Pages

Sunday, January 26, 2014

တရုတ်နိုင်ငံ ရှင်းကျန်း ဒေသတွင် ပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွား ၁၂ ဦးသေဆုံး

Photo: တရုတ်နိုင်ငံ ရှင်းကျန်း ဒေသတွင် ပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွား ၁၂ ဦးသေဆုံး
Sunday, January 26, 2014

တရုတ် နိုင်ငံရှိ မွတ်စလင် မျိုးနွယ်စု အများစု နေထိုင်ရာ ရှင်းကျန်း ဒေသတွင် ဇန်နဝါရီ ၂၄ ရက်က ပေါက်ကွဲမှု သုံးကြိမ် ဖြစ်ပွားပြီး ရဲတပ်ဖွဲ့နှင့် ဒေသခံများ အကြား အဓိကရုဏ်းများ ဖြစ်ပွားခဲ့ရာ ၁၂ ဦး သေဆုံးခဲ့ပြီး ငါးဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း အာဏာပိုင် များ၏ ထုတ်ဖော် ပြောကြားချက် အရ သိရသည်။

အဆိုပါ ပေါက်ကွဲမှုများ အနက် နှစ်ကြိမ်မှာ ဈေးတစ်ဈေးနှင့် ဆံပင်ညှပ်ဆိုင် တစ်ဆိုင်တို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယင်းပေါက်ကွဲ မှုများအတွင်း တစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အလားတူ အခြား အသေခံ ဗုံးဖောက်ခွဲမှု တစ်ခုတွင် မော်တော်ယာဉ် တစ်စီး အတွင်းမှ နှစ်ဦး သေဆုံးခဲ့ ကြောင်းနှင့် ဖောက်ခွဲရေး သမားများသည် ၎င်းတို့ ယာဉ်အနီးသို့ ရဲတပ်ဖွဲ့ ဝင်များ ချဉ်းကပ် လာခဲ့ခြင်းကြောင့် ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း နေ့စဉ်ထုတ် သတင်းစာ တစ်စောင်တွင် ဖော်ပြခဲ့သည်။

ယင်းနောက်တွင် ဒေသခံ မွတ်စလင် မျိုးနွယ်စု များနှင့် ရဲတပ်ဖွဲ့တို့ အကြား အဓိကရုဏ်းများ ဆက်လက် ဖြစ်ပွားခဲ့ရာ ခြောက်ဦးကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး ခဲ့ရကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုနှင့် အဓိကရုဏ်း များတွင် ဆက်စပ်နေသူ ငါးဦးကို ဖမ်းဆီးထိန်းသိမ်း ထားကြောင်း၊ ပေါက်ကွဲမှုများ ဖြစ်ပွား ခဲ့ရခြင်းနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

မြ၀တီ

RangonNewsDaily:: January . 26 .2014
တရုတ် နိုင်ငံရှိ မွတ်စလင် မျိုးနွယ်စု အများစု နေထိုင်ရာ ရှင်းကျန်း ဒေသတွင် ဇန်နဝါရီ ၂၄ ရက်က ပေါက်ကွဲမှု သုံးကြိမ် ဖြစ်ပွားပြီး ရဲတပ်ဖွဲ့နှင့် ဒေသခံများ အကြား အဓိကရုဏ်းများ ဖြစ်ပွားခဲ့ရာ ၁၂ ဦး သေဆုံးခဲ့ပြီး ငါးဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း အာဏာပိုင် များ၏ ထုတ်ဖော် ပြောကြားချက် အရ သိရသည်။ အဆိုပါ ပေါက်ကွဲမှုများ အနက် နှစ်ကြိမ်မှာ ဈေးတစ်ဈေးနှင့် ဆံပင်ညှပ်ဆိုင် တစ်ဆိုင်တို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယင်းပေါက်ကွဲ မှုများအတွင်း တစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အလားတူ အခြား အသေခံ ဗုံးဖောက်ခွဲမှု တစ်ခုတွင် မော်တော်ယာဉ် တစ်စီး အတွင်းမှ နှစ်ဦး သေဆုံးခဲ့ ကြောင်းနှင့် ဖောက်ခွဲရေး သမားများသည် ၎င်းတို့ ယာဉ်အနီးသို့ ရဲတပ်ဖွဲ့ ဝင်များ ချဉ်းကပ် လာခဲ့ခြင်းကြောင့် ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း နေ့စဉ်ထုတ် သတင်းစာ တစ်စောင်တွင် ဖော်ပြခဲ့သည်။

ယင်းနောက်တွင် ဒေသခံ မွတ်စလင် မျိုးနွယ်စု များနှင့် ရဲတပ်ဖွဲ့တို့ အကြား အဓိကရုဏ်းများ ဆက်လက် ဖြစ်ပွားခဲ့ရာ ခြောက်ဦးကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး ခဲ့ရကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုနှင့် အဓိကရုဏ်း များတွင် ဆက်စပ်နေသူ ငါးဦးကို ဖမ်းဆီးထိန်းသိမ်း ထားကြောင်း၊ ပေါက်ကွဲမှုများ ဖြစ်ပွား ခဲ့ရခြင်းနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

မြ၀တီ , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment