Pages

Thursday, February 20, 2014

ကင်ဆာရောဂါကို တီဆဲလ်သုံး ကုသရာတွင် အောင်မြင်မှု တစ်ချို့ ရရှိ

Photo: ကင်ဆာရောဂါကို တီဆဲလ်သုံး ကုသရာတွင် အောင်မြင်မှု တစ်ချို့ ရရှိ

ဖေဖေါ်ဝါရီ ၂၀ ရက် ၂၀၁၄ ခုနှစ်

လူနာ၏ ကိုယ်တွင်း ခုခံအားစံနစ်ကို အသုံးပြုပြီး ကင်ဆာဆဲလ်များကို တိုက်ခိုက်ရန် ချဉ်းကပ်သည့် နည်းလမ်းသစ်သည် အရွယ်ရောက်ပြီးသူများတွင် ၈၈ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း အမေရိကန် သုတေသန ပညာရှင်များမှ ကြာသပတေးနေ့တွင် ပြောဆိုခဲ့သည်။

တစ်ချို့က သက်ရှိဆေးဝါးဟု ခေါ်ဆိုကြသည့် နည်းလမ်းကို အသုံးပြုပြီး ကင်ဆာရောဂါကို ကုသရာတွင် ယင်းကဲ့သို့ အောင်မြင်ခဲ့မှုသည် ကျယ်ပြန့်လာသည့် ကင်ဆာရောဂါ ကာကွယ်ကုသရေး ကုထုံးများအတွက် သတင်းကောင်း ဖြစ်ကြောင်း New York မှ သိပ္ပံပညာရှင်များက ပြောဆိုခဲ့သည်။ Science Translation Medicine ဂျာနယ်တွင် ပါရှိခဲ့သည့် နောက်ဆုံး စမ်းသပ်မှုတွင် adult B cell acute lymphoblastic leukemia (All) ဟု ခေါ်ဆိုကြသည့် သွေးကင်ဆာ အမျိုးအစား လူနာ ၁၆ ဦး ပါဝင်ခဲ့သည်။

၎င်းရောဂါကြောင့် အမေရိကတွင် တစ်နှစ်လျှင် လူ ၁၄၀၀ ခန့် သေဆုံးနေကြရသည်။ ကာကွယ်ကုသနိုင်သည့် ကင်ဆာရောဂါများတွင် ပါဝင်သော်လည်း လူနာများသည် မကြာခဏ ဆိုသလို ပဋိဇီဝ ဆေးဝါးများဖြင့် ကုသရာတွင် ဆေးယဉ်ပါးမှု ဖြစ်ပွားပြီး နောက်ဆုံးတွင် ရောဂါအခြေအနေ ပြန်လည်ဆိုးရွားသွားကြသည်။

၎င်းလေ့လာမှုတွင် ကိုယ်တွင်းမှ တီဆဲလ်များကို ကင်ဆာဆဲလ်များကို တိုက်ခိုက်ရန် မျိုးရိုးဗီဇဆိုင်ရာ အင်ဂျင်နီယာအရ ပြုပြင်ပြောင်းလဲခဲ့ပြီး အရွယ်ရောက်ပြီး လူနာ ၁၆ ယောက်ထဲမှ ၁၄ ယောက်သည် ရောဂါအခြေအနေ သက်သာခဲ့ကြောင်း သိရှိရသည်။ စမ်းသပ်မှု ပြုလုပ်သည့် အချိန်တွင် လူနာများသည် ပျမ်းမျှ အသက် ၅၀ ဝန်းကျင် ရှိပြီး ပဋိဇီဝ ဆေးဝါးများဖြင့် ကုသမှုသည်လည်း အကျိုးသက်ရောက်မှု မရှိတော့ပဲ သေဆုံးရတော့မည့် အခြေအနေများ ဖြစ်သည်။

၎င်းကုထုံး မရှိပါက အခြေအနေ ဆိုးရွားသည့် လူနာများထဲမှ ၃၀ ရာခိုင်နှုန်းသာ အထူးပဋိဇီဝ ဆေးဝါးဖြင့် ကုသမှုကို တုန့်ပြန်ရန် အခွင့်အလမ်း ရှိသည်။ ကုထုံးမှာ လူနာများ၏ တီဆဲလ် အချို့ကို ထုတ်ယူပြီး ကင်ဆာဆဲလ်များတွင် ပါဝင်သော CD19 ဟု သိရှိကြသည့် ပရိုတင်းကို မှတ်မိစေရန် မျိုးရိုးဗီဇ နည်းပညာဖြင့် ပြောင်းလဲပြီး ကင်ဆာဆဲလ်များကို တိုက်ခိုက်စေခြင်း ဖြစ်သည်။

လူတို့၏ ကိုယ်တွင်း ခုခံအားစံနစ်ရှိ တီဆဲလ်များသည် ပုံမှန်အတိုင်း ဆိုပါက ကိုယ်ခန္ဓာတွင်း ဝင်ရောက်လာသော ဒုက္ခပေးသည့် အခြား အရာများကို တိုက်ခိုက်သော်လည်း ကင်ဆာဆဲလ်များကိုမူ တိုက်ခိုက်ခြင်း မရှိပေ။

“ အခြေခံကတော့ တီဆဲလ်တွေကို ကင်ဆာဆဲလ်တွေ အကြောင်း မှတ်မိပြီး တိုက်ထုတ်စေဖို့ မျိုးရိုးဗီဇ နည်းပညာနဲ့ ပြန်လည် သင်ကြားပေးလိုက်တာပေါ့။ ဒီနည်းပညာဟာ ကင်ဆာရောဂါ အမျိုးအစား တစ်ချို့ ရှိတဲ့ လူနာတွေ အတွက် အလုပ်ဖြစ်ပါတယ် ” ဟု ယခုနည်းပညာ အပေါ် ၁၅ နှစ်ကြာ လုပ်ကိုင်ခဲ့သည့် ဘရန့်ဂျန်မှ ပြောဆိုခဲ့သည်။ ကုထုံး ခံယူပြီးနောက် ရောဂါ သက်သာမှုကို ရရှိခဲ့သည့် လူနာ ငါးဦး အကြောင်းကို ပြီးခဲ့သော နှစ်က ၎င်းတို့ အဖွဲ့မှ တင်ပြခဲ့သည်။

REF: AFP
မြန်မာ့ခေတ်

RangonNewsDaily: February . 20 .2014
လူနာ၏ ကိုယ်တွင်း ခုခံအားစံနစ်ကို အသုံးပြုပြီး ကင်ဆာဆဲလ်များကို တိုက်ခိုက်ရန် ချဉ်းကပ်သည့် နည်းလမ်းသစ်သည် အရွယ်ရောက်ပြီးသူများတွင် ၈၈ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း အမေရိကန် သုတေသန ပညာရှင်များမှ ကြာသပတေးနေ့တွင် ပြောဆိုခဲ့သည်။တစ်ချို့က သက်ရှိဆေးဝါးဟု ခေါ်ဆိုကြသည့် နည်းလမ်းကို အသုံးပြုပြီး ကင်ဆာရောဂါကို ကုသရာတွင် ယင်းကဲ့သို့ အောင်မြင်ခဲ့မှုသည် ကျယ်ပြန့်လာသည့် ကင်ဆာရောဂါ ကာကွယ်ကုသရေး ကုထုံးများအတွက် သတင်းကောင်း ဖြစ်ကြောင်း New York မှ သိပ္ပံပညာရှင်များက ပြောဆိုခဲ့သည်။ Science Translation Medicine ဂျာနယ်တွင် ပါရှိခဲ့သည့် နောက်ဆုံး စမ်းသပ်မှုတွင် adult B cell acute lymphoblastic leukemia (All) ဟု ခေါ်ဆိုကြသည့် သွေးကင်ဆာ အမျိုးအစား လူနာ ၁၆ ဦး ပါဝင်ခဲ့သည်။

၎င်းရောဂါကြောင့် အမေရိကတွင် တစ်နှစ်လျှင် လူ ၁၄၀၀ ခန့် သေဆုံးနေကြရသည်။ ကာကွယ်ကုသနိုင်သည့် ကင်ဆာရောဂါများတွင် ပါဝင်သော်လည်း လူနာများသည် မကြာခဏ ဆိုသလို ပဋိဇီဝ ဆေးဝါးများဖြင့် ကုသရာတွင် ဆေးယဉ်ပါးမှု ဖြစ်ပွားပြီး နောက်ဆုံးတွင် ရောဂါအခြေအနေ ပြန်လည်ဆိုးရွားသွားကြသည်။

၎င်းလေ့လာမှုတွင် ကိုယ်တွင်းမှ တီဆဲလ်များကို ကင်ဆာဆဲလ်များကို တိုက်ခိုက်ရန် မျိုးရိုးဗီဇဆိုင်ရာ အင်ဂျင်နီယာအရ ပြုပြင်ပြောင်းလဲခဲ့ပြီး အရွယ်ရောက်ပြီး လူနာ ၁၆ ယောက်ထဲမှ ၁၄ ယောက်သည် ရောဂါအခြေအနေ သက်သာခဲ့ကြောင်း သိရှိရသည်။ စမ်းသပ်မှု ပြုလုပ်သည့် အချိန်တွင် လူနာများသည် ပျမ်းမျှ အသက် ၅၀ ဝန်းကျင် ရှိပြီး ပဋိဇီဝ ဆေးဝါးများဖြင့် ကုသမှုသည်လည်း အကျိုးသက်ရောက်မှု မရှိတော့ပဲ သေဆုံးရတော့မည့် အခြေအနေများ ဖြစ်သည်။

၎င်းကုထုံး မရှိပါက အခြေအနေ ဆိုးရွားသည့် လူနာများထဲမှ ၃၀ ရာခိုင်နှုန်းသာ အထူးပဋိဇီဝ ဆေးဝါးဖြင့် ကုသမှုကို တုန့်ပြန်ရန် အခွင့်အလမ်း ရှိသည်။ ကုထုံးမှာ လူနာများ၏ တီဆဲလ် အချို့ကို ထုတ်ယူပြီး ကင်ဆာဆဲလ်များတွင် ပါဝင်သော CD19 ဟု သိရှိကြသည့် ပရိုတင်းကို မှတ်မိစေရန် မျိုးရိုးဗီဇ နည်းပညာဖြင့် ပြောင်းလဲပြီး ကင်ဆာဆဲလ်များကို တိုက်ခိုက်စေခြင်း ဖြစ်သည်။

လူတို့၏ ကိုယ်တွင်း ခုခံအားစံနစ်ရှိ တီဆဲလ်များသည် ပုံမှန်အတိုင်း ဆိုပါက ကိုယ်ခန္ဓာတွင်း ဝင်ရောက်လာသော ဒုက္ခပေးသည့် အခြား အရာများကို တိုက်ခိုက်သော်လည်း ကင်ဆာဆဲလ်များကိုမူ တိုက်ခိုက်ခြင်း မရှိပေ။

“ အခြေခံကတော့ တီဆဲလ်တွေကို ကင်ဆာဆဲလ်တွေ အကြောင်း မှတ်မိပြီး တိုက်ထုတ်စေဖို့ မျိုးရိုးဗီဇ နည်းပညာနဲ့ ပြန်လည် သင်ကြားပေးလိုက်တာပေါ့။ ဒီနည်းပညာဟာ ကင်ဆာရောဂါ အမျိုးအစား တစ်ချို့ ရှိတဲ့ လူနာတွေ အတွက် အလုပ်ဖြစ်ပါတယ် ” ဟု ယခုနည်းပညာ အပေါ် ၁၅ နှစ်ကြာ လုပ်ကိုင်ခဲ့သည့် ဘရန့်ဂျန်မှ ပြောဆိုခဲ့သည်။ ကုထုံး ခံယူပြီးနောက် ရောဂါ သက်သာမှုကို ရရှိခဲ့သည့် လူနာ ငါးဦး အကြောင်းကို ပြီးခဲ့သော နှစ်က ၎င်းတို့ အဖွဲ့မှ တင်ပြခဲ့သည်။

REF: AFP , မြန်မာ့ခေတ် , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment