Pages

Sunday, November 10, 2013

မာလာလာကို လုပ်ကြံသူ တာလီဘန်ခေါင်းဆောင်ဖြစ်လာ

Photo: မာလာလာကို လုပ်ကြံသူ တာလီဘန်ခေါင်းဆောင်ဖြစ်လာ
Saturday, November 9, 2013

ကြာသပတေးနေ့က ပါကစ္စတန် တာလီဘန်တို့သည် မူလာ ဖက်ဇ်လူလာကို ခေါင်းဆောင်သစ်အဖြစ် တင်မြှောက်ကြောင်း ကြေညာခဲ့
Posted on Nov 08 13 - 05:34 PM | Hits : 265
မာလာလာကို လုပ်ကြံသူ တာလီဘန်ခေါင်းဆောင်ဖြစ်လာ
မာလာလာ ယူဆွတ်ဖ်ဇိုင်ကို သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သည့် တာလီဘန် လက်မရွံ့သည် ယခုအခါ ပါကစ္စတန် နိုင်ငံအခြေစိုက် တာလီဘန် တပ်ဖွဲ့များ၏ ခေါင်းဆောင်အဖြစ် တင်မြှောက် ခံလာရကြောင်း သိရှိရသည်။ ကြာသပတေးနေ့က ပါကစ္စတန် တာလီဘန်တို့သည် မူလာ ဖက်ဇ်လူလာကို ခေါင်းဆောင်သစ်အဖြစ် တင်မြှောက်ကြောင်း ကြေညာခဲ့သည်။ ၎င်းသည် အမေရိကန် မောင်းသူမဲ့လေယာဉ်က ပစ်ခတ်လိုက်သည့် ဒုံးကျည်ကြောင့် သေဆုံးသွားသည့် ဟာကီမူလာ မာဆာ့ဒ်၏ နေရာတွင် အစားထိုး ဝင်ရောက်မည် ဖြစ်သည်။

အမေရိကန်တို့သည် ဟာကီမူလာကို မြောက်ပိုင်း ဝါဇီရစ္စတန် ဒေသတွင် လုပ်ကြံနိုင်ခဲ့ခြင်း ဖြစ်သည်။ မူလာသည် (၂၀၁၂)ခုနှစ်က မာလာလာကို သတ်ဖြတ်ရန် အားထုတ်မှု အပါအဝင် အကြမ်းဖက်မှု များစွာကို ကျူးလွန်ဖူးသူ ဖြစ်သည်။ ၎င်းသည် မိန်းကလေးများ စာသင်ခွင့် လှုပ်ရှားတောင်းဆိုသည့် ဆယ်ကျော်သက် ကျောင်းသူလေး မာလာလာကို ပစ်ခတ်သော်လည်း ကံအားလျော်စွာဖြင့် အသက်မသေခဲ့ချေ။ မာလာလာသည် ယင်းဖြစ်စဉ်ကြောင့် ကမ္ဘာကျော်ခဲ့သလို အသက်(၁၆)နှစ် အရွယ်တွင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိနိုင်လောက်သည်အထိ မျှော်မှန်းခံရသူလေး ဖြစ်ခဲ့သည်။

မူလာသည် ပါကစ္စတန် ထိပ်တန်းစစ်ဘက် အရာရှိ တစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ် ဆာနာလူလာ နိုင်ဇီကို သတ်ဖြတ်ခဲ့သူလည်း ဖြစ်သည်။ တာလီဘန် ယာယီခေါင်းဆောင် အက်စ်မတ်တူလာ ရှာဟင်က မူလာရေဒီယိုဟု အမည်ပြောင်ရထားသည့် လုပ်ကြံရေးသမားသည် အဖွဲ့အစည်း၏ ခေါင်းဆောင်သစ်အဖြစ် တင်မြှောက်ခံရကြောင်း ကြေညာသည်။ ရှိတ်ခ်ခါလစ် ဟာကာနီသည် ၎င်း၏ လက်ထောက် ဖြစ်လာခဲ့သည်။ တာလီဘန် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ရှာဟီဒူလာ ရှာဟစ်ဒ်က မူလာသည် အများသဘောဖြင့် ရွေးကောက်ခံရခြင်းဟုလည်း ကြေညာသွားခဲ့သည်။ 

Planet Myanmar Network

RangonNewsDaily:: November . 10 .2013
မာလာလာယူဆွတ်ဖ်ဇိုင်ကို သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခဲ့သည့် တာလီဘန် လက်မရွံ့သည် ယခုအခါ ပါကစ္စ
တန် နိုင်ငံအခြေစိုက် တာလီဘန် တပ်ဖွဲ့များ၏ ခေါင်းဆောင်အဖြစ် တင်မြှောက် ခံလာရကြောင်း သိရှိရ
သည်။ ကြာသပတေးနေ့ကပါကစ္စတန်တာလီဘန်တို့သည်မူလာဖက်ဇ်လူလာကို ခေါင်းဆောင်သစ်အဖြစ်တင်မြှောက်
ကြောင်း ကြေညာခဲ့သည်။၎င်းသည်အမေရိကန် မောင်းသူမဲ့လေယာဉ်ကပစ်ခတ်လိုက်သည့်ဒုံးကျည်ကြောင့်
သေဆုံးသွားသည့် ဟာကီမူလာ မာဆာ့ဒ်၏ နေရာတွင် အစားထိုး ဝင်ရောက်မည် ဖြစ်သည်။

အမေရိကန်တို့သည် ဟာကီမူလာကို မြောက်ပိုင်း ဝါဇီရစ္စတန် ဒေသတွင် လုပ်ကြံနိုင်ခဲ့ခြင်း ဖြစ်သည်။ မူလာ
သည်(၂၀၁၂)ခုနှစ်ကမာလာလာကို သတ်ဖြတ်ရန် အားထုတ်မှုအပါအဝင် အကြမ်းဖက်မှုများစွာကိုကျူးလွန်ဖူး
သူ ဖြစ်သည်။ ၎င်းသည် မိန်းကလေးများ စာသင်ခွင့် လှုပ်ရှားတောင်းဆိုသည့် ဆယ်ကျော်သက် ကျောင်းသူ
လေး မာလာလာကိုပစ်ခတ်သော်လည်း ကံအားလျော်စွာဖြင့် အသက်မသေခဲ့ချေ။ မာလာလာသည် ယင်းဖြစ်
စဉ်ကြောင့်ကမ္ဘာကျော်ခဲ့သလိုအသက်(၁၆)နှစ်အရွယ်တွင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရရှိနိုင်လောက်သည်
အထိ မျှော်မှန်းခံရသူလေး ဖြစ်ခဲ့သည်။

မူလာသည်ပါကစ္စတန်ထိပ်တန်းစစ်ဘက်အရာရှိတစ်ဦးဖြစ်သည့်ဗိုလ်မှူးချုပ် ဆာနာလူလာ နိုင်ဇီကိုသတ်ဖြတ်
ခဲ့သူလည်း ဖြစ်သည်။ တာလီဘန် ယာယီခေါင်းဆောင် အက်စ်မတ်တူလာ ရှာဟင်ကမူလာရေဒီယိုဟုအမည်
ပြောင်ရထားသည့်လုပ်ကြံရေးသမားသည်အဖွဲ့အစည်း၏ ခေါင်းဆောင်သစ်အဖြစ်တင်မြှောက်ခံရကြောင်း
 ကြေညာသည်။ 
 
ရှိတ်ခ်ခါလစ် ဟာကာနီသည် ၎င်း၏ လက်ထောက် ဖြစ်လာခဲ့သည်။ တာလီဘန် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ရှာ
ဟီဒူလာ ရှာဟစ်ဒ်က မူလာသည် အများသဘောဖြင့် ရွေးကောက်ခံရခြင်းဟုလည်း ကြေညာသွားခဲ့သည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment