Pages

Monday, January 20, 2014

7th ASEAN PARA GAMES ပိတ်ပွဲတွင် အစီအစဉ် တင်ဆက်သူ အဖြစ်ပါဝင်မည့် မိုးစက်ဝိုင်

Photo: 7th ASEAN PARA GAMES ပိတ်ပွဲတွင် အစီအစဉ် တင်ဆက်သူ အဖြစ်ပါဝင်မည့် မိုးစက်ဝိုင်
Monday, January 20, 2014

ဇန်နဝါရီ ၁၄ ရက်မှ ၂ဝ ရက် အထိ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ပထမဆုံး ကျင်းပသော 7th ASEAN PARA GAMES ပိတ်ပွဲတွင် Presenter အဖြစ် ပါဝင်ခွင့် ရခြင်းသည် မိမိ၏ ငယ်ဘဝကို ပြန်အမှတ်ရမိကြောင်း မိုးစက်ဝိုင် က ပြောကြားခဲ့သည်။

''မိုးစက်အနေနဲ့ ဒီအာဆီယံ မသန်စွမ်း အားကစားပိတ်ပွဲ အခမ်းအနားမှာ ဒီလို Presenter အဖြစ် ပါဝင်ခွင့်ရခြင်းဟာ မိုးစက် ကိုးတန်း ကျောင်းသူဘဝက အာစရိယပူဇော်ပွဲမှာ Presenter လုပ်ဖူးခဲ့တာကို သွားပြီး အမှတ်ရမိသလို ဂုဏ်လည်း ယူပါတယ်။ အခု မိုးစက် နေပြည်တော်ကို ရောက်နေပြီး ပိတ်ပွဲအတွက် လေ့ကျင့်မှုတွေကို အတူတူတွဲပြီး Presenter လုပ်မယ့် အစ်ကိုနဲ့အတူ လေ့ကျင့်နေပါတယ်။ မိုးစက်အနေနဲ့ အခု အခမ်းအနားမှာ ပါဝင်ရတာ ဟာ အသစ်အဆန်း အတွေ့အကြုံတစ်ခု ရရှိပါတယ်။ Presenter လုပ်တာက အရင်က အမှတ်တရတွေကို ပြန်ရစေပါတယ်။ ဟိုတစ်နေ့ကပဲ မိုးစက်ပြိုင်ပွဲ တစ်ခုမှာ ဒိုင်လည်း လုပ်ခဲ့ပြီးပြီ။ ပရိသတ်တွေကို မိုးစက်အနေနဲ့ ပိုပြီးကောင်းမွန်တဲ့ တင်ဆက်မှုတွေ ပြုလုပ်သွားပါ့မယ်လို့ ပြောချင်ပါတယ်'' ဟု ၎င်းကပြောကြားခဲ့သည်။

မိုးစက်ဝိုင်သည် PARA GAMES ပိတ်ပွဲတွင် အစီအစဉ် တင်ဆက်မည်ဖြစ်ပြီး လာမည့် ၂၂ ရက်တွင် ATMA GROUP မှ ကျင်းပသည့် အနုပညာရှင်များ ပါဝင်ကစားမည့် ဘောလုံးပြိုင်ပွဲ Beach Soccer ဘောလုံးပွဲ ဖွင့်ရာ၌ ဖွင့်ပွဲဆုဖလား သယ်ဆောင် ပေးရမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ

RangonNewsDaily:: January . 20 .2014
ဇန်နဝါရီ ၁၄ ရက်မှ ၂ဝ ရက် အထိ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ပထမဆုံးကျင်းပသော7th ASEANPARA
GAMESပိတ်ပွဲတွင်Presenter အဖြစ် ပါဝင်ခွင့် ရခြင်းသည် မိမိ၏ ငယ်ဘဝကို ပြန်အမှတ်ရမိကြောင်း မိုးစက်
ဝိုင် က ပြောကြားခဲ့သည်။ ''မိုးစက်အနေနဲ့ဒီအာဆီယံမသန်စွမ်းအားကစားပိတ်ပွဲ အခမ်းအနားမှာ ဒီလို Presenter အဖြစ်ပါဝင်ခွင့်ရခြင်း
ဟာ မိုးစက် ကိုးတန်း ကျောင်းသူဘဝက အာစရိယပူဇော်ပွဲမှာ Presenter လုပ်ဖူးခဲ့တာကိုသွားပြီးအမှတ်ရမိ
သလို ဂုဏ်လည်း ယူပါတယ်။ အခု မိုးစက် နေပြည်တော်ကို ရောက်နေပြီး ပိတ်ပွဲအတွက် လေ့ကျင့်မှုတွေကို အတူတူတွဲပြီး Presenter လုပ်မယ့် အစ်ကိုနဲ့အတူ လေ့ကျင့်နေပါတယ်။ မိုးစက်အနေနဲ့ အခု အခမ်းအနားမှာ ပါဝင်ရတာ ဟာ အသစ်အဆန်း အတွေ့အကြုံတစ်ခု ရရှိပါတယ်။ 
 
Presenter လုပ်တာက အရင်က အမှတ်တရတွေကို ပြန်ရစေပါတယ်။ ဟိုတစ်နေ့ကပဲ မိုးစက်ပြိုင်ပွဲ တစ်ခုမှာ ဒိုင်လည်း လုပ်ခဲ့ပြီးပြီ။ ပရိသတ်တွေကို မိုးစက်အနေနဲ့ ပိုပြီးကောင်းမွန်တဲ့ တင်ဆက်မှုတွေ ပြုလုပ်သွားပါ့
မယ်လို့ ပြောချင်ပါတယ်'' ဟု ၎င်းကပြောကြားခဲ့သည်။

မိုးစက်ဝိုင်သည် PARA GAMES ပိတ်ပွဲတွင် အစီအစဉ် တင်ဆက်မည်ဖြစ်ပြီး လာမည့် ၂၂ ရက်တွင် ATMA GROUP မှ ကျင်းပသည့် အနုပညာရှင်များ ပါဝင်ကစားမည့် ဘောလုံးပြိုင်ပွဲ Beach Soccer ဘောလုံးပွဲ ဖွင့်ရာ
၌ ဖွင့်ပွဲဆုဖလား သယ်ဆောင် ပေးရမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment