Pages

Friday, April 18, 2014

3D PRINTER ကို ကမ္ဘာ့ပထမဆုံး တက်တူးထိုးပေးနိုင်တဲ့ စက်အဖြစ် ပြောင်းလဲလိုက်တဲ့ ပြင်သစ်ဒီဇိုင်းကျောင်းသားတစ်စု


RangonNewsDaily: April . 18 .2014
ပြင်သစ်နိုင်ငံ၊ ပါရီမြို့ မှာကျင်းပတဲ့ ပြင်သစ်ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ဒီဇိုင်းဖန်တီးမှုစွမ်းရည် စိန်ခေါ်ပွဲ မှာ ပြင်သစ်ဒီဇိုင်းကျောင်းသားသုံးယောက်က 3D Printer ကို ပြင်ဆင်မွမ်းမံပြီး လူ့ အသားပေါ်မှာ တက်တူးထိုးနိုင်တဲ့ ကမ္ဘာ့ပထမဆုံးစက်အဖြစ် ပြောင်းလဲလိုက်ပါတယ်။
ပထမဆုံးတော့ သူတို့ ဟာ လူ့ အသားပေါ်မှာ စုတ်တံနဲ့ မှင်ကိုအသုံးပြုပြီးပဲ တိကျသပ်ရပ်တဲ့ စက်ဝိုင်းတစ်ခု ကို ရေးဆွဲပြဖို့ စီစဉ်ခဲ့တာပါ။ နောက်တော့ ဒီ စက်ကို ထပ်မွမ်းမံပြင်ဆင်ပြီး အသားပေါ်မှာ ထာဝရစွဲကျန် ရစ်နေမယ့် တက်တူးကို ထိုးနိုင်တဲ့အထိ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီဇိုင်းစွမ်းရည်ပြသမှုပြိုင်ပွဲမှာ သူတို့ ပြင်ဆင်မွမ်းမံထားတဲ့ စက်ရဲ့ တိကျသေချာမှုကို ပြသဖို့ အတွက် လူ့  အသားပေါ်မှာ တိကျသေချာတဲ့ စက်ဝိုင်းတက်တူးတစ်ခုကို ရေးဆွဲပြခဲ့တယ်လို့ ဆိုပါတယ်။ လူတစ်ယောက် က စေတနာနဲ့ ဝင်ရောက်အစမ်းသပ်ခံခဲ့ပြီး စက်ရုပ်က ထိုးပေးတဲ့တက်တူးကို ပိုင်ဆိုင်တဲ့ ကမ္ဘာ့ပထမဆုံးလူ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူ့ ရဲ့ လက်ဖျံမှာ ၀ိုင်းစက်တိကျတဲ့ စက်ဝိုင်းပုံစံတက်တူးတစ်ခုကို 3D Printer က ရေးဆွဲထိုးပေးခဲ့တာဖြစ်ပါတယ်။

ENSCI les Ateliers ဆိုတဲ့ နာမည်ကျော်ပြင်သစ်ဒီဇိုင်းကျောင်းက ဒီအစီအစဉ်ကို ဦးစီးကျင်းပတာဖြစ်ပြီး Pierre Emm ၊ Piotr Widelka နဲ့ Johan Da Silveira တို့ က 3D Printer တစ်ခုကို ရှစ်နာရီကြာ ပြင်ဆင် မွမ်းမံပြီး သာမန်စုတ်တံနဲ့ အရေပြားမှာပေါ် တိကျတဲ့စက်ဝိုင်းတစ်ခုကို ရေးဆွဲဖို့ ကြိုးပမ်းခဲ့ကြ တာဖြစ်ပါ တယ်။

စက်ဝိုင်း ပုံစံကို ရွေးချယ်ရခြင်းအကြောင်းရင်းကတော့ စက်ရဲ့ တိကျသေချာမှုကို ပြသနိုင်ဖို့  အတွက်ဖြစ် တယ် လို့ ဆိုပါတယ်။ အရမ်းတော်တဲ့တက်တူးဆရာတစ်ယောက်ကတောင် စက်ဝိုင်းတစ်ခုကို အတိကျ အသေချာဆုံး ရေးဆွဲဖို့ ဖြစ်တာ မဖြစ်နိုင်သလောက်ခဲယဉ်းတယ်လို့ ဆိုပါတယ်။

ပြိုင်ပွဲပြီးဆုံးသွားတဲ့အခါ သူတို့ ဟာ ဒီ 3D စက်ကို တကယ့်တက်တူးထိုးပေးနိုင်မယ့် စက်အဖြစ် ပြောင်းလဲ ဖို့  အကြံရခဲ့ပြီး အပျော်တမ်းတက်တူးထိုးပေးသူတစ်ယောက်ဆီကနေ တက်တူးထိုးစက်ကို ဌားရမ်းခဲ့တယ် လို့  ဆိုပါတယ်။ ဆီလီကွန်နဲ့ လုပ်ထားတဲ့ အရေပြားတုအပေါ်မှာ 3D Printer စက်နဲ့ တက်တူးထိုးခြင်းကို စမ်းသပ်ခဲ့ပြီးနောက် လူ့ အရေပြားပေါ်မှာ စမ်းသပ်အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

အရေပြားပေါ်မှာ တက်တူးထိုးမယ့်နေရာရွေးချယ်ပြီးနောက် အရေပြားကိုတင်းရင်းနေစေဖို့ ပြုလုပ်ရာမှာ အခက်အခဲတစ်ချို့ ကြုံတွေ့ ခဲ့ရပြီး သတ္တုအစွပ်တွေ၊ ရာဘာကြိုးပြားတွေ အသုံးပြုခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ နောက်တော့ အပေါက်ဖောက်ထားတဲ့ လက်အစွပ်တစ်ခုကို အသုံးပြုခဲ့ရာမှာ အဆင်ပြေခဲ့ပါတယ်။

နောက်ပိုင်းမှာ မိမိကြိုက်နှစ်သက်တဲ့ တက်တူးဒီဇိုင်းကို ရွေးချယ်ပြီး တက်တူးထိုးပေးနိုင်တဲ့စက်တွေ ကို မြင် တွေ့ လာရဖွယ်ရှိတယ်လို့ Dailymail သတင်းဌာနက တင်ပြထားပါတယ်။

winkabarkyaw ,KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment