Pages

Monday, January 27, 2014

ပြည်ပသို့ သွားရောက်လုပ်ကိုင်လိုသူ တစ်ပတ်လျှင် လုပ်သားဦးရေ ၂၀၀၀ ခန့်ရှိနေ

RangonNewsDaily:: January . 27 .2014
ပြည်ပသို့ မြန်မာလုပ်သားများ စေလွှတ်ခွင့်ပြုရန် အစိုးရအဖွဲ့ထံ တစ်ပတ်လျှင် လုပ်သားဦးရေ ၂,၀၀၀ ခန့်အတွက် တင်ပြပေးနေရကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ပြည် ထောင်စုဝန်ကြီးဦးအေးမြင့်က ပြောသည်။::
“အလုပ်သမားတွေကိုစေလွှတ်ဖို့ တစ်ပတ်၊ တစ်ပတ်ကို ကျွန်တော်တို့ ကက်ဘိနက် ၀န်ကြီးအစည်းအ ဝေးကို ခွင့်ပြုမိန့်တောင်းရတဲ့ အရေအတွက်က ၂,၀၀၀ ပတ်ဝန်းကျင်လောက် အမြဲတမ်းရှိနေတယ်။

နိုင် ငံ လေး၊ ငါးနိုင်ငံပေါ့။ အဓိက,ကတော့ အခုလောလောဆယ်မှာ တက်လာသမျှကြည့်တဲ့အခါမှာ မလေး ရှားချည်းပဲ များတယ်”ဟု ပြောသည်။

ဇန်န၀ါရီ ၂၆ ရက်က လှိုင်သာယာမြို့နယ်၊ သုခစုစံသင်တန်းကျောင်းတွင် ပြုလုပ်သော ပြည်ပအလုပ် အကိုင်ပြပွဲဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
::
အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ပြည်ပ ၁၅ နိုင်ငံသို့ တရားဝင်အေဂျင်စီ ၁၈၂ ခုမှ ကျား၊မ မရွေး စေလွှတ်ခွင့်ပြုနေပြီး မြန်မာသံရုံးရှိသော နိုင်ငံများသို့ အဓိကထား စေလွှတ်ခွင့်ပြုနေ ကြောင်း၊ မြန်မာအလုပ်သမား သံအရာရှိများကိုလည်း စင်ကာပူနှင့် ကူဝိတ်နိုင်ငံများတွင် ထပ်မံစေလွှတ် ခန့်ထားသွား န်ရှိကြောင်းနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများကိုပါ မြန်မာလုပ်သားများစေလွှတ်နိုင်ရေးကို စီ စဉ်ဆောင်ရွက်လျက်ရှိကြောင်း ၀န်ကြီးက ဆက်လက် ပြောကြားသည်။
::
၂၃ နှစ်အတွင်း ပြည်ပနိုင်ငံများသို့ မြန်မာလုပ်သား ၂၁ ဒသမ ၈ သန်းခန့် တရားဝင် စေလွှတ်ထားရှိ ကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်နွေဦးက ဒီဇင်ဘာ ၂၉ ရက်က ပြုလုပ်သည့် ရွှေ့ပြောင်းရေးရာနှင့် ပြည်ပအလုပ် အကိုင်အေဂျင်စီများ၏ အခန်းကဏ္ဍဆွေးနွေးပွဲတွင် ပြောကြားထားသည်။
::
အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ၂၀၁၃ ခုနှစ် နိုဝင်ဘာအထိ စာရင်းဇယား များအရ မြန်မာလုပ်သားများကို စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယား၊ လစ်ဗျား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဂျပန်၊ ဆွစ်ဇာလန်၊ ဘရူနိုင်း၊ ယူအေအီး၊ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ ကာတာနှင့် ကူဝိတ် စသည့် နိုင် ငံများသို့ အသီးသီး ပို့ဆောင်ခွင့်ပြုခဲ့သည်ဟု စာရင်းများတွင် ဖော်ပြထားသည်။

Mizzima - News ::-- , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment