Pages

Wednesday, January 8, 2014

မြင့်မြတ်သောဒေသသို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ် ပထမဆုံးအကြိမ် သွားရောက်မည်

Photo: မြင့်မြတ်သောဒေသသို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ် ပထမဆုံးအကြိမ် သွားရောက်မည်
Wednesday, January 8, 2014

အရှေ့အလယ်ပိုင်း ဒေသတွင်းရှိ မြင့်မြတ်သော ဒေသသို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ပထမဆုံးအကြိမ် အဖြစ် သွားရောက်မည်ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဂျေရုဆလင်၊ အနောက်ဘက်ကမ်း ဒေသရှိ ဘက်သလီဟန်နှင့် ဂျော်ဒန်နိုင်ငံ မြို့တော် အန်မန်တို့သို့ မေလ ၂၄ ရက်မှ ၂၆ ရက်နေ့ ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီး သွားရောက် လည်ပတ်မည်ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးက မြင့်မြတ်ဒေသ ခရီးစဉ်ကို တနင်္ဂနွေနေ့ ဆုတောင်းပွဲတွင် ဗာတီကန်မြို့တော်၌ ထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး ယင်းခရီးစဉ်သည် ၂၀၁၄ ခုနစ်အတွင်း ပုပ်ရဟန်းမင်းကြီး၏ ပထမဆုံးသော ခရီးစဉ် လည်းဖြစ်သည်။
အဆိုပါခရီးစဉ်အတွင်း အရှေ့အလယ်ပိုင်း ဒေရှိ ခရစ်ယာန်ကျောင်းတော် အားလုံးမှ ကိုယ်စားလှယ်များနှင့် ဂျေရုဆလင်မြို့တွင် တွေ့ဆုံဆွေးနွေးမည်ဟု ရဟန်းမင်းကြီးက ပြောကြားသည်။

ခရစ်တော်၏ ခြေရာကို နင်းပြီး ထွက်ခွာမည့် ပုပ်ရဟန်းမင်းကြီး၏ ဘုရားဖူး ခရီးစဉ်မှာ လွန်စွာအရေးပါသည့် ခရီးစဉ် တစ်ခုဖြစ်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ရောမမြို့တော်ရှိ ကက်သလစ် ကျောင်းတော်နှင့် အရှေ့တိုင်း အော်သိုဒေါ့ ကျောင်းတော်တို့ လွန်ခဲ့သည့်နှစ်ပေါင်း ၁၀၀၀ ခန့်မှ စတင်ပြီး ခွဲခြားရပ်တည်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်အတွင်း ကက်သလစ်ကျောင်းတော်က အော်သိုဒေါ့ ကျောင်းတော်အပေါ် စိတ်ကောင်းစေတနာ ရှိကြောင်း ဖော်ပြပေးနိုင်မည် ဖြစ်သည်။

ထို့အပြင် အစ္စရေးနှင့် ပါလက်စတိုင်းများကြား ငြိမ်းချမ်းရေးရရိနိုင်ရေး တိုက်တွန်းသွားမည်ဖြစ်ပြီး အရေးပါသော နိုင်ငံရေးရာ ထုတ်ပြန်မှု တစ်ရပ်ကို ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်အတွင်း ထုတ်ပြန်မည် ဖြစ်သည်။

ပါလက်စတိုင်းနယ်မြေ အတွင်းရှိ နေတစ်ဗတီ ဘုရားကျောင်းတွင်သာမက ဂျေရုဆလင် မြို့တော်ရှိ သင်္ချိုင်းဂူဘုရားကျောင်း သို့လည်း ပုပ်ရဟန်းမင်းကြီး သွားရောက်မည်ဖြစ်သည်။

ခရစ်တော် ကားစင်တင် သတ်ဖြတ်ခံ ရပြီးနောက် မြှုပ်နှံထားသည်ဟု ယူဆထားသော နေရာပေါ်တွင် သင်္ချိုင်းဂူဘုရား ကျောင်းကို တည်ထောက်ထားခြင်း ဖြစ်သည်။

ယင်းကဲ့သို့သော ဒေသများ ပါဝင်သည့် မြင့်မြတ်သောနယ်မြေသို့ လာရောက်လည်ပတ်ရန် အစ္စရေးဝန်ကြီးချုပ် ပီရက်နှင့် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌ မာမွတ်အဘတ်တို့က ပုပ်ရဟန်းမင်းကြီးကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

အစ္စရေးနှင့် ပါလက်စတိုင်း ငြိမ်းချမ်းရေး တိုက်ရိုက်ဆွေးနွေးမှုများ သုံးနှစ်ကြာ ရပ်တန့်သွားပြီးနောက် ပြီးခဲ့သည့် နွေရာသီမှစ၍ ဆွေးနွေးမှုများ ပြန်လည် ပြုလုပ်ခဲ့ကာ ပုပ်ရဟန်းမင်းကြီးက အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးရရှိရန် ရွေးချယ် တင်မြောက်ခံခဲ့ရသည့် မတ်လမှ စတင်၍ မကြာခဏ တောင်းဆိုပေးခဲ့သည်။

"ပျော်ရွှင် ကြည်နူးဖွယ်ကောင်းတဲ့ ခရစ္စမတ်ကာလမှာ ထုတ်ပြန်ချက်တစ်ရပ် ကြေညာဖို့ရှိပါတယ်။ မေလ ၂၄ ရက်နေ့ ကနေ ၂၆ ရက်နေ့ထိ ဘုရားသခင် အလိုတော်အတိုင်း မြင့်မြတ်တဲ့ဒေသကို ခရီးထွက်ပါမယ်" ဟု ပုပ်ရဟင်းမင်းကြီးက စိန့်ပီတာ ရင်ပြင်ရှိ လူထုကို ပြောကြားလိုက်သည်။

ယင်းကဲ့သို့သော ကြေညာချက် ထုတ်ပြန်လိုက်သည့် ဇန်နဝါရီလ ၅ ရက်နေ့မှာ ထူးခြားသော နေ့ရက်တစ်ရက်ဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး ပုပ်ပေါလ် ၆ နှင့် ကွန်စတန် တီနိုပယ်ရဟန်းမင်းကြီး အတီနာဂိုရတ် ၁ (အော်သိုဒေါ့ ကျောင်းတော် အကြီးအကဲ) တို့ ဂျေရုဆလင်မြို့တော်၌ ၁၉၆၄ ခုနှစ်အတွင်း တွေ့ဆုံခဲ့သည့် နှစ် ၅၀ မြောက် အထိမ်းအမှတ် နေ့လည်းဖြစ်သည်။

The Voice Weekly

RangonNewsDaily:: January . 7 .2014
အရှေ့အလယ်ပိုင်း ဒေသတွင်းရှိ မြင့်မြတ်သော ဒေသသို့ပုပ်ရဟန်းမင်းကြီးဖရန်စစ်ပထမဆုံးအကြိမ် အဖြစ်
 သွားရောက်မည်ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ ဂျေရုဆလင်၊ အနောက်ဘက်ကမ်း ဒေသရှိ ဘက်သလီဟန်နှင့် ဂျော်ဒန်နိုင်ငံ မြို့တော် အန်မန်တို့သို့ မေလ ၂၄ ရက်မှ ၂၆ ရက်နေ့ ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီး သွားရောက် လည်ပတ်မည်ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးက မြင့်မြတ်ဒေသခရီးစဉ်ကိုတနင်္ဂနွေနေ့ဆုတောင်းပွဲတွင် ဗာတီကန်မြို့တော်၌ ထုတ်ပြန်
လိုက်ခြင်း ဖြစ်ပြီး ယင်းခရီးစဉ်သည် ၂၀၁၄ ခုနစ်အတွင်း ပုပ်ရဟန်းမင်းကြီး၏ ပထမဆုံးသော ခရီးစဉ် လည်းဖြစ်သည်။

အဆိုပါခရီးစဉ်အတွင်းအရှေ့အလယ်ပိုင်း ဒေရှိ ခရစ်ယာန်ကျောင်းတော် အားလုံးမှ ကိုယ်စားလှယ်များနှင့်
ဂျေရုဆလင်မြို့တွင် တွေ့ဆုံဆွေးနွေးမည်ဟု ရဟန်းမင်းကြီးက ပြောကြားသည်။

ခရစ်တော်၏ ခြေရာကို နင်းပြီး ထွက်ခွာမည့် ပုပ်ရဟန်းမင်းကြီး၏ ဘုရားဖူး ခရီးစဉ်မှာ လွန်စွာအရေးပါ
သည့် ခရီးစဉ် တစ်ခုဖြစ်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ရောမမြို့တော်ရှိ ကက်သလစ် ကျောင်းတော်နှင့် အရှေ့တိုင်း အော်သိုဒေါ့ ကျောင်းတော်တို့ လွန်ခဲ့သည့်နှစ်
ပေါင်း၁၀၀၀ ခန့်မှစတင်ပြီးခွဲခြားရပ်တည်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်အတွင်း ကက်သလစ်ကျောင်း
တော်က အော်သိုဒေါ့ ကျောင်းတော်အပေါ် စိတ်ကောင်းစေတနာ ရှိကြောင်း ဖော်ပြပေးနိုင်မည် ဖြစ်သည်။

ထို့အပြင် အစ္စရေးနှင့် ပါလက်စတိုင်းများကြား ငြိမ်းချမ်းရေးရရိနိုင်ရေး တိုက်တွန်းသွားမည်ဖြစ်ပြီး အရေးပါ
သော နိုင်ငံရေးရာ ထုတ်ပြန်မှု တစ်ရပ်ကို ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်အတွင်း ထုတ်ပြန်မည် ဖြစ်သည်။

ပါလက်စတိုင်းနယ်မြေ အတွင်းရှိ နေတစ်ဗတီ ဘုရားကျောင်းတွင်သာမက ဂျေရုဆလင် မြို့တော်ရှိ သင်္ချိုင်း
ဂူဘုရားကျောင်း သို့လည်း ပုပ်ရဟန်းမင်းကြီး သွားရောက်မည်ဖြစ်သည်။

ခရစ်တော်ကားစင်တင်သတ်ဖြတ်ခံ ရပြီးနောက် မြှုပ်နှံထားသည်ဟု ယူဆထားသော နေရာပေါ်တွင် သင်္ချိုင်း
ဂူဘုရား ကျောင်းကို တည်ထောက်ထားခြင်း ဖြစ်သည်။

ယင်းကဲ့သို့သော ဒေသများ ပါဝင်သည့် မြင့်မြတ်သောနယ်မြေသို့ လာရောက်လည်ပတ်ရန် အစ္စရေးဝန်ကြီး
ချုပ် ပီရက်နှင့် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌ မာမွတ်အဘတ်တို့က ပုပ်ရဟန်းမင်းကြီးကို ဖိတ်ခေါ်
ခဲ့ခြင်း ဖြစ်သည်။

အစ္စရေးနှင့် ပါလက်စတိုင်း ငြိမ်းချမ်းရေး တိုက်ရိုက်ဆွေးနွေးမှုများ သုံးနှစ်ကြာ ရပ်တန့်သွားပြီးနောက် ပြီးခဲ့
သည့် နွေရာသီမှစ၍ ဆွေးနွေးမှုများ ပြန်လည် ပြုလုပ်ခဲ့ကာ ပုပ်ရဟန်းမင်းကြီးက အရှေ့အလယ်ပိုင်း ငြိမ်း
ချမ်းရေးရရှိရန် ရွေးချယ် တင်မြောက်ခံခဲ့ရသည့် မတ်လမှ စတင်၍ မကြာခဏ တောင်းဆိုပေးခဲ့သည်။

"ပျော်ရွှင် ကြည်နူးဖွယ်ကောင်းတဲ့ ခရစ္စမတ်ကာလမှာ ထုတ်ပြန်ချက်တစ်ရပ် ကြေညာဖို့ရှိပါတယ်။ မေလ ၂၄ ရက်နေ့ ကနေ ၂၆ ရက်နေ့ထိ ဘုရားသခင် အလိုတော်အတိုင်း မြင့်မြတ်တဲ့ဒေသကို ခရီးထွက်ပါမယ်" ဟု ပုပ်ရဟင်းမင်းကြီးက စိန့်ပီတာ ရင်ပြင်ရှိ လူထုကို ပြောကြားလိုက်သည်။

ယင်းကဲ့သို့သော ကြေညာချက် ထုတ်ပြန်လိုက်သည့် ဇန်နဝါရီလ ၅ ရက်နေ့မှာ ထူးခြားသော နေ့ရက်တစ်
ရက်ဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး ပုပ်ပေါလ် ၆ နှင့် ကွန်စတန် တီနိုပယ်ရဟန်းမင်းကြီး အတီနာဂိုရတ် ၁ (အော်
သိုဒေါ့ ကျောင်းတော် အကြီးအကဲ) တို့ ဂျေရုဆလင်မြို့တော်၌ ၁၉၆၄ ခုနှစ်အတွင်း တွေ့ဆုံခဲ့သည့် နှစ် ၅၀
 မြောက် အထိမ်းအမှတ် နေ့လည်းဖြစ်သည်။

The Voice Weekly , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment