Pages

Sunday, December 15, 2013

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား တက်ရောက်သတင်းယူရန်Local Press များအတွက် ၀င်ခွင့်ကတ် ၃၀၀ ရရှိအောင် စီစဉ်ဆောင်ရွက်ထား

RangonNewsDaily:: December . 15 .2013
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား တက်ရောက် သတင်းရယူရန် Local Press များအတွက် ၀င်ခွင့်ကတ် ၃၀၀ ရရှိအောင် စီစဉ်ဆောင်ရွက်ထားကြောင်း ဒီဇင်ဘာ ၁၄ ရက် မဏိရတနာ ကျောက်စိမ်းခန်းမ၌ ပြုလုပ်သည့် ပြန်ကြားရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ရေးအဖွဲ့ သတင်း


ရှင်းလင်းပွဲမှ သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်ညွှန်ကြားရေးမှူး ဦးဝင်းကြည်က " အစက
တော့Accreditation Cardရရှိထားသူသတင်းထောက်အားလုံး ၀င်ရိုက်ခွင်ရမှာဖြစ်ကြောင်း သို့သော် သတင်း
ထောက် အရေအတွက်များပြားလွန်းသဖြင့် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ အရင်တစ်ပတ်ကလုပ်တဲ့ သ
တင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းတင်ပြခဲ့တာဖြစ်ပါတယ်။ 

အဲ့ဒီအခြေအနေဟာ ဖွင့်ပွဲမကျင်းပမီ တစ်ရက်အလို ညနေပိုင်းအထိအပြောင်းအလဲ မရှိခဲ့ပါ။ အဲ့ဒီနေ့ ညနေ ၄ နာရီလောက်တော့မှဖွင့်ပွဲအခမ်းအနားကိုဝင်ရောက်သတင်းရယူရိုက်ကူးမည့်သူ၃၀၀ ကိုသာ ခွင့်ပြုပေးနိုင်
တော့ကြောင်းအဲ့ဒါကြောင့် International Broadcaster များ၊ International Press, Local Press များကို ၀င်ခွင့်
ကတ် ၁၀၀ စီအရေးပေါ်စီမံခဲ့ရပါတယ် " ဟု ပြောကြားခဲ့သည်။


" ကျွန်တော်တို့ စာရင်းဇယား အတိအကျလုပ်နေပါတယ်။ ပြီးရင်အစောင်ရေ မီဒီယာတစ်ခုမှာ ဘယ်လောက်

ထိပေးနိုင်မလဲဆိုတာကို စီစစ်ပါ့မယ်။ 

အနည်းဆုံးခန့်မှန်းထားတာကတော့Local Press မီဒီယာတစ်ခုကို အနည်းဆုံးနှစ်စောင် သို့မဟုတ် သုံးစောင်
ပေးနိုင်အောင်လုပ်ပါ့ မယ်။ မီဒီယာတစ်ဖွဲ့ကို သုံးစောင်ရပါ့မယ်။ ဒီထက်ပိုပြီး ၁၀၀ ကျော်သွားရင်တော့ နှစ်
စောင်ရပါ့မယ် . . .

ဆက်လက်၍ " အဲ့ဒီလိုအပြောင်းအလဲ ရှိသွားတာကို သတင်းထောက်များကို အချိန်မီအသိမပေးနိုင်ခဲ့သည့် အားနည်းချို့ယွင်းမှုများရှိခဲ့သည့်အတွက်သတင်းထောက်များလုပ်ငန်းဆောင်ရွက်ရေးအတွက် အဆင်မပြေ

ဖြစ်ခဲ့ရတာကိုတော့ များစွာစိတ်မကောင်းဖြစ်ရပါတယ်။ 

အဲ့ဒီလိုအခက်ခဲမျိုးပိတ်ပွဲမှာ ထပ်မံမဖြစ်ပွားရအောင် Local Press များအတွက် ၀င်ခွင့်ကတ် ၃၀၀ နဲ့ Internati
onal Broadcasters နဲ့ International Press တို့ကိုတော့ ၀င်ခွင့်ကတ် ၁၀၀ စီခွင့်ပြုပေးမှာ ဖြစ်ပါတယ် " ဟု ဦး
ဝင်းကြည်က ပြောကြားခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာနဒုတိယညွှန်ကြားရေးမှူး ဦးလှိုင်ဝင်းက " ကျွန်တော်တို့ စာရင်းဇယားအတိအကျ လုပ်

နေပါတယ်။ ပြီးရင်အစောင်ရေမီဒီယာတစ်ခုမှာဘယ်လောက်ထိ ပေးနိုင်မလဲဆိုတာကို စိစစ်ပါ့မယ်။ အနည်း
ဆုံးခန့်မှန်းထားတာကတော့ Local Pressမီဒီယာတစ်ခုကိုအနည်းဆုံးနှစ်စောင် သို့မဟုတ် သုံးစောင်ပေးနိုင်
အောင် လုပ်ပါ့မယ်။ 

မီဒီယာတစ်ဖွဲ့ကို သုံးစောင်ရပါမယ်။ ဒီထက်ပိုပြီး ၁၀၀ ကျော်သွားရင်တော့ နှစ်စောင်ရပါမယ်။ ကျွန်တော်
ထင်ပါတယ် မီဒီယာတစ်ခုကို အနည်းဆုံးသုံးစောင်လောက်တော့ရဖို့ရှိပါတယ် " ဟု ပြောကြားခဲ့သည်။

Eleven Media , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment