှန်တဲ့ အခွင့်အရေးတစ်ရပ်၊ တိုက်ပွဲဝင် ရယူရမယ့် အခွင့်အရေးတစ်ရပ် ရှိနေဆဲပါ။ 


ကျွန်တော်တို့ ပထမအကျော့မှာ လိုအပ်တဲ့ အခြေအနေကို လက်တွေ့ လုပ်ဆောင်နိုင်ခဲ့တယ် ထင်ပါတယ်။ မြူးနစ်မှာ ကျွန်တော်တို့ အကောင်းဆုံး အခွင့်အရေးမျိုး ဖန်တီးယူပြီး အောင်ပွဲဆင်နိုင်ဖို့ ကြိုးစားသွားမှာပါ”ဟု ပြောကြားခဲ့သည်။ ၎င်းက ယခုပွဲတွင် ဒိုင်
လူကြီး ကားလို့စ်ဗီလက်စ်ကို အနေဖြင့် ရှဝိန်းစတိုင်ဂါကို ထုတ်ပယ်ခဲ့မှုအပေါ် မှန်ကန်သည်ဟု ယူဆကြောင်းလည်း ဆိုသည်။

“ရှဝိန်းစတိုင်ဂါက ရွန်နီ့ကို ပြေးချိတ်လိုက်တဲ့ အခြေအနေပါ။ ဒါဟာ အဝါကတ် မပြခဲ့ရင်တောင် အနည်းဆုံး ပြစ်ဒဏ်ဘောတော့ သတ်မှတ်ရမှာပဲလို့ ကျွန်တော် ထင်ပါတယ်”ဟု မိုယက်စ်က မှတ်ချက်ပြုသွားသည်။ 

Soccer Myanmar , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment