Pages

Thursday, February 20, 2014

မြေသိမ်းခံ ၂၆ ရွာမှ ဒေသခံများက လက်ပံတောင်းတောင်ဒေသ အရံတောင် ၃၃ လုံး၏ တောင်စောင့်နတ်များကို ပူဇော်ပွဲကျင်းပ

လက်ပံတောင်းတောင်ဒေသ အရံတောင် ၃၃ လုံးမှ တောင်စောင့်နတ်များကို ပူဇော်ပွဲကျင်းပရန် ဒေသခံများ သွားရောက်နေသည်ကို တွေ့ရစဉ်
RangonNewsDaily: February . 20 .2014
ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ မြေသိမ်းခံကျေးရွာ ၂၆ ရွာမှ ဒေသခံတောင်သူများက ဖေဖော်ဝါရီ ၁၈ ရက်တွင် လက်ပံတောင်းတောင်ဒေသ အရံတောင် ၃၃ လုံး၏ တောင်စောင့်နတ်များကို ပူဇော်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။ဒေသခံတောင်သူ ၂၀၀ ခန့်က ၀က်မှေးကျေးရွာဟောင်း အနီးရှိ တောင်စောင့်နတ်ကွန်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ကျေးရွာ ၂၆ ရွာ ကိုယ်စားပြုကာ ပထမဆုံးအကြိမ် စုဝေးကျင်းပခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
“ဒီတောင်ကြီးက ဒေသခံတွေအတွက် ယာမြေအထွက်တိုးစေတယ်။ တောင်ကြီးမှာ မှိုရှာမျှစ်ရှာ ဆူးပုပ်ရွက်ခူးနဲ့ ဒေသခံတွေရဲ့ စားဝတ်နေရေးကို ဖြေရှင်းပေးတယ်လို့ ယုံကြည်ထားကြတယ်။ တစ်နှစ်တစ်ခါတော့ တောင်စောင့်နတ်မင်းတွေကို ကိုယ့်အစီအစဉ်နဲ့ ပူဇော်ပသတာတွေ လုပ်တယ်။

ဒီနှစ်မှာတော့ ပထမဆုံးအကြိမ်အဖြစ် ဒေသခံတောင်သူတွေ ပေါင်းစုပြီး ကျေးရွာ ၂၆ ရွာ ကိုယ်စားပြုပြီး မိုးကြိုးပြင်၊ ဆည်တည်း၊ ကံတော၊ ၀က်မှေး၊ တောကျောင်း၊ ရွှေလှေ၊ တုံ၊ ဇီးတောစတဲ့ ဒေသခံတောင်သူတွေက ကန်တော့ပွဲတွေ စုပေါင်းပြီး တောင် ၃၃ လုံးက တောင်စောင့်နတ်မင်းအားလုံးကို ပင့်ဖိတ်ပြီး ပူဇော်ပါတယ်။ နတ်ကွန်းကလည်း အခုဆိုရင် ကြေးနီစီမံကိန်းအတွက် ခြံစည်းရိုးနားတောင် ရောက်နေပါပြီ” ဟု လက်ပံတောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

Eleven Media  , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment