Pages

Monday, January 27, 2014

သမ္မတ၏ကမ်းလှမ်းချက်ကိုအတိုက်အခံတို့ ပယ်ချပြီးနောက် ယူကရိန်းပဋိပက္ခ အရှိန်မြင့်တက်

Photo: သမ္မတ၏ကမ်းလှမ်းချက်ကိုအတိုက်အခံတို့ ပယ်ချပြီးနောက် ယူကရိန်းပဋိပက္ခ အရှိန်မြင့်တက်
Monday, January 27, 2014 

ယူကရိန်းနိုင်ငံတွင် သမ္မတဗစ်တာ ယန်နူကိုဗစ်ခ်ျဘက်က ဝန်ကြီးချုပ်တာဝန် ရယူရန် ကမ်းလှမ်းချက်ကို အတိုက်အခံ ခေါင်းဆောင် အာဆန်နီယက်ဆန်ယွတ်က ပယ်ချလိုက်ကာ ဆန္ဒပြမှုများ ဆက်လက် ပြုလုပ်သွားမည်ဟု ထုတ်ဖော် ပြောဆိုလိုက်ပြီးနောက် ကိယက်မြို့တော်တွင် အတိုက်အခံ အင်အားစုများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခ ဖြစ်ပေါ်ခဲ့ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။ 

ကိယက်မြို့တော်တွင် အတိုက်အခံ ဆန္ဒပြသူများက အစိုးရ အဆောက်အအုံတစ်ခုမှ ပြတင်းပေါက်များနှင့် တံခါးများကို ဖျက်ဆီးရိုက်ချိုးပြီး မီးပုံရှို့ကာ ရဲတပ်ဖွဲ့ဝင်များကို မီးခိုးမှိုင်းတိုက်ရန် ကြိုးပမ်းခဲ့ကြသည်ဟု မျက်မြင်သက်သေ ဂျာနယ်လစ်များက ပြောကြားသည်။ 

လက်ရှိ အနေအထားတွင် ဆန္ဒပြသူများက ယူကရိန်း လွှတ်တော်ကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ရန် ကြိုးပမ်းလျက် ရှိကြောင်း၊ အကြောင်းမှာ ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို တိုက်ခိုက် ဖြိုခွင်းမှုများ စတင်လုပ်ကိုင် နေခြင်းကြောင့် ဖြစ်ကြောင်း အတိုက်အခံတို့က ပြောကြားသည်။ 

ထိုသို့ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ပဋိပက္ခ အရှိန်မြင့်တက်လာမှုသည် သမ္မတနှင့် အတိုက်အခံ ခေါင်းဆောင်တို့အကြား စနေနေ့က အချင်းများခဲ့ကြပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ 

သမ္မတ ဗစ်တာယူနူကိုဗစ်ခ်ျက အတိုက်အခံ ခေါင်းဆောင် အာဆန်နီယက် ဆန်ယွတ်ကို ဝန်ကြီးချုပ်ရာထူး ရယူရန် ကမ်းလှမ်းခဲ့ပြီး အခြားသောအတိုက်အခံ ခေါင်းဆောင်တစ်ဦးကို အစိုးရရာထူး တစ်နေရာ ရယူရန် ပြောဆိုခဲ့သည်ဟု သမ္မတရုံး ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 

သို့သော် အာဆန်နီယက်ဆန်ယွတ်က ဆန္ဒပြ ပြည်သူများရှေ့ မှောက်တွင် အဆိုပါ ကမ်းလှမ်းချက်ကို ပယ်ချကြောင်း ပြောဆိုခဲ့သည်။ 

ထို့နောက် အခြားသော နိုင်ငံရေးပါတီ ခေါင်းဆောင်များက အာဆန်နီယက်ဆန်ယွတ်နှင့် ပူးပေါင်းခဲ့ကြသည်။ 

အတိုက်အခံတို့ အနေနှင့် သမ္မတ၏ ကမ်းလှမ်းချက်ကို ယေဘုယျအားဖြင့် လက်သင့်ခံရန် အသင့်ရှိခဲ့သော်လည်း မိမိတို့ တောင်းဆိုထားသည့် အရေးကြီး အချက်များကို လိုက်လျောခြင်း မရှိသောကြောင့် ပယ်ချခဲ့ခြင်း ဖြစ်သည်ဟု အတိုက်အခံ ခေါင်းဆောင်က ပြောကြားသည်။ 
“အစိုးရဟာ တိုင်းပြည်အတွက် တာဝန်ယူ လုပ်ကိုင်ဖို့ အဆင်သင့် မဖြစ်သေးပါဘူးလို့ ကြေညာပြီး အစိုးရကို ဦးဆောင်ဖို့ အတိုက်အခံတွေကို တာဝန်ယူဖို့ ကမ်းလှမ်းခဲ့တာ။ ကျုပ်တို့ရဲ့ တုံ့ပြန်ချက်ကတော့ ယူကရိန်းရဲ့ပန်းတိုင်တွေအတွက် တာဝန်ယူရမှာ မကြောက်ဘူး ဆိုတာပါပဲ။ ယန်နူကိုဗစ်ခ်ျနဲ့ သဘောတူညီမှု မရရှိခဲ့ဘူး၊ ကျုပ်တို့စပြီး လုပ်ဆောင်ခဲ့တာကို အဆုံးသတ်နိုင်ဖို့ လုပ်နေပါတယ်။ ကျုပ်တို့ရဲ့ ခေါင်းဆောင်ကို ပြည်သူတွေက ဆုံးဖြတ် ရွေးချယ်လိမ့်မယ်။ ခင်ဗျားဆုံးဖြတ်ရမှာ မဟုတ်ဘူး” ဟု အတိုက်အခံ ခေါင်းဆောင်က ပြောကြားသည်။ 

အတိုက်အခံ အင်အားစုများ၏ တောင်းဆိုချက်များတွင် အဓိကကျသည့် အချက်များမှာ အီးယူအဖွဲ့နှင့် ယူကရိန်း သဘောတူညီချက် လက်မှတ် ရေးထိုးရေး (အီးယူသို့ ယူကရိန်း ဝင်ရောက်ရန်) နှင့် ယခင်ဝန်ကြီးချုပ် ယူလီယာတိုင်မိုရှန်ကို အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ခွင့် ရရှိရေးတို့ ပါဝင်သလို ရွေးကောက်ပွဲကို စောလျင်စွာ ကျင်းပပေးရန်လည်း ပါဝင်သည်။ 

ယူကရိန်းတွင် ဖြစ်ပေါ်လျက်ရှိသော ဆန္ဒပြမှုများနှင့် ပဋိပက္ခ ဖြစ်မှုများအတွင်း လူပေါင်း ရာနှင့်ချီ၍ ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်။

The Voice Weekly

RangonNewsDaily:: January . 27 .2014
ယူကရိန်းနိုင်ငံတွင် သမ္မတဗစ်တာ ယန်နူကိုဗစ်ခ်ျဘက်က ဝန်ကြီးချုပ်တာဝန် ရယူရန် ကမ်းလှမ်းချက်ကို အတိုက်အခံ ခေါင်းဆောင် အာဆန်နီယက်ဆန်ယွတ်က ပယ်ချလိုက်ကာ ဆန္ဒပြမှုများ ဆက်လက် ပြုလုပ်သွားမည်ဟု ထုတ်ဖော် ပြောဆိုလိုက်ပြီးနောက် ကိယက်မြို့တော်တွင် အတိုက်အခံ အင်အားစုများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခ ဖြစ်ပေါ်ခဲ့ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။ ကိယက်မြို့တော်တွင် အတိုက်အခံ ဆန္ဒပြသူများက အစိုးရ အဆောက်အအုံတစ်ခုမှ ပြတင်းပေါက်များနှင့် တံခါးများကို ဖျက်ဆီးရိုက်ချိုးပြီး မီးပုံရှို့ကာ ရဲတပ်ဖွဲ့ဝင်များကို မီးခိုးမှိုင်းတိုက်ရန် ကြိုးပမ်းခဲ့ကြသည်ဟု မျက်မြင်သက်သေ ဂျာနယ်လစ်များက ပြောကြားသည်။

လက်ရှိ အနေအထားတွင် ဆန္ဒပြသူများက ယူကရိန်း လွှတ်တော်ကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ရန် ကြိုးပမ်းလျက် ရှိကြောင်း၊ အကြောင်းမှာ ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို တိုက်ခိုက် ဖြိုခွင်းမှုများ စတင်လုပ်ကိုင် နေခြင်းကြောင့် ဖြစ်ကြောင်း အတိုက်အခံတို့က ပြောကြားသည်။

ထိုသို့ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ပဋိပက္ခ အရှိန်မြင့်တက်လာမှုသည် သမ္မတနှင့် အတိုက်အခံ ခေါင်းဆောင်တို့အကြား စနေနေ့က အချင်းများခဲ့ကြပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

သမ္မတ ဗစ်တာယူနူကိုဗစ်ခ်ျက အတိုက်အခံ ခေါင်းဆောင် အာဆန်နီယက် ဆန်ယွတ်ကို ဝန်ကြီးချုပ်ရာထူး ရယူရန် ကမ်းလှမ်းခဲ့ပြီး အခြားသောအတိုက်အခံ ခေါင်းဆောင်တစ်ဦးကို အစိုးရရာထူး တစ်နေရာ ရယူရန် ပြောဆိုခဲ့သည်ဟု သမ္မတရုံး ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

သို့သော် အာဆန်နီယက်ဆန်ယွတ်က ဆန္ဒပြ ပြည်သူများရှေ့ မှောက်တွင် အဆိုပါ ကမ်းလှမ်းချက်ကို ပယ်ချကြောင်း ပြောဆိုခဲ့သည်။

ထို့နောက် အခြားသော နိုင်ငံရေးပါတီ ခေါင်းဆောင်များက အာဆန်နီယက်ဆန်ယွတ်နှင့် ပူးပေါင်းခဲ့ကြသည်။

အတိုက်အခံတို့ အနေနှင့် သမ္မတ၏ ကမ်းလှမ်းချက်ကို ယေဘုယျအားဖြင့် လက်သင့်ခံရန် အသင့်ရှိခဲ့သော်လည်း မိမိတို့ တောင်းဆိုထားသည့် အရေးကြီး အချက်များကို လိုက်လျောခြင်း မရှိသောကြောင့် ပယ်ချခဲ့ခြင်း ဖြစ်သည်ဟု အတိုက်အခံ ခေါင်းဆောင်က ပြောကြားသည်။
“အစိုးရဟာ တိုင်းပြည်အတွက် တာဝန်ယူ လုပ်ကိုင်ဖို့ အဆင်သင့် မဖြစ်သေးပါဘူးလို့ ကြေညာပြီး အစိုးရကို ဦးဆောင်ဖို့ အတိုက်အခံတွေကို တာဝန်ယူဖို့ ကမ်းလှမ်းခဲ့တာ။ ကျုပ်တို့ရဲ့ တုံ့ပြန်ချက်ကတော့ ယူကရိန်းရဲ့ပန်းတိုင်တွေအတွက် တာဝန်ယူရမှာ မကြောက်ဘူး ဆိုတာပါပဲ။ ယန်နူကိုဗစ်ခ်ျနဲ့ သဘောတူညီမှု မရရှိခဲ့ဘူး၊ ကျုပ်တို့စပြီး လုပ်ဆောင်ခဲ့တာကို အဆုံးသတ်နိုင်ဖို့ လုပ်နေပါတယ်။ ကျုပ်တို့ရဲ့ ခေါင်းဆောင်ကို ပြည်သူတွေက ဆုံးဖြတ် ရွေးချယ်လိမ့်မယ်။ ခင်ဗျားဆုံးဖြတ်ရမှာ မဟုတ်ဘူး” ဟု အတိုက်အခံ ခေါင်းဆောင်က ပြောကြားသည်။

အတိုက်အခံ အင်အားစုများ၏ တောင်းဆိုချက်များတွင် အဓိကကျသည့် အချက်များမှာ အီးယူအဖွဲ့နှင့် ယူကရိန်း သဘောတူညီချက် လက်မှတ် ရေးထိုးရေး (အီးယူသို့ ယူကရိန်း ဝင်ရောက်ရန်) နှင့် ယခင်ဝန်ကြီးချုပ် ယူလီယာတိုင်မိုရှန်ကို အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ခွင့် ရရှိရေးတို့ ပါဝင်သလို ရွေးကောက်ပွဲကို စောလျင်စွာ ကျင်းပပေးရန်လည်း ပါဝင်သည်။

ယူကရိန်းတွင် ဖြစ်ပေါ်လျက်ရှိသော ဆန္ဒပြမှုများနှင့် ပဋိပက္ခ ဖြစ်မှုများအတွင်း လူပေါင်း ရာနှင့်ချီ၍ ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment