Pages

Sunday, January 26, 2014

မီနီဘတ်စ်နှင့် အစားထိုး လဲလှယ်ရမည့် ဟိုင်းလတ် ခရီးသည်တင် ယာဉ်များ

Photo: မီနီဘတ်စ်နှင့် အစားထိုး လဲလှယ်ရမည့် ဟိုင်းလတ် ခရီးသည်တင် ယာဉ်များ
Sunday, January 26, 2014

ရန်ကုန်မြို့ စည်ပင် သာယာ နယ်နိမိတ် အတွင်းမှာ လက်ရှိ ပြေးဆွဲနေတဲ့ ဟိုင်းလတ် ခရီးသည်တင်ယာဉ် ပြေးဆွဲခွင့်ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့

နောက်ဆုံး ထားပြီး ပိတ်သိမ်း သွားဖို့  ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က ထုတ်ပြန် ထားတယ်လို့သိရပါတယ်။ ခရီးသည် ဟိုင်းလတ် ယာဉ်တွေကို ပြေးဆွဲခွင့် ပိတ်သိမ်း လိုက်တာ မဟုတ်ဘဲ ယာဉ်အစားထိုး လဲလှယ် ပြေးဆွဲခွင့်ပြု ထားတယ်လို့ သိရပါတယ်။ ဒီဟိုင်းလတ် ယာဉ်တွေကို မီနီဘတ်စ်ကား တွေနဲ့ အစားထိုး လဲလှယ်ခွင့် ပြုထားပြီး နဂိုပြေးဆွဲ နေတဲ့ ခရီးစဉ် အတိုင်း ဆက်လက် ပြေးဆွဲ ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး မထသဗဟို ကသိရပါတယ်။

ဟိုင်းလတ် ယာဉ်တွေကို အစားထိုး လဲလှယ်ခြင်း မရှိပါက ကြေညာချက် ထုတ်ထားတဲ့ အတိုင်း ရန်ကုန် စည်ပင်သာယာ နယ်နိမိတ် ပြင်ပမှာ ပြေးဆွဲရမှာ ဖြစ်တဲ့ အတွက်  ဒီယာဉ်လိုင်း အပေါ် မှီခိုနေရတဲ့ ခရီးသည်နဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေ အတွက် အခက်အခဲ ဖြစ်လာ နိုင်တယ်လို့ သိရပါတယ်။ အနှစ် နှစ်ဆယ်ကျော် ခရီးသည်တင် ယာဉ်အဖြစ် ပြေးဆွဲ လာခဲ့တဲ့ ဟိုင်းလတ်ယာဉ် တွေဟာ လူစီးယာဉ် အဖြစ် ထုတ်လုပ် ထားခြင်း မဟုတ်တာကြောင့် ကြံခိုင်မှု နည်းပါးပြီး ခရီးသည်တွေ အတွက် အသက်အန္တရာယ် ထိခိုက်ဖို့ အခြေအနေ ပိုများတယ်လို့ သိရပါတယ်။

လက်ရှိ အချိန်မှာ ရန်ကုန်စည်ပင် သာယာ နယ်နိမိတ် အတွင်းမှာ ခရီးသည်တင် ဟိုင်းလတ် ယာဉ်လိုင်း ၄၆ လိုင်းက ဟိုင်းလတ်ယာဉ် ၈၀၄ စီး ပြေးဆွဲနေပြီး လက်ရှိ အချိန်မှာ ဟိုင်းလတ်နဲ့ ဒိုင်နာယာဉ်တွေ ကနေ မီနီဘတ်စ်အဖြစ် ပြောင်းလဲပြီး ပြေးဆွဲနေတဲ့ ခရီးသည် တင်ယာဉ် ၈၇ စီး အထိသာ ရှိသေးတယ်လို့ သိရပါတယ်။

Mrtv-4

RangonNewsDaily:: January . 26 .2014
ရန်ကုန်မြို့ စည်ပင် သာယာ နယ်နိမိတ် အတွင်းမှာ လက်ရှိ ပြေးဆွဲနေတဲ့ ဟိုင်းလတ် ခရီးသည်တင်ယာဉ် ပြေးဆွဲခွင့်ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့
နောက်ဆုံး ထားပြီး ပိတ်သိမ်း သွားဖို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က ထုတ်ပြန် ထားတယ်လို့သိရပါတယ်။ ခရီးသည် ဟိုင်းလတ် ယာဉ်တွေကို ပြေးဆွဲခွင့် ပိတ်သိမ်း လိုက်တာ မဟုတ်ဘဲ ယာဉ်အစားထိုး လဲလှယ် ပြေးဆွဲခွင့်ပြု ထားတယ်လို့ သိရပါတယ်။ ဒီဟိုင်းလတ် ယာဉ်တွေကို မီနီဘတ်စ်ကား တွေနဲ့ အစားထိုး လဲလှယ်ခွင့် ပြုထားပြီး နဂိုပြေးဆွဲ နေတဲ့ ခရီးစဉ် အတိုင်း ဆက်လက် ပြေးဆွဲ ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး မထသဗဟို ကသိရပါတယ်။

ဟိုင်းလတ် ယာဉ်တွေကို အစားထိုး လဲလှယ်ခြင်း မရှိပါက ကြေညာချက် ထုတ်ထားတဲ့ အတိုင်း ရန်ကုန် စည်ပင်သာယာ နယ်နိမိတ် ပြင်ပမှာ ပြေးဆွဲရမှာ ဖြစ်တဲ့ အတွက် ဒီယာဉ်လိုင်း အပေါ် မှီခိုနေရတဲ့ ခရီးသည်နဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေ အတွက် အခက်အခဲ ဖြစ်လာ နိုင်တယ်လို့ သိရပါတယ်။ 
 
အနှစ် နှစ်ဆယ်ကျော် ခရီးသည်တင် ယာဉ်အဖြစ် ပြေးဆွဲ လာခဲ့တဲ့ ဟိုင်းလတ်ယာဉ် တွေဟာ လူစီးယာဉ် အဖြစ် ထုတ်လုပ် ထားခြင်း မဟုတ်တာကြောင့် ကြံခိုင်မှု နည်းပါးပြီး ခရီးသည်တွေ အတွက် အသက်အန္တရာယ် ထိခိုက်ဖို့ အခြေအနေ ပိုများတယ်လို့ သိရပါတယ်။

လက်ရှိ အချိန်မှာ ရန်ကုန်စည်ပင် သာယာ နယ်နိမိတ် အတွင်းမှာ ခရီးသည်တင် ဟိုင်းလတ် ယာဉ်လိုင်း ၄၆ လိုင်းက ဟိုင်းလတ်ယာဉ် ၈၀၄ စီး ပြေးဆွဲနေပြီး လက်ရှိ အချိန်မှာ ဟိုင်းလတ်နဲ့ ဒိုင်နာယာဉ်တွေ ကနေ မီနီဘတ်စ်အဖြစ် ပြောင်းလဲပြီး ပြေးဆွဲနေတဲ့ ခရီးသည် တင်ယာဉ် ၈၇ စီး အထိသာ ရှိသေးတယ်လို့ သိရပါတယ်။

Mrtv-4 , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment