စက်တင်ဘာလအတွင်း မင်္ဂလာဒုံစက်မှုဇုန် A1 အထည်ချုပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်) |
RangonNewsDaily:: November . 10 .2013
ဆယ်လတာကာလအတွင်း နိုင်ငံတစ်ဝန်းလုံးတွင်မီးလောင်မှု၁၄၈၂ကြိမ် ဖြစ်ပွားခဲ့ပြီး ပေါ့ဆ၍ လောင်သော
ဆယ်လတာကာလအတွင်း နိုင်ငံတစ်ဝန်းလုံးတွင်မီးလောင်မှု၁၄၈၂ကြိမ် ဖြစ်ပွားခဲ့ပြီး ပေါ့ဆ၍ လောင်သော
မီးမှာ အများဆုံးဖြစ်ခဲ့၍ မီးလောင်မှုများကြောင့် သေဆုံးသူ ၅၅ ဦးထိ ရှိခဲ့ကြောင်း ဦးစီးဌာန၏ စာရင်းဇယား
များအရ သတင်းရရှိပါသည်။
ဇန်န၀ါရီလမှ အောက်တိုဘာလအထိ ၁၀ လတာ ကာလအတွင်း မြန်မာနိုင်ငံ
တစ်ဝန်းလုံးတွင် မီးလောင်မှု ၁၄၂၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ကျပ်သန်းပေါင်း
၃၆၄၁ ဒသမ ၅၄ သန်းကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ အဆိုပါ ၁၀ လအတွင်း
မီးလောင်ကျွမ်းမူများတွင် မီးဖိုမီး ၃၄၉ ကြိမ်၊ ပေါ့ဆ၍ လောင်သောမီး ၄၈၃
ကြိမ်၊ အလိုအ
လျောက် လောင်သောမီးမှာ ၃၃ ကြိမ်နှင့် လျှပ်စစ်ကြောင့်
လောင်သောမီး ၂၅၅ ကြိမ်၊ မသမာသူ ရှို့သောမီး
မှာ ၁၉၃ ကြိမ်၊ တောမီးမှာ ၁၁၁
ကြိမ် ပါဝင်ခဲ့ကြောင်း သိရသည်။
ယခုနှစ် ၁၀ တာ ကာလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်မီးလောင်မှုများမှာမန္တလေးတိုင်းဒေသ
ယခုနှစ် ၁၀ တာ ကာလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်မီးလောင်မှုများမှာမန္တလေးတိုင်းဒေသ
ကြီးတွင်၂၁၈ ကြိမ်၊ရန်ကုန်တိုင်းဒေသကြီးတွင်မီးလောင်မှု
၂၁၈ ကြိမ်နှင့်ဒုတိယအများဆုံးဖြစ်ခဲ့ပြီး၊မီးလောင်
မှုများကြောင့်
ဆုံးရှုံးမှုတန်ဖိုး အများဆုံးမှာ မန္တလေးတိုင်းဒေသကြီးတွင် ကျပ်သန်းပေါင်း
၁၁၆၇ ဒသမ ၅၀ သန်းကျော်၊ မွန်ပြည်နယ်မှာ ကျပ်သန်းပေါင်း ၆၈၈ ဒသမ ၄၆
သန်းကျော် ဆုံးရှုံးခဲ့ပြီး ဒုတိယ အများဆုံးဖြစ်
ကာ၊ စစ်ကိုင်းတိုင်း
ဒေသကြီးတွင်လည်း ၃၅၅ ဒသမ ၉၀ သန်းကျော် ဆုံးရှုံးခဲ့ပြီး တတိယ
အများဆုံးဖြစ်ခဲ့
ကြောင်း သိရသည်။
ယခုနှစ် ၁၀ လအတွင်း နိုင်ငံတစ်ဝန်းလုံး လအလိုက် မီးလောင်မှုများမှာ ဇန်န၀ါရီလတွင် ၁၆၇ ကြိမ်၊ ဖေဖေါ်
ယခုနှစ် ၁၀ လအတွင်း နိုင်ငံတစ်ဝန်းလုံး လအလိုက် မီးလောင်မှုများမှာ ဇန်န၀ါရီလတွင် ၁၆၇ ကြိမ်၊ ဖေဖေါ်
ဝါရီလတွင်၂၀၁ ကြိမ်၊မတ်တွင်၃၂၄ ကြိမ်၊ ဧပြီတွင် ၂၃၇ ကြိမ်၊ မေတွင်
၁၂၃ ကြိမ်၊ ဇွန်တွင်၈၇ ကြိမ်၊ ဇူလိုင်
တွင်အကြိမ်၇၀၊ သြဂုတ်တွင် ၆၁
ကြိမ်၊ စက်တင်ဘာတွင် ၆၉ ကြိမ်၊ အောက်တိုဘာတွင် ၈၉ ကြိမ်
မီးလောင်
ကျွမ်းမှုများ ဖြစ်ခဲ့ကြောင်း သိရသည်။
ယခုနှစ် ၁၀ လအတွင်း မီးလောင်ကျွမ်းမှုများကြောင့် အိမ်ခြေအဆောက်အအုံ ၄၅၃၉ လုံး၊ စက်ရုံအလုပ်ရုံ ၁၁ ရုံ၊ ဂိုဒေါင် ၄၃ လုံးမီးလောင်ကျွမ်းခဲ့ပြီး မီးလောင်မှုများကြောင့် လူဦးရေ ၁၄၆၉၆ ဦးမီးဘေးဒုက္ခ ရောက်
ယခုနှစ် ၁၀ လအတွင်း မီးလောင်ကျွမ်းမှုများကြောင့် အိမ်ခြေအဆောက်အအုံ ၄၅၃၉ လုံး၊ စက်ရုံအလုပ်ရုံ ၁၁ ရုံ၊ ဂိုဒေါင် ၄၃ လုံးမီးလောင်ကျွမ်းခဲ့ပြီး မီးလောင်မှုများကြောင့် လူဦးရေ ၁၄၆၉၆ ဦးမီးဘေးဒုက္ခ ရောက်
ခဲ့ရကြောင်း သိရသည်။
Eleven Media , kolatt(PBDN)
RangonNewsDaily
Eleven Media , kolatt(PBDN)
RangonNewsDaily
0 comments:
Post a Comment