Pages

Sunday, December 1, 2013

နောက်ဆုံးကျန် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ်၏ ဈာပန တပ်မတော် မတက်ရောက်

RangonNewsDaily:: December . 1 .2013
မြန်မာ့တပ်မတော် သန္ဓေတည်ရာ ရဲဘော်သုံးကျိပ်၏ နောက်ဆုံးကျန်ရစ်သူ ဗိုလ်ရဲထွဋ် (သခင်အောင်သိန်း) ၏ ဈာပန အခမ်းအနားကို ရန်ကုန်မြို့ ရေဝေးသုဿာန်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီက ပြုလုပ်

ရာလက်ရှိတာဝန် ထမ်းဆောင်နေသော တပ်မတော် အရာရှိကြီးများနှင့် ပြည်ထောင်စု အစိုးရအဖွဲ့မှ အကြီး
တန်း အရာရှိကြီးများ တက်ရောက်ခြင်း မရှိခဲ့ပေ။
ဈာပနအခမ်းအနားကိုရဲဘော်သုံးကျိပ်ဝင်မိသားစုဝင်များ၊ သက်ကြီး နိုင်ငံရေးသမားများ အပါအဝင် လူဦးရေ
 ငါးရာဝန်းကျင် တက်ရောက် ဂါရဝပြုခဲ့သော်လည်း လက်ရှိ တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသူများ ပါဝင်ခြင်း မရှိကြောင်း ဈာပနအခမ်းအနား ကျင်းပရေး တာဝန်ခံ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇင်ယော်၏ မြေး
ဖြစ်သူ ဦးပြည့်ဖြိုးအောင်က ပြောကြားသည်။

"နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်နေတဲ့ အချိန်မှာ သူတို့ရင်ထဲမှာ မေတ္တာတွေ၊ စေတနာတွေ ရှိကြပါလိမ့်

မယ်။ အကြောင်း အမျိုးမျိုးကြောင့် မလာနိုင်ဘူး လို့ပဲ ကျွန်တော် ယူဆပါတယ်" ဟု ဦးပြည့်ဖြိုးအောင်က ဆို
သည်။

ယင်းကဲ့သို့ လက်ရှိတပ်မတော်သားများ တက်ရောက်ခြင်း မရှိသော်လည်း ယခင်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း၊ ယခု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ၏ နာယကဦးတင်ဦး တက်ရောက် ဂါရဝပြုခဲ့

သည်။

"ရဲဘော်သုံးကျိပ်ဝင်တွေ တစ်ယောက်မှ မရှိတော့တာ ကိုတော့ ဝမ်းနည်းရတာပေါ့။ သူ့အနေနဲ့ ငယ်စဉ် က

တည်းက လွတ်လပ်ရေး အတွက် ကြိုးပမ်းလာတာ။ ဒါပေမဲ့ အရေးကြီးတာက ဒီပုဂ္ဂိုလ်တွေဟာ လွတ်လပ်ရေး အတွက် တပ်မတော်ကို ထူထောင်နိုင်ခဲ့တာ။ သူများနိုင်ငံမှာ သွားပြီး ဆင်းရဲဒုက္ခ ခံခဲ့တာ။ စစ်အတွင်းမှာ အ
မျိုးမျိုး ရင်ဆိုင်ခဲ့ရတာတွေ။ အဲဒီ ကျေးဇူးတရားတွေကို နောင်လာ နောက်သားတွေ သိစေချင်တာပါ" ဟု ဦး
တင်ဦးက ပြောကြားသည်။

ဗိုလ်ရဲထွဋ် (သခင်အောင်သိန်း)သည် နိုဝင်ဘာလ ၂၇ ရက်နေ့ (အမျိုးသားနေ့) ညက ရန်ကုန်မြို့ ကမာ
ရွတ်

မြို့နယ်ရှိ သုခကမ္ဘာအထူးကုဆေးခန်းတွင်လူကြီးရောဂါ ဖြင့်ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ကွယ်လွန်ချိန်တွင် 
အသက် ၉၂ နှစ် ရှိပြီဖြစ်ပြီး သား နှစ်ဦး၊ မြေး လေးဦးနှင့် မြစ် နှစ်ဦး ကျန်ရစ်သည်။

ဗိုလ်ရဲထွဋ်ကိုအဖဦးဖိုးလွင်(လက်သမား) နှင့် အမိ ဒေါ်စောရှင် (ခြံတောင်သူ/ဈေးသည်) တို့က ၁၉၂၂ ခုနှစ်

ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ တာမွေလေး၌ မွေးဖွားခဲ့ပြီး မွေးချင်း ခြောက်ဦးအနက် အငယ်
ဆုံးဖြစ်ကာ ငယ်နာမည်မှာ “အောင်သိန်း” ဖြစ်သည်။

ငယ်စဉ်ကကန်တော်လေး မြူနီစပါယ်ကျောင်း၊ ဗျိုင်းရေအိုးစင်ကျောင်း တို့တွင် ပညာသင်ကြားခဲ့ပြီး ကန်တော်

လေး မြူနီစပါယ် အထက်တန်းကျောင်းမှ အထက်တန်း အောင်မြင်ခဲ့သည်။

၁၉၄၁ခုနှစ်တွင်သခင်အောင်ဆန်းဦးဆောင်သော မြန်မာလူငယ်အဖွဲ့ဂျပန်နိုင်ငံသို့စစ်ပညာသင်
သွားရောက်

ရာ၌ဒုတိယအသုတ်တွင်လိုက်ပါခဲ့ပြီး ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) ဖွဲ့စည်း ချိန်မှစ၍ လွတ်လပ်ရေး
ရပြီးချိန် အထိ စစ်မှု ထမ်းဆောင်ခဲ့သည်။

လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ် သြဂုတ်လတွင် ဦးနုအစိုးရကို ဆန့်ကျင်ရန် တောခိုခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် တ

ရားဝင်လက်နက်စွန့်၍ အလင်းဝင်ခဲ့သည်။ ၁၉၆၄ ခုနှစ်မှစ၍ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီသို့ ဝင်ရောက်
ခဲ့ပြီး ၁၉၈၈ ခုနှစ် အရေးအခင်း နောက်ပိုင်းတွင် မျိုးချစ်ရဲဘော်ဟောင်းများ ဖွဲ့စည်းသည့်အခါ နာယကအဖြစ် တာဝန်ယူခဲ့သည်။ သို့သော် ၁၉၉၀ ရွေးကောက်ပွဲအပြီးတွင် အာဏာနိုင်ငံရေး မလုပ်ဟု ဆုံးဖြတ်ကာ အဆို
ပါအဖွဲ့မှ နုတ်ထွက်ခဲ့ပြီး မည်သည့်နိုင်ငံရေး အဖွဲ့အစည်း တွင်မှ ဝင်ရောက်လုပ်ကိုင်ခြင်း မရှိတော့ပေ။

The Voice   , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment