Pages

Sunday, April 13, 2014

ရေကစားမဏ္ဍပ်များ စည်းကမ်းဖောက်လျှင်ပိတ်သိမ်းမည်အထိ အရေးယူမည်

RangonNewsDaily: April . 13 .2014
သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်များအနေဖြင့် သတ်မှတ်စည်းကမ်းများ လိုက်နာမှုမရှိလျှင် ပိတ်သိမ်းသည်အထိ အရေးယူခံရနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သင်္ကြန်ကာလ စည်းကမ်းထိန်းသိမ်းရေးနှင့် လုံခြုံရေးဆပ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။''ဒီနှစ်သင်္ကြန် ရန်ကုန်မြို့မှာ မဏ္ဍပ်ကြီး ၅၄ ခု၊ မဏ္ဍပ်လတ် ၃၉ ခုနဲ့ မဏ္ဍပ်ငယ် ၆ဝ ဆောက်လုပ် ထားပါတယ်။ သင်္ကြန်ကာလမှာ ရေကစားမဏ္ဍပ်တွေလိုက်နာနိုင်ရန် စည်းကမ်းထိန်းသိမ်းရေးနှင့် လုံခြုံရေးဆပ်ကော်မတီက စည်းကမ်းချက် (၅၁) ချက်ထုတ်ပြန်ပေးထားပါတယ်။
ရေကစားမဏ္ဍပ်တွေအနေနဲ့ ဒီစည်းကမ်းချက်တွေကို လိုက်နာဖို့လိုပါတယ်။လိုက်နာမှုမရှိတဲ့ မဏ္ဍပ်တွေကို ရေဖြတ်မယ်၊ မီးဖြတ်မယ်၊ နောက်ဆုံး မဏ္ဍပ်ကိုပိတ်သိမ်းသည်အထိ အရေးယူသွားနိုင်ပါ တယ်'' ဟု ရန်ကုန်အနောက်ပိုင်းခရိုင်မှ ဒုတိယရဲမှူးကြီး ဝင်းကြည်က ပြောသည်။

ရေကစားမဏ္ဍပ်များတွင် လုံခြုံရေးအတွက် CCTV ကင်မရာများ တပ်ဆင်ထားသည့်အပြင် ကိုယ်ပိုင် လုံခြုံရေး (Private Security) များလည်း ချထားကြောင်း၊ ရေကစားမဏ္ဍပ်များအနီးအရက်၊ ဘီယာများ ရောင်းချမှုကို တွေ့ရှိပါက အားလုံးဖမ်းဆီးသွားမည်ဖြစ်ကြောင်း သိရသည်။


 ရေကစားမဏ္ဍပ်များ၌ လေပေါင် ၁ဝဝ မှ ၁၅ဝအထိ အတင်အချ ပြုလုပ်၍ရသည့်ကွန်ပရက်ဆာပန့်မျာဖြင့် ရေပက်ကစားခြင်း
ကြောင့် ရေစူးအား ပြင်းထန်ပြီးရေပက်ခံရသူတွင် အသားအရေများ၊မျက်လုံးနှင့်နားများထိခိုက်အန္တရာယ်ဖြစ်နိုင်သဖြင့ရေကစား
မဏ္ဍပ်များ၊ ရေပက်ခံကားများတွင် ကွန်ပရက်ဆာပန့် အသုံးမပြုရန် တားမြစ်ထားသည်။

ယခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌မဏ္ဍပ်များ လုံခြုံရေးအတွက်လုံခြုံရေးအင်အား၅ဝဝဝ ကျော် ဖြန့်ကြက်
တာဝန်ချထားကြောင်း၊အချို့မှာ အရပ်ဝတ်ဖြင့် လုံခြုံရေး တာဝန်ထမ်း ဆောင်မည်ဖြစ်ကြောင်း သိရသည်။ သင်္ကြန်ကာလအတွင်း ခိုက်ရန်ဖြစ်ပွား၍ ပြစ်မှုကျူးလွန်သူများအား အရေးယူဆောင်ရွက်နိုင်ရန် တရားရုံးနှင့် ဆေးရုံဆေးခန်းများလည်း အသင့်ဖွင့်
ထားကြောင်း သိရသည်။

ကြံတိုင်းအောင်
The Mirror Daily , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment