Pages

Saturday, December 21, 2013

ကမ္ဘာပေါ်မှာ ပထမဆုံး တည်ဆောက်ခဲ့တဲ့ စက်ရုပ် အာကာသ ယာဉ်မှူးလေး အာကာသထဲမှာ စကား စပြောပြီ

Photo: ကမ္ဘာပေါ်မှာ ပထမဆုံး တည်ဆောက်ခဲ့တဲ့ စက်ရုပ် အာကာသ ယာဉ်မှူးလေးဟာ အာကာသထဲမှာ စကား စပြောပြီလို့ ဂျပန် နိုင်ငံက ပြောကြားပါတယ်။

ကီရိုဘိုလို့ နာမည်ပေးထားတဲ့ ဒီစက်ရုပ်လေးကို ပြီးခဲ့တဲ့ သြဂုတ်လက ဂျပန်ကနေ အာကာသကို လွှတ်တင်လိုက်တာဖြစ်ပြီး အခုတော့ စက်ရုပ်လေးဟာ နိုင်ငံတကာ အာကာသ စခန်းကို ရောက်ရှိ သွားပြီ ဖြစ်ပါတယ်။

အာကာသစခန်းက ဂျပန် အာကာယာဉ်မှူး အရာရှိ ကိုအိချိ ဝါကာတာကို စက်ရုပ်လေးကနေ စကားပြောနေတာကို ဗီဒီယိုကနေတဆင့် တွေ့ရပါတယ်။
ကီရိုဘိုရဲ့ ပြောစကားတွေဟာ တင်ကြိုပြီး ပရိုဂရမ် ရေးဆွဲထားတဲ့ စကား မဟုတ်ဘဲ လူတွေလိုပဲ အခြေအနေကို ကြည့်ပြီး ပြန်လည် တုံ့ပြန် ပြောကြား တာသာ ဖြစ်တယ်လို့ ဒီစက်ရုပ်ကို တီထွင်သူတွေက ပြောပါတယ်။

တီထွင်သူတွေကတာ့ ကီရိုဘိုနဲ့ အလားတူ တခြား စက်ရုပ်တွေနဲ့ ပတ်သတ်ပြီး အနာဂတ်အတွက် အများကြီး စဉ်းစားထားတာတွေ ရှိတယ်လို့ ဆိုပါတယ်။

အခုလို အာကာသစခန်းမှာ ရှိနေတဲ့ သူတွေအတွက် စကားပြောဖော်ရအောင် အတွက်သာမကဘဲ ကမ္ဘာပေါ်က သက်ကြီးရွယ်အိုတွေနဲ့ အထီးကျန်နေတဲ့ လူတွေအတွက်ပါ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

BBC Burmese

RangonNewsDaily:: December . 21 .2013
ကမ္ဘာပေါ်မှာ ပထမဆုံး တည်ဆောက်ခဲ့တဲ့ စက်ရုပ် အာကာသ ယာဉ်မှူးလေးဟာ အာကာသထဲမှာ စကား စပြောပြီလို့ ဂျပန် နိုင်ငံက ပြောကြားပါတယ်။ ကီရိုဘိုလို့ နာမည်ပေးထားတဲ့ ဒီစက်ရုပ်လေးကို ပြီးခဲ့တဲ့ သြဂုတ်လက ဂျပန်ကနေ အာကာသကို လွှတ်တင်
လိုက်တာဖြစ်ပြီး အခုတော့ စက်ရုပ်လေးဟာ နိုင်ငံတကာ အာကာသ စခန်းကို ရောက်ရှိ သွားပြီ ဖြစ်ပါ
တယ်။

အာကာသစခန်းက ဂျပန် အာကာယာဉ်မှူး အရာရှိ ကိုအိချိ ဝါကာတာကို စက်ရုပ်လေးကနေ စကားပြောနေ
တာကို ဗီဒီယိုကနေတဆင့် တွေ့ရပါတယ်။ကီရိုဘိုရဲ့ ပြောစကားတွေဟာ တင်ကြိုပြီး ပရိုဂရမ် ရေးဆွဲထား
တဲ့ စကား မဟုတ်ဘဲ လူတွေလိုပဲ အခြေအနေကို ကြည့်ပြီး ပြန်လည် တုံ့ပြန် ပြောကြား တာသာ ဖြစ်တယ်လို့ ဒီစက်ရုပ်ကို တီထွင်သူတွေက ပြောပါတယ်။

တီထွင်သူတွေကတာ့ ကီရိုဘိုနဲ့ အလားတူ တခြား စက်ရုပ်တွေနဲ့ ပတ်သတ်ပြီး အနာဂတ်အတွက် အများကြီး စဉ်းစားထားတာတွေ ရှိတယ်လို့ ဆိုပါတယ်။

အခုလိုအာကာသစခန်းမှာ ရှိနေတဲ့ သူတွေအတွက် စကားပြောဖော်ရအောင် အတွက်သာမကဘဲ ကမ္ဘာပေါ်
က သက်ကြီးရွယ်အိုတွေနဲ့ အထီးကျန်နေတဲ့ လူတွေအတွက်ပါ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

BBC Burmese , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment