Pages

Thursday, February 20, 2014

တ/ဒဂုံ ၉၆၉များကြောင့် မွတ်စလင်မ်မိသားစုကို ရဲစခန်းတွင်လုံခြုံရေးပေးထားရ

RangonNewsDaily: February . 20 .2014
တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက် ရတနာလမ်း အမှတ် ၅၀၇ (ခ) တွင်နေထိုင်သည့် အစ္စလာမ်
ဘာသာဝင်မိသားစုဝင်တစ်ဦး ခိုက်ရန်ဖြစ်ပွားမှုကို အကြောင်းပြုကာ အဆိုပါနေအိမ်အားဖျက်ဆီးရန် ကြိုးပမ်းနေသည့်လူအုပ်ကြောင့် ဌင်းအိမ်တွင်နေထိုင်သူ အစ္စလာမ်ဘာသာဝင် ၉ ဦးကို ရဲစခန်းသို့ပြောင်းရွှေ့ကာလုံခြုံရေးပေးထားရကြောင်းဒေသခံတစ်ဦးက မြန်မာ
မွတ်စလင်မ်မီဒီယာသို့ပြောသည်။

တောင်ဒဂုံ မြို့နယ်ရှိ ၉၆၉ ဂိုဏ်းဝင်များဖြစ်သည့် အခြောက်ဆူပါ၊မောင်အေး၊မသီတာ ဆိုသူတို့က အဓိကဦးဆောင်ပြီး အထက်ပါ အစ္စလာမ်ဘာသာဝင်များနေထိုင်သည့် နေအိမ်အား မီးရှို့ဖျက်ဆီးရန် လူစုနေခြင်းဖြစ်ကြောင်းသိရသည်။

ယခုသတင်းရေးသားသည့် ည ၂ နာရီအချိန်အထိ ဗုဒ္ဓဘာသာအစွန်းရောက်များက လူစုလူဝေးဖြင့် အော်ဟစ်ဆဲဆိုနေဆဲဖြစ်ကြောင်းလည်း သတင်းရရှိသည်။

 မြန်မာမွတ်စလင်မ်မီဒီယာ ::--kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment