Pages

Friday, January 24, 2014

အိန္ဒိယတွင် တရားမဝင် ကျေးရွာခုံရုံး အမိန့်ကြောင့် အမျိုးသမီးတစ်ဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရ

Photo: အိန္ဒိယတွင် တရားမဝင် ကျေးရွာခုံရုံး အမိန့်ကြောင့် အမျိုးသမီးတစ်ဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရ
Friday, January 24, 2014

အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုများ ဖြစ်ပွားလေ့ရှိသော အိန္ဒိယနိုင်ငံတွင် မျိုးနွယ်စု မတူသည့် အမျိုးသားတစ်ဦးနှင့် ချစ်ကြိုက်မိသည့် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးသည် လူမျိုးစု အကြီးအကဲများဖြင့် ဖွဲ့စည်းထားသော တရားမဝင် ကျေးရွာခုံရုံး၏ အမိန့် ဖြင့် အုပ်စုဖွဲ့ မုဒိမ်းကျင့် ခံခဲ့ရသည်ဟု BBC သတင်းဌာနတွင် ဖော်ပြထားသည်။

တနင်္လာနေ့က ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုတွင် ဓားစာခံဖြစ်ခဲ့ရသော အမျိုးသမီးသည် ၎င်းနေထိုင်ရာရွာ အနီးရှိ အခြားကျေးရွာတစ်ရွာမှ မျိုးနွယ်စု မတူသည့် အမျိုးသားတစ်ဦးနှင့် ချစ်ကြိုက် မိသဖြင့် ကျေးရွာခုံရုံး၏ ပြစ်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

စစ်ဆေးအပြီးတွင် ကျေးရွာ အကြီးအကဲဖြစ်သူက ၎င်းတို့ ချစ်သူ စုံတွဲကို ဓလေ့ထုံးတမ်း ချိုးဖောက်ပြီး ချစ်ကျွမ်းဝင်မှုဖြင့် ဒဏ်ငွေ ရူပီး ၂၅,၀၀၀ ချမှတ်ခဲ့ကြောင်း၊ ထိုဒဏ်ငွေကို အမျိုးသားဖြစ်သူက ပေးနိုင် သော်လည်း အမျိုးသမီး၏ မိသားစုဘက်က ပေးနိုင်ခဲ့ခြင်း မရှိကြောင်း ရဲအရာရှိတစ်ဦး က ပြောကြားသည်။

“သူ့ရဲ့ မိသားစုက ချမှတ်တဲ့ ဒဏ်ငွေကို မပေးနိုင်ဘူး။ ဒီတော့ အဲဒီမိန်းမနဲ့ သွားပျော်ပါးကြပေတော့” ဟု ကျေးရွာ အကြီးအကဲဖြစ်သူက ရွာသားများကို အမိန့်ပေးခဲ့ကြောင်း အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံခဲ့ရသည့် အမျိုးသမီး၏ မိသားစုက ရဲတပ်ဖွဲ့ထံ တိုင်ကြားချက်အရ သိရသည်။

ထို့ပြင် အမျိုးသမီးနှင့် ပျော်ပါးရန် ရွာသားများကို အမိန့်ပေးခဲ့သော ကျေးရွာ အကြီးအကဲသည် အဆိုပါ အမျိုးသမီးနှင့် ဆွေမျိုးတော်စပ်သူတစ်ဦး ဖြစ်သည်ဟု လည်း ရဲတပ်ဖွဲ့အကြီးအကဲ မစ္စတာဆက်ဒ် ဟာကာက ပြောကြားသည်။

အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုမှာ တနင်္လာနေ့ ညကတည်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သော်လည်း အမျိုးသမီး၏ မိသားစုသည် ရဲစခန်းသို့ ဗုဒ္ဓဟူးနေ့ နေ့လယ်မှသာ လာရောက် တိုင်ကြားဝံ့ခဲ့ပြီး အမျိုးသမီးမှာလည်း ဗုဒ္ဓဟူးနေ့ညမှသာ ဆေးရုံ၌ စတင် ကုသမှု ခံယူခဲ့ရသည်။

လက်ရှိ အချိန်တွင် ရဲတပ်ဖွဲ့က ကျေးရွာ အကြီးအကဲ အပါအဝင် အဆိုပါ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုနှင့် ပတ်သက်သူ ၁၃ ဦးကို ဖမ်းဆီး စစ်ဆေးလျက်ရှိသည်။

အိန္ဒိယနိုင်ငံတွင် မုဒိမ်းမှု တိုက်ဖျက်ရေး ဥပဒေများ တင်းတင်းကျပ်ကျပ် ပြဋ္ဌာန်းထားပြီး လူ့အဖွဲ့အစည်းအတွင်း၌ အမျိုးသမီးများအား အကြမ်းဖက်ခြင်းနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ဝေဖန် ပြောကြားမှုများ ရှိလာပြီ ဖြစ်သော်လည်း အမျိုးသမီးများသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အန္တရာယ်နှင့် နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေရဆဲ ဖြစ်သကဲ့သို့ ကျူးလွန် ခံရသဖြင့် ရဲစခန်းတွင် သွားရောက် တိုင်ကြားလျှင်လည်း ၎င်းတို့၏ အမှုကို တက်တက် ကြွကြွ ကိုင်တွယ် ဖြေရှင်းပေးခြင်း မရှိသော ရဲအရာရှိများနှင့်လည်း ကြုံတွေ့နေရဆဲ ဖြစ်သည်။

The Voice Weekly

RangonNewsDaily:: January . 24 .2014
အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုများ ဖြစ်ပွားလေ့ရှိသော အိန္ဒိယနိုင်ငံတွင် မျိုးနွယ်စု မတူသည့် အမျိုးသားတစ်ဦးနှင့် ချစ်ကြိုက်မိသည့် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးသည် လူမျိုးစု အကြီးအကဲများဖြင့် ဖွဲ့စည်းထားသော တရားမဝင် ကျေးရွာခုံရုံး၏ အမိန့် ဖြင့် အုပ်စုဖွဲ့ မုဒိမ်းကျင့် ခံခဲ့ရသည်ဟု BBC သတင်းဌာနတွင် ဖော်ပြထားသည်။ တနင်္လာနေ့က ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုတွင် ဓားစာခံဖြစ်ခဲ့ရသော အမျိုးသမီးသည် ၎င်းနေထိုင်ရာရွာ အနီးရှိ အခြားကျေးရွာတစ်ရွာမှ မျိုးနွယ်စု မတူသည့် အမျိုးသားတစ်ဦးနှင့် ချစ်ကြိုက် မိသဖြင့် ကျေးရွာခုံရုံး၏ ပြစ်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

စစ်ဆေးအပြီးတွင် ကျေးရွာ အကြီးအကဲဖြစ်သူက ၎င်းတို့ ချစ်သူ စုံတွဲကို ဓလေ့ထုံးတမ်း ချိုးဖောက်ပြီး ချစ်ကျွမ်းဝင်မှုဖြင့် ဒဏ်ငွေ ရူပီး ၂၅,၀၀၀ ချမှတ်ခဲ့ကြောင်း၊ ထိုဒဏ်ငွေကို အမျိုးသားဖြစ်သူက ပေးနိုင် သော်လည်း အမျိုးသမီး၏ မိသားစုဘက်က ပေးနိုင်ခဲ့ခြင်း မရှိကြောင်း ရဲအရာရှိတစ်ဦး က ပြောကြားသည်။

“သူ့ရဲ့ မိသားစုက ချမှတ်တဲ့ ဒဏ်ငွေကို မပေးနိုင်ဘူး။ ဒီတော့ အဲဒီမိန်းမနဲ့ သွားပျော်ပါးကြပေတော့” ဟု ကျေးရွာ အကြီးအကဲဖြစ်သူက ရွာသားများကို အမိန့်ပေးခဲ့ကြောင်း အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံခဲ့ရသည့် အမျိုးသမီး၏ မိသားစုက ရဲတပ်ဖွဲ့ထံ တိုင်ကြားချက်အရ သိရသည်။

ထို့ပြင် အမျိုးသမီးနှင့် ပျော်ပါးရန် ရွာသားများကို အမိန့်ပေးခဲ့သော ကျေးရွာ အကြီးအကဲသည် အဆိုပါ အမျိုးသမီးနှင့် ဆွေမျိုးတော်စပ်သူတစ်ဦး ဖြစ်သည်ဟု လည်း ရဲတပ်ဖွဲ့အကြီးအကဲ မစ္စတာဆက်ဒ် ဟာကာက ပြောကြားသည်။

အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုမှာ တနင်္လာနေ့ ညကတည်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သော်လည်း အမျိုးသမီး၏ မိသားစုသည် ရဲစခန်းသို့ ဗုဒ္ဓဟူးနေ့ နေ့လယ်မှသာ လာရောက် တိုင်ကြားဝံ့ခဲ့ပြီး အမျိုးသမီးမှာလည်း ဗုဒ္ဓဟူးနေ့ညမှသာ ဆေးရုံ၌ စတင် ကုသမှု ခံယူခဲ့ရသည်။

လက်ရှိ အချိန်တွင် ရဲတပ်ဖွဲ့က ကျေးရွာ အကြီးအကဲ အပါအဝင် အဆိုပါ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုနှင့် ပတ်သက်သူ ၁၃ ဦးကို ဖမ်းဆီး စစ်ဆေးလျက်ရှိသည်။

အိန္ဒိယနိုင်ငံတွင် မုဒိမ်းမှု တိုက်ဖျက်ရေး ဥပဒေများ တင်းတင်းကျပ်ကျပ် ပြဋ္ဌာန်းထားပြီး လူ့အဖွဲ့အစည်းအတွင်း၌ အမျိုးသမီးများအား အကြမ်းဖက်ခြင်းနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ဝေဖန် ပြောကြားမှုများ ရှိလာပြီ ဖြစ်သော်လည်း အမျိုးသမီးများသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အန္တရာယ်နှင့် နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေရဆဲ ဖြစ်သကဲ့သို့ ကျူးလွန် ခံရသဖြင့် ရဲစခန်းတွင် သွားရောက် တိုင်ကြားလျှင်လည်း ၎င်းတို့၏ အမှုကို တက်တက် ကြွကြွ ကိုင်တွယ် ဖြေရှင်းပေးခြင်း မရှိသော ရဲအရာရှိများနှင့်လည်း ကြုံတွေ့နေရဆဲ ဖြစ်သည်။

The Voice  ,  kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment