Pages

Friday, April 18, 2014

တောင်ကိုရီးယားသဘောင်္နစ်မြုပ်မှု၊ သေဆုံးသူ ၂၈ဦးအထိရှိလာ ----


RangonNewsDaily: April . 18 .2014
ဗုဒ္ဓဟူးနေ့မနက်က စတင်တိမ်းမှောက်နစ်မြုပ်သွားခဲ့တဲ့ တောင်ကိုရီးယားကူးတို့သဘောင်္မှာ သေဆုံးသူ ၂၈ဦးအထိရှိလာပြီလို့ သိရပါတယ်။ နစ်မြုပ်မှု ၄၈နာရီကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး လူပေါင်း ၂၇၀ခန့် ပျောက်ဆုံးနေဆဲဖြစ်ကာ၊ နစ်မြုပ်သဘောင်္အတွင်း အသက် ဆုံးရှုံးသွားကြပြီလို့ ယူဆရပါတယ်။
ကယ်ဆယ်ရေး ရေငုပ်သမားရာပေါင်းများစွာဟာ ရေအောက်နစ်မြုပ်နေတဲ့ သဘောင်္အတွင်းကို ဝင်ရောက်ဖို့ အပြင်းအထန်ကြိုး
စားနေကြပေမယ့် ပြင်းထန်တဲ့ရေစီးအားတွေကြောင့် အရာမထင်ဖြစ်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။

 သောကြာနေ့မနက်ပိုင်းအထိ သေဆုံးသူ ၂၈ဦးရှိလာပြီလို့ အတည်ပြုနိုင်ခဲ့ပြီး သေဆုံးသူဦးရေ သိသိသာသာတိုးလာတော့မယ်လို့ ခန့်မှန်း ရပါတယ်။ လွတ်မြောက်လာတဲ့ ယင်းသဘောင်္ကပ္ပတိန်ကို တာဝန်ရှိသူတွေက စစ်ဆေးနေကြပြီး ဘာကြောင့် တိမ်းမှောက်ရ
တယ်၊ ကပ္ပတိန်က တိမ်းမှောက်ချိန်မှာ ဘာကြောင်းထိန်းချုပ်ရေးခန်းမှာရှိမနေရတယ် ဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။ 

ကနဦးသတင်းတွေအရတော့ သဘောင်္တာဝန်ရှိသူတွေဟာ ရေယာဉ်မတိမ်းမှောက်၊ မနစ်မြုပ်မီမှာ ရေယာဉ်ကိုအလျင်အမြန်စွန့်ခွာ
မယ့် အစီအစဉ်တွေလုပ်ဖို့ နှောင့်နှေးခဲ့ကြတယ်လို့ သိရပါတယ်။ ဘာကြောင့်ဆိုတာတော့ အတိအကျမသိရသေးပါဘူး။

 ပျောက်ဆုံးနေ သူအများစု ဟာ အထက်တန်းကျောင်းသားတွေဖြစ်ကြပြီး နာမည်ကျော် ဂျေဂျူကျွန်းဆီ ဆရာတွေနဲ့အတူ လေ့
လာရေးခရီးထွက်ခဲ့ကြ တာလို့ ဆိုပါတယ်။ လူပေါင်း ၁၇၉ဦး အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ပြီး ယင်းထဲမှာ ရေယာဉ်ဝန်ထမ်း ၂၀လည်းပါဝင်ပါတယ်။ စုစုပေါင်း ရေယာဉ်ဝန်ထမ်း ၂၉ဦး လိုက်ပါသွားတာဖြစ်ပါတယ်။ 

REF; AP
The Modern News , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment