Pages

Saturday, December 21, 2013

ဒုတိယ စီးရီးခွေ စီစဉ်နေပြီ ဖြစ်တဲ့ စိုးပြည့်သဇင်

Photo: ဒုတိယ စီးရီးခွေ စီစဉ်နေပြီ ဖြစ်တဲ့ စိုးပြည့်သဇင် 
Saturday, December 21, 2013

စိုးပြည့်သဇင်က တောင်ငူနှစ် ကျိပ်ရှစ်ဆူ ပွဲမှာ သီချင်းဆို ဖျော်ဖြေခဲ့ပြီး မန္တလေးကိုလည်း ဖျော်ဖြေရေး သွားဖို့ ရှိတယ်လို့ ပြောပြပါတယ်။ “ချစ်သူရွေးမယ်” သီချင်းခွေ ထွက်ပြီးနောက် ဒုတိယ စီးရီးခွေ အတွက် ပြင်ဆင် နေ တယ် လို့ပြောပြတာကြောင့်

“စိုးပြည့် နယ်တွေကို သီချင်း သွားဆိုတဲ့အခါ စိုးပြည့်အခွေ ထဲက သီချင်းလေးတွေ ဆို ဖြစ်တယ်။ ဒါပေမဲ့တစ်ခါ တလေ သီချင်းက တီးဝိုင်းနဲ့ မတိုက် ထားတဲ့အခါ ကျရင် အဆင် မပြေတော့ တစ်ပုဒ်၊ နှစ်ပုဒ်လောက်တော့ ကြားညှပ်ပြီး တခြား သီချင်းလေးတွေ ဆိုဖြစ်တယ်။ စိုးပြည့်က စီးရီးခွေ ထွက်ထားတော့ အခွေထဲ က သီ ချင်းတွေ တောင်းကြတော့ ပျော် တယ်။ ရင်ခုန်မှုလည်း ရှိတယ်။ အရင်တုန်းက သူများ သီချင်း ဆိုရတာလေ။ စိုးပြည့် ဒုတိယ စီးရီး ခွေအတွက် လည်း စပြီး စီစဉ်နေပါပြီ။ သီချင်းတွေ လည်း ၆ ပုဒ်လောက် ရှိနေပြီ။ ဒုတိယ စီးရီးခွေ ကိုလည်း သိပ်မကြာခင် ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ သီချင်းတွေ ကို ပရိသတ် ကြိုက်မကြိုက် ဆိုတာက ကံတရား နဲ့လည်းဆိုင်ပါတယ်။ ကံကောင်းတဲ့ အခါ ပရိသတ် အကြိုက် နဲ့တိုးသွားတာ မျိုးတွေလည်း ရှိတယ်။ ဘယ် သီချင်းဖြစ်လို့ ပရိသတ်က လုံးဝကြိုက် မှာပဲ ဆိုပြီးတော့ မပြောနိုင်ဘူး။ ကိုယ့် အသံ ကာလာနဲ့ လိုက်ဖက်မယ့် သီချင်းမျိုး၊ ပရိသတ် ကြိုက်မယ် ထင်တဲ့ သီချင်း မျိုးတော့ အတတ် နိုင်ဆုံး ရွေးရမှာပေါ့” လို့ ပြောပြပါတယ်။

စိုးပြည့်သဇင်က ဇာတ်ကား ရိုက်ကူးမှုတွေ နဲ့ ပတ်သက်ပြီးလည်း “ဇာတ်ကားတွေ က အခုနောက် ပိုင်းဟာသတွေ ရိုက်တာ များတယ်။ စိုးပြည့်က အရင် ထဲက ဟာသ နဲ့ ဒရာမာ ရိုက် နေတာပါပဲ။ တစ်ခုတည်းတော့ မဟုတ်ဘဲမျှအောင် ရိုက်သွားမှာပါပဲ။ ပရိသတ် ကြိုက်မယ့် ဇာတ်ကား မျိုးတွေ စိုးပြည့် ကြိုးစား တင်ဆက်သွား မှာပါ” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်
Popular Journal

RangonNewsDaily:: December . 21 .2013
စိုးပြည့်သဇင်က တောင်ငူနှစ် ကျိပ်ရှစ်ဆူ ပွဲမှာ သီချင်းဆို ဖျော်ဖြေခဲ့ပြီး မန္တလေးကိုလည်း ဖျော်ဖြေရေး သွားဖို့ ရှိတယ်လို့ ပြောပြပါတယ်။ “ချစ်သူရွေးမယ်” သီချင်းခွေ ထွက်ပြီးနောက် ဒုတိယ စီးရီးခွေ အတွက် ပြင်ဆင် နေ တယ် လို့ပြောပြတာကြောင့် “စိုးပြည့် နယ်တွေကို သီချင်း သွားဆိုတဲ့အခါ စိုးပြည့်အခွေ ထဲက သီချင်းလေးတွေ ဆို ဖြစ်တယ်။ ဒါပေမဲ့တစ်ခါ တလေ သီချင်းက တီးဝိုင်းနဲ့ မတိုက် ထားတဲ့အခါ ကျရင် အဆင် မပြေတော့ တစ်ပုဒ်၊ နှစ်ပုဒ်လောက်တော့ ကြားညှပ်ပြီး တခြား သီချင်းလေးတွေ ဆိုဖြစ်တယ်။ 
 
စိုးပြည့်က စီးရီးခွေ ထွက်ထားတော့ အခွေထဲ က သီ ချင်းတွေ တောင်းကြတော့ ပျော် တယ်။ ရင်ခုန်မှုလည်း ရှိတယ်။ အရင်တုန်းက သူများ သီချင်း ဆိုရတာလေ။ စိုးပြည့် ဒုတိယ စီးရီး ခွေအတွက် လည်း စပြီး စီစဉ်နေပါပြီ။ သီချင်းတွေ လည်း ၆ ပုဒ်လောက် ရှိနေပြီ။ ဒုတိယ စီးရီးခွေ ကိုလည်း သိပ်မကြာခင် ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ 
 
သီချင်းတွေ ကို ပရိသတ် ကြိုက်မကြိုက် ဆိုတာက ကံတရား နဲ့လည်းဆိုင်ပါတယ်။ ကံကောင်းတဲ့ အခါ ပရိသတ် အကြိုက် နဲ့တိုးသွားတာ မျိုးတွေလည်း ရှိတယ်။ ဘယ် သီချင်းဖြစ်လို့ ပရိသတ်က လုံးဝကြိုက် မှာပဲ ဆိုပြီးတော့ မပြောနိုင်ဘူး။ ကိုယ့် အသံ ကာလာနဲ့ လိုက်ဖက်မယ့် သီချင်းမျိုး၊ ပရိသတ် ကြိုက်မယ် ထင်တဲ့ သီချင်း မျိုးတော့ အတတ် နိုင်ဆုံး ရွေးရမှာပေါ့” လို့ ပြောပြပါတယ်။

စိုးပြည့်သဇင်က ဇာတ်ကား ရိုက်ကူးမှုတွေ နဲ့ ပတ်သက်ပြီးလည်း “ဇာတ်ကားတွေ က အခုနောက် ပိုင်းဟာသတွေ ရိုက်တာ များတယ်။ စိုးပြည့်က အရင် ထဲက ဟာသ နဲ့ ဒရာမာ ရိုက် နေတာပါပဲ။ 
 
တစ်ခုတည်းတော့ မဟုတ်ဘဲမျှအောင် ရိုက်သွားမှာပါပဲ။ ပရိသတ် ကြိုက်မယ့် ဇာတ်ကား မျိုးတွေ စိုးပြည့် ကြိုးစား တင်ဆက်သွား မှာပါ” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်
Popular Journal , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment