Pages

Monday, January 20, 2014

ယာဉ် မတော် တဆ မှူကြောင့် လင်းဇာနည်ဇော်အသက်အန္တရာယ်မရှိ၊ရန်ကုန်SSCတွင်ဆက်လက်ဆေးကုသခံမည်

Photo

RangonNewsDaily:: January . 20 .2014
ပဲခူးမြို့ အနီးရန်ကုန်-မန္တလေးလမ်းဟောင်း တွင် သရုပ်ဆောင်လင်းဇာနည်ဇော် လိုက်ပါစီးနင်းလာသော
ယာဉ်နှင့် အခြားယာဉ်တစ်စီးတို့ တိုက် မိပြီးယာဉ် မတော် တဆ မှူကြောင့်အမျိုးသမီးတစ်ဦးအသက်ဆုံးပါး
သွားကြောင်းသတင်းရရှိသည်။ယမန် နေ့ ညနေပိုင်းကသရုပ်ဆောင်လင်းဇာနည်ဇော်၏အစ်ကိုဖြစ်သူဒါရိုက်တာမိုက်တီးထံဆက်သွယ်မေး
မြန်းရာသူတို့ လည်းအခင်းဖြစ်ပွားရာသို့ ရန်ကုန်မှသတင်းရရခြင်းလိုက်ပါသွားနေကြောင်းပြောပြီးနောက် 
“ကျွန်တော်အခုရောက်တော့မယ်သူ့ ကောင်မလေးတော့ဆုံးသွားရှာတယ်”ဟုသေဆုံးသူအမျိုးသမီးငယ်မှာ
သရုပ်ဆောင်လင်းဇာနည်ဇော် နှင့်အတူပါသွားခဲ့သူဖြစ်ကြောင်းဒါရိုက်တာမိုက်တီး၏ပြောကြားချက်အရသိရ
သည်။
 
ယာဉ်မတော်တဆမှုဖြစ်ပွားရာတွင်တစ်ဦးသေဆုံး၍သရုပ်ဆောင်လင်းဇာနည်ဇော် အပါအ၀င်လူ(၄)ဦး ဒဏ်
ရာရရှိခဲ့ပြီးပဲခူးဆေးရုံတွင်ဆေးကုသ မှုခံယူစေကြောင်း“သေဆုံးသူအတွက်အားလုံးစိတ်မကောင်းဖြစ်နေကြ
ရပါတယ်၊

လင်းလင်းကတော့ အသက် အန္တရာယ် မရှိတော့ပါဘူး မနက်မှရန်ကုန်ဆေးရုံရွှေ့ပါမယ်”ဟု စိတ်မပူရစေ
ရန်ဒါရိုက်တာမိုက်တီး က ညပိုင်းမှာ ပြောဆိုပါသည်။

ယနေ့ မှာဒဏ်ရာရရှိထားသူ သရုပ်ဆောင်လင်းဇာနည်ဇော်ကို ရန်ကုန်မြို့ သို့ ပြန်လည်ခေါ်ဆောင်ပြီဖြစ်ပြီး မကြာမီ SSCဆေးရုံ သို့ တင်ပို့ ဆေးကုသမှု ခံယူမှာဖြစ်ကြောင်းယနေ့ မနက်၁၀နာရီခွဲမှာထပ်မံသိရသည်။
(ညပိုင်းကသတင်းမတင်ခြင်းမှာလင်းဇာနည်ဇော်၏မိဘနှစ်ပါးစိုးရိမ်မည်ကို၍သတိပြုခဲ့ကြခြင်းဖြစ်ပါသည်။
 
ယခုတော့ပရိသတ်အချစ်တော်လင်းဇာနည်ဇော်အသက်အန္တရာယ်မရှိတော့၍မိသားစုနှင့်အတူပရိသတ်များ
စိတ်အေးစေရန်တင်ပြရပါသည်။ကွယ်လွန်သူအမျိုးသမီးငယ်အတွက်လည်းမိသားစုများနှင့်ထပ်တူစိတ်
မကောင်းဖြစ်ရပါ၏-

အနုပညာအယ်ဒီတာ)
Popular Myanmar  , kolatt(PBDN)
RangonNewsDaily
 
 
Photo

Photo

Photo

0 comments:

Post a Comment