Pages
Sunday, December 15, 2013
ဖွဲ့ စည်းပုံအခြေခံဥပဒေ သည် တပ်မတော်နှင့်ပြည်သူကြား စိတ်ဝမ်းကွဲအောင်ရေးဆွဲထားသည် ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Photo: ဖွဲ့ စည်းပုံအခြေခံဥပဒေ သည် တပ်မတော်နှင့်ပြည်သူကြား စိတ်ဝမ်းကွဲအောင်ရေးဆွဲထားသည် ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Sunday, December 15, 2013
၂၀၀၈ ခုနစ်ဖွဲ့ စည်းပုံအခြေခံဥပဒေသည် တပ်မတော်နှင့် ပြည်သူကြား စိတ်ဝမ်းကွဲအောင်ရေးဆွဲထားသည့် ဥပဒေတစ်ခုဖြစ်ကြောင်း
ဒီဇင်ဘာ၁၄ ရက်နေ့ ကော့မှူးမြိုနယ်တွင် ပြုလုပ်သည့် ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် 
ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။
" ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ တနည်းအားဖြင့် ပြောရမယ်ဆိုရင် ပြည်သူတွေနဲ့ တပ်မတော်ကြားမှာ စိတ်ဝမ်းကွဲအောင်လို့ ရေးဆွဲထားတဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေလို့  ကျွှန်မပြောချင်ပါတယ်။ ကျွှန်မတို့ အနေနဲ့ ဒီဖွဲ့ စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ၊ တပ်မတော်အနေနဲ့ အမျိုးသားနိုင်ငံရေးမှာ ဦးဆောင်မူကဏ္ဍကို ယူရေး ကိစ္စတွေကို ကျွှန်မတို့ ဆန့် ကျင်တာဟာ တပ်မတော်ကို ဆန့် ကျင်လို့ မဟုတ်ဘူး။ တပ်မတော်နဲ့ ပြည်သူရဲ့ အကြားမှာ တစ်သွေးတစ်သားတည်း ဖြစ်ချင်လို့ ဆိုတာကို အများသိစေချင်ပါတယ်။အခုဟာက ဒီဖွဲ့ စည်းပုံအခြေခံဥပဒေဟာ တနည်းအားဖြင့် ဆိုရင် ပြည်သူနဲ့ တပ်မတော်ကြားထဲမှာ တိုက်ပေးယုံတင်မက ပြည်သူမကျေနပ်တဲ့ ကိစ္စတွေနဲ့ ပတ်သတ်လို့ ရှိရင် တပ်မတော်ကို တရားခံဖြစ်အောင် လုပ်ထားတယ်လို့ ကျွှန်မကတော့ ဒီလိုပဲ မြင်ပါတယ် "ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ထို့ ပြင် ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ၇၅ ရာခိုင်နူန်းသော ပြည်သူကိုယ်စားလှယ်များ၏ ဆန္ဒကို တပ်မတော်မှ ၂၅ ရာခိုင်နူန်း ဖြင့်ပြန်လည် ချုပ်ကိုင်ထားခြင်းမှာ တပ်မတော်ကိုတရားခံဖြစ်အောင် ပြုလုပ်ထားခြင်းဖြစ်ကြောင်း မိမိတို့ အနေဖြင့် တပ်မတော်သားအားလုံးကို ပြည်သူဟုသာ သတ်မှတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။
" ခုနက ရှင်းပြသွားသလို့ (၇၅)ရာခိုင်နုန်းသော ပြည်သူ့ ကိုယ်စားလှယ်တွေရဲ့ ဆန္ဒကို တပ်မတော်ထဲက (၂၅)ရာခိုင်နုန်းသော ကိုယ်စားလှယ်တွေကနေပြီးတော့ ဆန့် ကျင်မယ်ဆိုလို့ ရှိရင် ဒါဟာ ပြည်သူတွေအနေနဲ့ ငါတို့ ရဲ့ လိုအင်ဆန္ဒတွေကို ဆန့် ကျင်တာ တပ်မတော်ဆိုပြီး အဲလိုမတွေးကြဘူးလား။တွေးကြမှာပဲ။ဒီတော့ ဒါတပ်မတော်ကို တရားခံဖြစ်အောင် လုပ်တယ်လို့ ကျွှန်မဒီလိုပဲ မြင်ပါတယ်။ ကျွှန်မပြောတယ်နော်။ပြည်သူတွေအထဲမှာ တပ်မတော်သားတွေ ပါဝင်တယ်ဆိုတာ တိတိကျကျ ပြောပါရစေ။တပ်မတော်သားအားလုံးဟာ ကျွှန်မတို့ ပြည်သူတွေပဲ " ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ကော့မှူးမြိုနယ် ပြည်သူလွတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၈ ခုနစ်ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး သို့ မဟုတ် အသစ်ပြန်လည်ရေးဆွဲရေးအတွက်
ကော့မှူးမြိုနယ်အတွင်း လူထုသဘောထားသွားရောက် ကောက်ခံရာ လူထု သုံးသောင်းကျော်တက်ရောက်ခဲ့ပြီး ဖွဲ့ စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် လူထု ၉၉ ရာခိုင်နူန်းမှ ထောက်ခံခဲ့ကြောင်းသိရသည်။
ပန်မိုးဝါ ( ရိုးရာလေး)
RangonNewsDaily:: December . 15 .2013
၂၀၀၈ ခုနစ်ဖွဲ့ စည်းပုံအခြေခံဥပဒေသည် တပ်မတော်နှင့် ပြည်သူကြား စိတ်ဝမ်းကွဲအောင်ရေးဆွဲထားသည့် ဥပဒေတစ်ခုဖြစ်ကြောင်းဒီဇင်ဘာ၁၄ ရက်နေ့ ကော့မှူးမြိုနယ်တွင် ပြုလုပ်သည့် ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်
ရာ ဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။ " ဖွဲ့ စည်းပုံအခြေခံဥပဒေဟာတနည်းအားဖြင့် ပြောရမယ်ဆိုရင် ပြည်သူတွေနဲ့ တပ်မတော်ကြားမှာ စိတ်ဝမ်း
ပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ၊ 
တပ်မတော်အနေနဲ့ အမျိုးသားနိုင်ငံရေးမှာ ဦးဆောင်မူကဏ္ဍကို ယူရေး ကိစ္စတွေကို ကျွှန်မတို့ ဆန့် ကျင်တာ
ဟာ တပ်မတော်ကို ဆန့် ကျင်လို့ မဟုတ်ဘူး။ တပ်မတော်နဲ့ ပြည်သူရဲ့ အကြားမှာ တစ်သွေးတစ်သားတည်း ဖြစ်ချင်လို့ ဆိုတာကို အများသိစေချင်ပါတယ်။
အခုဟာက ဒီဖွဲ့ စည်းပုံအခြေခံဥပဒေဟာ တနည်းအားဖြင့် ဆိုရင် ပြည်သူနဲ့ တပ်မတော်ကြားထဲမှာ တိုက်
ပေးယုံတင်မက ပြည်သူမကျေနပ်တဲ့ ကိစ္စတွေနဲ့ ပတ်သတ်လို့ ရှိရင် တပ်မတော်ကို တရားခံဖြစ်အောင် လုပ်
ထားတယ်လို့ ကျွှန်မကတော့ ဒီလိုပဲ မြင်ပါတယ် "ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ထို့ ပြင် ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ၇၅ ရာခိုင်နူန်းသော ပြည်သူကိုယ်စားလှယ်များ၏ ဆန္ဒ
ကို တပ်မတော်မှ ၂၅ရာခိုင်နူန်း ဖြင့်ပြန်လည်ချုပ်ကိုင်ထားခြင်းမှာ တပ်မတော်ကိုတရားခံဖြစ်အောင် ပြုလုပ်
ထားခြင်းဖြစ်ကြောင်း မိမိတို့ အနေဖြင့် တပ်မတော်သားအားလုံးကို ပြည်သူဟုသာ သတ်မှတ်ကြောင်း ဒေါ်
အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။
" ခုနကရှင်းပြသွားသလို(၇၅)ရာခိုင်နုန်းသော ပြည်သူ့ ကိုယ်စားလှယ်တွေရဲ့ ဆန္ဒကို တပ်မတော်ထဲက (၂၅)
ရာခိုင်နုန်းသော ကိုယ်စားလှယ်တွေကနေပြီးတော့ ဆန့် ကျင်မယ်ဆိုလို့ ရှိရင် ဒါဟာ ပြည်သူတွေအနေနဲ့ ငါ
တို့ ရဲ့ လိုအင်ဆန္ဒတွေကို ဆန့် ကျင်တာ တပ်မတော်ဆိုပြီး အဲလိုမတွေးကြဘူးလား။တွေးကြမှာပဲ။ဒီတော့ ဒါ
တပ်မတော်ကို တရားခံဖြစ်အောင် လုပ်တယ်လို့ ကျွှန်မဒီလိုပဲ မြင်ပါတယ်။ 
ကျွှန်မပြောတယ်နော်။ပြည်သူတွေအထဲမှာ တပ်မတော်သားတွေ ပါဝင်တယ်ဆိုတာ တိတိကျကျ ပြောပါရစေ
။တပ်မတော်သားအားလုံးဟာ ကျွှန်မတို့ ပြည်သူတွေပဲ " ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌဒေါ်အောင်
ဆန်းစုကြည်က ဆက်လက်ပြောဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌ ကော့မှူးမြိုနယ် ပြည်သူလွတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်
သည် ၂၀၀၈ ခုနစ်ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး သို့ မဟုတ် အသစ်ပြန်လည်ရေးဆွဲရေးအတွက်ကော့
မှူးမြိုနယ်အတွင်း လူထုသဘောထားသွားရောက် ကောက်ခံရာ လူထု သုံးသောင်းကျော်တက်ရောက်ခဲ့ပြီး ဖွဲ့ 
စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် လူထု ၉၉ ရာခိုင်နူန်းမှ ထောက်ခံခဲ့ကြောင်းသိရသည်။
ပန်မိုးဝါ ( ရိုးရာလေး) , kolatt(PBDN)
RangonNewsDaily
0 comments:
Post a Comment