Pages

Friday, January 24, 2014

မြိတ်တွင် စိတ်ဝေဒနာရှင်၏ ပုဆိန်ဒဏ်ကြောင့် သူငယ်တန်းကျောင်းသားနှင့် အမျိုးသမီးတစ်ဦး သေဆုံး

Photo: မြိတ်တွင် စိတ်ဝေဒနာရှင်၏ ပုဆိန်ဒဏ်ကြောင့် သူငယ်တန်းကျောင်းသားနှင့် အမျိုးသမီးတစ်ဦး သေဆုံး 
Friday, January 24, 2014

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်က အသက် ၄၀ အရွယ် စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးက ပုဆိန်ဖြင့် ခုတ်သဖြင့် သူငယ်တန်း ကျောင်းသားနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အခြားမူလတန်း ကျောင်းသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြိတ် အထွေထွေရောဂါကု ဆေးရုံထံမှ သိရသည်။

မြိတ်တောင်နယ်မြေ၊ စက်ဝင်းရပ်ကွက် ဒိုင်လမ်းတွင် ယင်းနေ့ ၃ နာရီခွဲ ကျောင်းဆင်းချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဘုရားကိုင်ရပ်၊ အ.မ.က (မူလွန်) ကျောင်းမှ ဒိုင်လမ်း ကုန်းဆင်းအတိုင်း ဖြတ်ဆင်း လာသည့် ကျောင်းသူ ကျောင်းသားများကို အထက်ပါ စိတ်ဝေဒနာရှင် အသက် ၄၀ အရွယ် အမျိုးသားက လက်ထဲတွင် ကိုင်ထားသည့် ပုဆိန်တစ်လက်၊ ဓားတစ်လက်ဖြင့် လိုက်ခုတ်ခြင်း ဖြစ်ကြောင်း အခင်းဖြစ်ပွားသည်ကို မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် အ.မ.က (မူလွန်) ဘုရားကိုင်ကျောင်းတွင် ပညာသင်ကြားနေသော မောင်ဟိန်းမင်းအောင် အသက်ခုနစ်နှစ်၊ သူငယ်တန်း ကျောင်းသားသည် ဦးခေါင်းကွဲအက်၊ ဦးနှောက်ပွင့်ထွက် ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ကျောင်းမုန့် ဈေးတန်းမှ ဈေးသည် ဒေါ်နှင်းနှင်းဝေ အသက် ၃၀ နှစ်သည်လည်း ဦးခေါင်းကွဲအက် ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း၊ အခြား ကျောင်းသား တစ်ဦးဖြစ်သည့် မောင်ဖြိုးဝေယံ အသက်ရှစ်နှစ်၊ ဒုတိယတန်း ကျောင်းသားသည်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး မြိတ် အထွေထွေရောဂါကု ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း ကလေးများ၏ မိသားစုဝင်များက ပြောကြားသည်။

“ကလေးတွေကို လိုက်ခုတ်နေတာ တွေ့လို့ မခုတ်ဖို့ သွားဟန့်တုန်း ကလေးရော လူကြီးကိုပါ လိုက်ခုတ်တာ” ဟု ဒေါ်နှင်းနှင်းဝေ၏ ဖခင်ဖြစ်သူ ဦးမြင့်ဆွေက ဆိုသည်။

အဆိုပါ ပုဆိန်ဖြင့် လိုက်လံခုတ်သူ စိတ်ဝေဒနာရှင် ဦးကျော်နိုင် အသက် (၄၀) နှစ်ကို အခင်းဖြစ်ပွားချိန်တွင် ရပ်ကွက်သားများက ဝိုင်းဝန်း ဖမ်းဆီးခဲ့ပြီး မြိတ်မြို့နယ် ရဲစခန်းက (ပ) ၆၅/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း တာဝန်ရှိ ရဲတစ်ဦးထံမှ သိရသည်။

နောက်ဆုံး ရရှိသော သတင်းအရ ဒဏ်ရာရရှိသော ကလေးငယ်၏ အခြေအနေမှာ စိုးရိမ်ဖွယ်ရာရှိပြီး စိတ်မနှံ့သူ မြိတ်ဒေသခံမှာ အရက်၊ ဆေးကြောင်နေသူ ဖြစ်ကြောင်း မြိတ်ဒေသခံများထံမှ သိရသည်။

(Dawei Watch)
The Voice Weekly

RangonNewsDaily:: January . 24 .2014
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်က အသက် ၄၀ အရွယ် စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးက ပုဆိန်ဖြင့် ခုတ်သဖြင့် သူငယ်တန်း ကျောင်းသားနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အခြားမူလတန်း ကျောင်းသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြိတ် အထွေထွေရောဂါကု ဆေးရုံထံမှ သိရသည်။ မြိတ်တောင်နယ်မြေ၊ စက်ဝင်းရပ်ကွက် ဒိုင်လမ်းတွင် ယင်းနေ့ ၃ နာရီခွဲ ကျောင်းဆင်းချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဘုရားကိုင်ရပ်၊ အ.မ.က (မူလွန်) ကျောင်းမှ ဒိုင်လမ်း ကုန်းဆင်းအတိုင်း ဖြတ်ဆင်း လာသည့် ကျောင်းသူ ကျောင်းသားများကို အထက်ပါ စိတ်ဝေဒနာရှင် အသက် ၄၀ အရွယ် အမျိုးသားက လက်ထဲတွင် ကိုင်ထားသည့် ပုဆိန်တစ်လက်၊ ဓားတစ်လက်ဖြင့် လိုက်ခုတ်ခြင်း ဖြစ်ကြောင်း အခင်းဖြစ်ပွားသည်ကို မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် အ.မ.က (မူလွန်) ဘုရားကိုင်ကျောင်းတွင် ပညာသင်ကြားနေသော မောင်ဟိန်းမင်းအောင် အသက်ခုနစ်နှစ်၊ သူငယ်တန်း ကျောင်းသားသည် ဦးခေါင်းကွဲအက်၊ ဦးနှောက်ပွင့်ထွက် ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ကျောင်းမုန့် ဈေးတန်းမှ ဈေးသည် ဒေါ်နှင်းနှင်းဝေ အသက် ၃၀ နှစ်သည်လည်း ဦးခေါင်းကွဲအက် ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း၊ အခြား ကျောင်းသား တစ်ဦးဖြစ်သည့် မောင်ဖြိုးဝေယံ အသက်ရှစ်နှစ်၊ ဒုတိယတန်း ကျောင်းသားသည်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး မြိတ် အထွေထွေရောဂါကု ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း ကလေးများ၏ မိသားစုဝင်များက ပြောကြားသည်။

“ကလေးတွေကို လိုက်ခုတ်နေတာ တွေ့လို့ မခုတ်ဖို့ သွားဟန့်တုန်း ကလေးရော လူကြီးကိုပါ လိုက်ခုတ်တာ” ဟု ဒေါ်နှင်းနှင်းဝေ၏ ဖခင်ဖြစ်သူ ဦးမြင့်ဆွေက ဆိုသည်။

အဆိုပါ ပုဆိန်ဖြင့် လိုက်လံခုတ်သူ စိတ်ဝေဒနာရှင် ဦးကျော်နိုင် အသက် (၄၀) နှစ်ကို အခင်းဖြစ်ပွားချိန်တွင် ရပ်ကွက်သားများက ဝိုင်းဝန်း ဖမ်းဆီးခဲ့ပြီး မြိတ်မြို့နယ် ရဲစခန်းက (ပ) ၆၅/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း တာဝန်ရှိ ရဲတစ်ဦးထံမှ သိရသည်။

နောက်ဆုံး ရရှိသော သတင်းအရ ဒဏ်ရာရရှိသော ကလေးငယ်၏ အခြေအနေမှာ စိုးရိမ်ဖွယ်ရာရှိပြီး စိတ်မနှံ့သူ မြိတ်ဒေသခံမှာ အရက်၊ ဆေးကြောင်နေသူ ဖြစ်ကြောင်း မြိတ်ဒေသခံများထံမှ သိရသည်။

(Dawei Watch) , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment