Pages

Sunday, April 13, 2014

၂၀၁၄ မြန်မာနှစ်သစ်ကှုး မဟာသင်္ကြန် နှစ်ကူးဆုတောင်း


RangonNewsDaily: April . 13 .2014

ရိုးသားတဲ့အပြုံး

မာယာကင်းတဲ့နှလုံး

စောင့်ထိန်းမှုနဲ့ ယဉ်ကျေးမှု ကြီးမားသူ

ရွှေမြန်မာတို့ရဲ့

ချစ်စရာ့ဓလေ့ ပျော်ရွှင်စွာ

ဆင်နွှဲစရာများထဲမှ

ကိုယ်စီကိုယ်ငှ မျှော်လင့်တောင့်တရတဲ့

ခါသင်္ကြန် ချိန်ခါသို့

ရောက်လာပြန်ပေါ့လေ~~~~~

နှစ်ဟောင်းကုန်၍ နှစ်သစ်ကူး သမယမှာလ

နှစ်ဟောင်းအညစ်အကြေးတွေအား

တစ်ယောက်တစ်လှည့်

အတာရေအေး ဖျန်းပက်လို့

သန့်စင်စေ၍ ရွှေဘဝင်၌လည်း

အေးချမ်းစေဖို့

မေတ္တာဓါတ်တွေ လွှမ်းခြုံလို့

အတာရေသဘင်ပွဲတော်ကြီးကို

ဒို့တွေအားလုံး ပါဝင်လို့

ဆင်နွှဲကြစို့လားဟေ့

သူငယ်ချင်းတို့ရေ~~~~~~~


ဒို့တွေနဲ့ ထပ်တူ

ဒို့သွေးချင်းတို့ မြေမှာလည်း

အတာကူးချိန်နှစ်သစ်မှာ

ပျော်ရွှင်စွာ ငြိမ်းချမ်း

မင်္ဂလာ အပေါင်းများနဲ့လည်း

ပြည့်စုံကြပါစေ………


ဒို့ဖွားသောမြေ

ဒို့ အမိမြေကြီးလည်း

နှစ်သစ်မှသည် အစချီ၍

နှစ်ဟောင်းကုန်ဆုံးချိန်ထိ

ငြိမ်းချမ်းသာယာ

စည်ပင်ဝပြော

တိုးတက်စေကြောင်းရယ်လို့

အတာကူးမှသည်

နှစ်သစ်ဆုမွန်ကောင်းများလည်း

တောင်းဆုပြုလိုက် ရပါသည်လေ~~~~~~~~~


May Atarku
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment