Pages

Sunday, December 1, 2013

အနာဂတ်ကာလအတွက် ရေပေါ်မြို့တော်ကြီး

Photo

RangonNewsDaily:: December . 1 .2013
လူပေါင်း(၅၀၀၀၀)ကျော် မှီတင်းနေထိုင်နိုင်မည့် အဆိုပါ ရေပေါ်မြို့တော်သည် သင်္ဘောကြီး တစ်စင်းပေါ်
တွင် အခြေခံ တည်ဆောက်ထားမည် ဖြစ်သည်။အနာဂတ်ကာလအတွက် ရေပေါ်မြို့တော်ကြီးကမ္ဘာပေါ်တွင် လူဦးရေ ထူထပ်မှုနှင့်အတူ နေထိုင်စရာ ရှား
ပါးလာမည့် အနာဂတ်အတွက် ရည်စူးထားသည့် ရေပေါ်မြို့တော် စီမံကိန်း ပုံစံတစ်မျိုးကို အမေရိကန် ဗိသု
ကာ ကုမ္ပဏီ တစ်ခုက စတင်ထုတ်ဖော် ပြသလိုက်သည်။ 
 
လူပေါင်း(၅၀၀၀၀)ကျော် မှီတင်းနေထိုင်နိုင်မည့်အဆိုပါ ရေပေါ်မြို့တော်သည်သင်္ဘောကြီး တစ်စင်းပေါ်တွင်
အခြေခံ တည်ဆောက်ထားမည် ဖြစ်သည်။ အဆိုပါ ဒီဇိုင်းသည် အထပ်ပေါင်း (၂၅)ထပ်ဖြင့် ဖွဲ့စည်းတည်
ဆောက်စေမည်ဖြစ်ပြီး လူနေမှုဘဝအတွက် လိုအပ်ချက်အားလုံး ပါရှိမည်ဟု ဆိုသည်။ သင်္ဘော၏ အပေါ်
ဆုံးထပ်သည် လေယာဉ်ကွင်းတစ်ခုအဖြစ် ရှိနေနိုင်ပြီး စာသင်ကျောင်းများ၊ ဆေးရုံ၊ ပန်းခြံ၊ အနုပညာပြခန်း၊ ကာစီနို လောင်းကစားရုံ အစရှိသည့် အရာများကိုပါ ထည့်သွင်းတည်ဆောက်ထားမည် ဖြစ်သည်။ နောက်
ဘက်တွင်လည်း ဆိပ်ကမ်းငယ်တစ်ခုကို ထည့်သွင်းထားပေးသည်။

ဖလော်ရီဒါတွင် အခြေစိုက်သည့် Freedom Ship International ကုမ္ပဏီက အဆိုပါ စီမံကိန်းသည် လက်တွေ့
အကောင်အထည် ဖော်ရန်အတွက် ဒေါ်လာ (၁၀)ဘီလျံမျှ ကျသင့်မည်ဟု ပြောကြားခဲ့သည်။ 
 
ယင်းအဆောက်အအုံကို အမှန်တကယ် ဆောက်လုပ်ဖြစ်ပါက လူပေါင်း(၅၀၀၀၀) မှီတင်းနေထိုင်နိုင်
မည်ဖြစ်ပြီး အပိုဆောင်း ဧည့်သည် (၃၀၀၀၀)အတွက်ပါ နေရာထိုင်ခင်း စီစဉ်ပြီး ဖြစ်နေမည်ဟု သိရသည်။ 
 
ယင်းသင်္ဘောသည် ကမ္ဘာကိုပတ်ကာ ခုတ်မောင်းနေမည်ဖြစ်ပြီး (၂)နှစ်ကြာတိုင်း ကမ္ဘာတစ်ပတ် ခရီးနှင်ပြီး
 ဖြစ်နေမည်ဟု ဆိုသည်။ ထို့ကြောင့် မိမိနေအိမ်တွင်ပင် နေထိုင်ရင်း အေးအေးလူလူ ကမ္ဘာပတ်နေနိုင်မည့် ဖန်တီးမှုမျိုးဟု ညွှန်းဆိုနိုင်မည် ဖြစ်သည်။

အပေါ်ဆုံးထပ် လေယာဉ်ကွင်းသည်လူ(၄၀)ဆံ့သည့်ခရီးသည်တင် လေယာဉ်ငယ်များ ဆင်းသက်နိုင်မည်
ဖြစ်ရာ အနီးအနား ပတ်ဝန်းကျင် နိုင်ငံများထံ အလွယ်တကူ ကူးလူးနိုင်မည်ဟု Freedom Ship Internationalမှ ဒါရိုကတာနှင့် ဒုတိယဥက္ကဋ္ဌဖြစ်သူ ရိုဂျာဂူးခ်ျက ပြောကြားခဲ့သည်။ 
 
"ခုလောလောဆယ် ကွန်ပျူတာနဲ့ တွက်ချက်ပုံဖော်ထားတဲ့ ဒီဇိုင်းအဆင့်ပဲ ရှိသေးပေမယ့် လက်တွေ့တည်
ဆောက်ဖြစ်မယ်ဆိုရင် ကမ္ဘာပေါ်မှာ အကြီးဆုံး သင်္ဘောကြီးနဲ့ ရေပေါ်မြို့တော်ကြီး ဖြစ်လာပါလိမ့်မယ်"ဟု ဂူးခ်ျက မှတ်ချက်ပြုခဲ့သည်။

၎င်းက "ကျွန်တော်တို့ အနေနဲ့ ဒါကိုလက်တွေ့ တည်ဆောက်ဖို့တော့ ငွေရေးကြေးရေး အခက်အခဲတွေ ရှိ
ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ (၆)လအတွင်း ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေ အများကြီး ရှိလာတယ်။ တကယ်လို့ ဒေါ်လာ (၁)ဘီလျံလောက် စပြီး ရင်းနှီးနိုင်ရင် ဆောက်လုပ်မှု လုပ်ငန်းကို လက်တွေ့ အစပြုနိုင်
မယ် ထင်ပါတယ်"ဟုလည်း ပြောဆိုသွားသည်။ 
 
ဒီဇိုင်းတည်ဆောက်မှုအရ အဆိုပါ သင်္ဘောကြီးသည် အရှည်ပေ (၄၅၀၀)၊ အကျယ်ပေ (၇၅၀)နှင့် အမြင့်ပေ
(၃၅၀)ထိ ရှိပြီး တန်ချိန် (၂.၇)သန်းထိ လေးလံမည်ဟု သိရှိရသည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily
 
Photo

Photo

Photo

Photo

0 comments:

Post a Comment