Pages

Wednesday, January 8, 2014

မန္တလေး-ပြင်ဦးလွင်-လားရှိုးလမ်းပေါ်တွင် အကျွတ်အလွတ်ပွဲပြုလုပ်

Photo: မန္တလေး-ပြင်ဦးလွင်-လားရှိုးလမ်းပေါ်တွင် အကျွတ်အလွတ်ပွဲပြုလုပ်
Wednesday, January 8, 2014

မန္တလေး-လားရှိုးလမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုနှင့် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ခဲ့သည့် ပုဂ္ဂိုလ်များအားရည်စူး၍ အကျွတ်အလွတ်ပွဲအားရွေ့လျားစနစ်ဖြင့် ပြုလုပ်လျက်ရှိနေကြောင်းသိရှိရသည်။

အဆိုပါ ပွဲအားသီပေါမြို့၊ စာရေးဆရာအသင်းရုံးမှ ဦးဆောင်၍ ကျင်းပခြင်းဖြစ်ကာဇန်န၀ါရီလ (၁) ရက်နေ့မှစတင်၍ အကျွတ်အလွတ်ပွဲအား မန္တလေး-ပြင်ဦးလွင် မိုင်တိုင်အမှတ် ၁၆-၁၇ကြား၊ ၁၉ မိုင်-၂၁ မိုင်-၂၄
မိုင်နှင့် (၆) ထပ်ကွေ့ အတက်တို့တွင် စတင်ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

” မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းတော့ ပြီးသလောက်ရှိပါပြီ၊ တစ်ရက်ကို (၂) နေရာလောက်ပဲလုပ်နိုင်တာပါ၊
ကျန်တဲ့လမ်းပိုင်းတွေကိုလည်းဆက်ပြီးလုပ်သွားမှာပါ၊ ဒီလိုမျိုး အကျွတ်အလွတ်ပွဲလုပ်တဲ့ အချိန်မှာ မကျွတ်လွတ်သေးတဲ့ သူတွေရဲ့ အသိအမှတ်ပြုတဲ့ အနေနဲ့ ကားသွားနေတဲ့အချိန် လှုပ်ခါတာမျိုးတွေတော့ ရှိပါတယ်၊ ဆိုးဆိုးဝါးဝါး ဖြစ်တာမျိုးတွေတော့ မရှိခဲ့ပါဘူး”ဟု ပွဲဦးဆောင်ကျင်းပသည့် သီပေါစာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးကိုလတ်မှ ပြောသည်။ မူလအစီအစဉ်အရအဆိုပါ အကျွတ်အလွတ်ပွဲအား ဒီဇင်ဘာလနောက်ဆုံး အပတ်တွင် ကျင်းပရန် ရည်ရွယ် ထားသော်လည်း နှစ်သစ်ရက်တွင် ပြုလုပ်လို၍ ဇန်န၀ါရီလ (၁) ရက်နေ့တွင် စတင်ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ အဆိုပါအကျွတ်အလွတ်ပွဲအား ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-သီပေါ-လားရှိုးလမ်းပိုင်းပေါ်ရှိ ယာဉ်မကြာခဏ တိမ်းမှောက်တတ်သည့် နေရာများတွင် ဆက်လက်ပြုလုပ် သွားမည်ဖြစ်ရာအမျှဝေလိုသူများအနေဖြင့်
သီပေါစာရေးဆရာ အသင်းရုံး ၀၉-၄၀၃၇၈၈၉၇ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်းသိရှိရသည်။

စိုင်းကံသာ (လားရှိုး)
မြန်မာ့ခေတ်

RangonNewsDaily:: January . 7 .2014
မန္တလေး-လားရှိုးလမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုနှင့် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ခဲ့သည့် ပုဂ္ဂိုလ်များအားရည်စူး၍ အကျွတ်အလွတ်ပွဲအားရွေ့လျားစနစ်ဖြင့် ပြုလုပ်လျက်ရှိနေကြောင်းသိရှိရသည်။ အဆိုပါ ပွဲအားသီပေါမြို့၊ စာရေးဆရာအသင်းရုံးမှ ဦးဆောင်၍ ကျင်းပခြင်းဖြစ်ကာဇန်န၀ါရီလ (၁) ရက်နေ
့မှစတင်၍ အကျွတ်အလွတ်ပွဲအား မန္တလေး-ပြင်ဦးလွင်မိုင်တိုင်အမှတ် ၁၆-၁၇ကြား၊ ၁၉ မိုင်-၂၁ မိုင်-၂၄မိုင်
နှင့် (၆) ထပ်ကွေ့ အတက်တို့တွင် စတင်ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

” မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းတော့ ပြီးသလောက်ရှိပါပြီ၊ တစ်ရက်ကို (၂) နေရာလောက်ပဲလုပ်နိုင်တာပါ၊
ကျန်တဲ့လမ်းပိုင်းတွေကိုလည်းဆက်ပြီးလုပ်သွားမှာပါ၊ ဒီလိုမျိုး အကျွတ်အလွတ်ပွဲလုပ်တဲ့ အချိန်မှာ မကျွတ်
လွတ်သေးတဲ့ သူတွေရဲ့ အသိအမှတ်ပြုတဲ့ အနေနဲ့ ကားသွားနေတဲ့အချိန် လှုပ်ခါတာမျိုးတွေတော့ ရှိပါတယ်၊ ဆိုးဆိုးဝါးဝါး ဖြစ်တာမျိုးတွေတော့ မရှိခဲ့ပါဘူး”ဟု ပွဲဦးဆောင်ကျင်းပသည့် သီပေါစာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးကိုလတ်မှ ပြောသည်။ 
 
မူလအစီအစဉ်အရအဆိုပါ အကျွတ်အလွတ်ပွဲအား ဒီဇင်ဘာလနောက်ဆုံး အပတ်တွင် ကျင်းပရန် ရည်ရွယ် ထားသော်လည်း နှစ်သစ်ရက်တွင် ပြုလုပ်လို၍ ဇန်န၀ါရီလ (၁) ရက်နေ့တွင် စတင်ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ အဆိုပါအကျွတ်အလွတ်ပွဲအား ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-သီပေါ-လားရှိုးလမ်းပိုင်းပေါ်ရှိ ယာဉ်မကြာခဏ တိမ်းမှောက်တတ်သည့် နေရာများတွင်ဆက်လက်ပြုလုပ်သွားမည်ဖြစ်ရာအမျှဝေလိုသူများ
အနေဖြင့်သီပေါစာရေးဆရာ အသင်းရုံး ၀၉-၄၀၃၇၈၈၉၇ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်းသိရှိ
ရသည်။

မြန်မာ့ခေတ် , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment