Pages

Sunday, November 24, 2013

ဒေါ့မွန်ကို ဘိုင်ယန် ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်(၁၃)ရလဒ်များ

Photo: ဒေါ့မွန်ကို ဘိုင်ယန် ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်(၁၃)ရလဒ်များ
Sunday, November 24, 2013

ဘွန်ဒက်စ်လီဂါရဲ့ အယ်လ်ကလက်စီကို ပွဲစဉ်လို့ အမည်ပေးခဲ့ကြတဲ့ ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ပွဲစဉ်မှာတော့ ဒုတိယပိုင်း သွင်းဂိုးတွေနဲ့အတူ ဘိုင်ယန်မြူးနစ်က (၃)ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလမှာ ဒေါ့မွန်ကနေ ဘိုင်ယန်ကို ပြောင်းရွှေ့ခဲ့တဲ့ ကွင်းလယ်လူ ဂေါ့ဇီလည်း ဒီပွဲမှာ လူစားဝင် ကစားသွားခဲ့ပြီး ဘိုင်ယန်အတွက် အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အခုပွဲစဉ်မှာ ဂွာဒီယိုလာက ဖိလစ်လမ်းကို (၄)ယောက်တန်း ခံစစ်ရဲ့ရှေ့မှာ ကစားစေခဲ့ပြီး (၄-၁-၄-၁)ပုံစံနဲ့ ပွဲထွက်လာခဲ့ပါတယ်။

ဒါပေမဲ့ ပထမပိုင်း ပွဲချိန်မှာ ဒေါ့မွန်ရဲ့ ကစားဟန်ကြောင့် ဘိုင်ယန်တို့ အခက်တွေ့ခဲ့ရပြီး နူအာ လက်စွမ်းပြနိုင်ခဲ့လို့ ပထမပိုင်းမှာ ဂိုးမပေးခဲ့ရတာပါ။ ဒုတိယပိုင်းမှာတော့ မန်ဇူကစ်နေရာ ဂေါ့ဇီ ၀င်ကစားသွားခဲ့ပြီး ဒေါ့မွန် ပရိသတ်တွေကတော့ သူတို့ရဲ့ကစားသမားဟောင်းကို
အော်ဟစ်လှောင်ပြောင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဂေါ့ဇီဟာ လူစားဝင်ပြီး (၁၀)မိနစ်အကြာမှာတော့ အဖွင့်ဂိုး စသွင်းပေးနိုင်ခဲ့ပါတယ်။ ညာတောင်ပံကနေ မူလာ ထိုးပေးလိုက်တဲ့ ဘောလုံးကို ဧရိယာထဲကနေ ဂေါ့ဇီက ခြေဦးနဲ့ ဝှေ့ဝိုက်ကန်သွင်းခဲ့တာပါ။

ဒီနောက်မှာ ဒေါ့မွန်အတွက် ချေပဂိုးပြန်ရမယ့် အခွင့်အရေး ရှိခဲ့ပေမယ့် အမ်ခီတာရန် လွဲချော်ခဲ့တာကြောင့် နစ်နာခဲ့ရပြီး ပွဲချိန် (၈၅)မိနစ် အရောက်မှာ အယ်လ်ကန်တာရာကန်တင်ပေးလိုက်တဲ့
ဘောလုံးကို ရော်ဘင် ဆွဲယူသွားပြီး ဂိုးသမား ၀ိုင်ဒန်ဖယ်လာနဲ့ နောက်ခံလူကြားထဲကနေ အသာအယာကျော်ချခဲ့တာကြောင့် ဘိုင်ယန် ဒုတိယဂိုး ရခဲ့ပါတယ်။ ဒါ့အပြင် နောက်(၂)မိနစ် အကြာမှာလည်း ရော်ဘင်၊ ဖိလစ်လမ်းတို့ရဲ့ တွဲလုံးကတစ်ဆင့် မူလာက ဂိုးထပ်သွင်းနိုင်ခဲ့တာကြောင့် ဘိုင်ယန်တို့ ဂိုးပြတ်အနိုင်ရခဲ့တာပါ။

ဘွန်ဒက်စ်လီဂါပွဲစဉ်(၁၃)ရလဒ်များ

ဒေါ့မွန် ၀-၃ ဘိုင်ယန်မြူးနစ်

နုရင်ဘတ် ၁-၁ ၀ုဖ်ဘတ်

ဟာသာဘာလင် ၀-၁ လေဗာကူဆင်

အော့စ်ဘတ် ၂-၀ ဟော့ဖန်ဟိမ်း

ဖရန့်ဖတ် ၃-၃ ရှော်လ်ကေး

ဘရွန်ရှဝစ်ခ်ျ ၀-၁ ဖရိုင်းဘတ်

ထူးခြားမှတ်တမ်း

ဘိုင်ယန်မှာ နောက်ဆုံးကစားခဲ့သည့် ဘွန်ဒက်စ်လီဂါပွဲစဉ်(၅၀)စလုံးတွင် ဂိုးမသွင်းယူနိုင်ခဲ့သည့်ပွဲမရှိခဲ့။

အဖွင့်ပွဲ(၁၃)ပွဲ ကစားပြီးချိန်တွင် ရမှတ်(၃၅)မှတ် ရရှိခဲ့သည့် ဘိုင်ယန်မှာ ဘွန်ဒက်စ်လီဂါ သမိုင်းတစ်လျှောက် အကောင်းဆုံးအသင်းဖြစ်နေ။

ဖရိုင်းဘတ်မှာ နောက်ဆုံးကစားခဲ့သည့် ဘွန်ဒက်စ်လီဂါ အဝေးကွင်းပွဲစဉ်(၃)စလုံးတွင် ပေးဂိုးမရှိခဲ့ဘဲ ယခင်စံချိန်ဟောင်းနှင့် တူညီသွားခဲ့။

မိုချင်ဂလာဘတ် ခံစစ်မှူး အော်စကာဝမ့်ဒ်မှာ ယခုရာသီတွင် လိဂ်သွင်းဂိုး(၃)ဂိုး သွင်းယူထားနိုင်ပြီး ဂိုးအများဆုံး သွင်းယူထားသည့် ဘွန်ဒက်စ်လီဂါ ခံစစ်မှူးဖြစ်နေ

yoyarlay.com/sport/football/38869-2013-11-23-21-06-24
ဇော်ထွန်း(ရိုးရာလေး)

RangonNewsDaily:: November . 24 .2013
ဘွန်ဒက်စ်လီဂါရဲ့ အယ်လ်ကလက်စီကို ပွဲစဉ်လို့ အမည်ပေးခဲ့ကြတဲ့ ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ပွဲစဉ်မှာတော့ ဒုတိယပိုင်း သွင်းဂိုးတွေနဲ့အတူ ဘိုင်ယန်မြူးနစ်က (၃)ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလမှာ ဒေါ့မွန်ကနေ ဘိုင်ယန်ကို ပြောင်းရွှေ့ခဲ့တဲ့ ကွင်းလယ်လူ ဂေါ့ဇီလည်း ဒီပွဲမှာ လူစားဝင် ကစားသွားခဲ့ပြီး ဘိုင်ယန်အတွက် အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အခုပွဲစဉ်မှာ ဂွာဒီယိုလာက ဖိလစ်လမ်းကို (၄)ယောက်တန်း ခံစစ်ရဲ့ရှေ့မှာ ကစားစေခဲ့ပြီး (၄-၁-၄-၁)ပုံစံနဲ့ ပွဲထွက်လာခဲ့ပါတယ်။

ဒါပေမဲ့ ပထမပိုင်း ပွဲချိန်မှာ ဒေါ့မွန်ရဲ့ ကစားဟန်ကြောင့် ဘိုင်ယန်တို့ အခက်တွေ့ခဲ့ရပြီး နူအာ လက်စွမ်းပြနိုင်ခဲ့လို့ ပထမပိုင်းမှာ ဂိုးမပေးခဲ့ရတာပါ။ ဒုတိယပိုင်းမှာတော့ မန်ဇူကစ်နေရာ ဂေါ့ဇီ ၀င်ကစားသွားခဲ့ပြီး ဒေါ့မွန် ပရိသတ်တွေကတော့ သူတို့ရဲ့ကစားသမားဟောင်းကို
အော်ဟစ်လှောင်ပြောင်ခဲ့ကြပါတယ်။ 
 
ဒါပေမဲ့ ဂေါ့ဇီဟာ လူစားဝင်ပြီး (၁၀)မိနစ်အကြာမှာတော့ အဖွင့်ဂိုး စသွင်းပေးနိုင်ခဲ့ပါတယ်။ ညာတောင်ပံကနေ မူလာ ထိုးပေးလိုက်တဲ့ ဘောလုံးကို ဧရိယာထဲကနေ ဂေါ့ဇီက ခြေဦးနဲ့ ဝှေ့ဝိုက်ကန်သွင်းခဲ့တာပါ။

ဒီနောက်မှာ ဒေါ့မွန်အတွက် ချေပဂိုးပြန်ရမယ့် အခွင့်အရေး ရှိခဲ့ပေမယ့် အမ်ခီတာရန် လွဲချော်ခဲ့တာကြောင့် နစ်နာခဲ့ရပြီး ပွဲချိန် (၈၅)မိနစ် အရောက်မှာ အယ်လ်ကန်တာရာကန်တင်ပေးလိုက်တဲ့
ဘောလုံးကို ရော်ဘင် ဆွဲယူသွားပြီး ဂိုးသမား ၀ိုင်ဒန်ဖယ်လာနဲ့ နောက်ခံလူကြားထဲကနေ အသာအယာကျော်ချခဲ့တာကြောင့် ဘိုင်ယန် ဒုတိယဂိုး ရခဲ့ပါတယ်။ 
 
ဒါ့အပြင် နောက်(၂)မိနစ် အကြာမှာလည်း ရော်ဘင်၊ ဖိလစ်လမ်းတို့ရဲ့ တွဲလုံးကတစ်ဆင့် မူလာက ဂိုးထပ်သွင်းနိုင်ခဲ့တာကြောင့် ဘိုင်ယန်တို့ ဂိုးပြတ်အနိုင်ရခဲ့တာပါ။

ဘွန်ဒက်စ်လီဂါပွဲစဉ်(၁၃)ရလဒ်များ

ဒေါ့မွန် ၀-၃ ဘိုင်ယန်မြူးနစ်

နုရင်ဘတ် ၁-၁ ၀ုဖ်ဘတ်

ဟာသာဘာလင် ၀-၁ လေဗာကူဆင်

အော့စ်ဘတ် ၂-၀ ဟော့ဖန်ဟိမ်း

ဖရန့်ဖတ် ၃-၃ ရှော်လ်ကေး

ဘရွန်ရှဝစ်ခ်ျ ၀-၁ ဖရိုင်းဘတ်

ထူးခြားမှတ်တမ်း

ဘိုင်ယန်မှာ နောက်ဆုံးကစားခဲ့သည့် ဘွန်ဒက်စ်လီဂါပွဲစဉ်(၅၀)စလုံးတွင် ဂိုးမသွင်းယူနိုင်ခဲ့သည့်ပွဲမရှိခဲ့။

အဖွင့်ပွဲ(၁၃)ပွဲ ကစားပြီးချိန်တွင် ရမှတ်(၃၅)မှတ် ရရှိခဲ့သည့် ဘိုင်ယန်မှာ ဘွန်ဒက်စ်လီဂါ သမိုင်းတစ်လျှောက် အကောင်းဆုံးအသင်းဖြစ်နေ။

ဖရိုင်းဘတ်မှာ နောက်ဆုံးကစားခဲ့သည့် ဘွန်ဒက်စ်လီဂါ အဝေးကွင်းပွဲစဉ်(၃)စလုံးတွင် ပေးဂိုးမရှိခဲ့ဘဲ ယခင်စံချိန်ဟောင်းနှင့် တူညီသွားခဲ့။

မိုချင်ဂလာဘတ် ခံစစ်မှူး အော်စကာဝမ့်ဒ်မှာ ယခုရာသီတွင် လိဂ်သွင်းဂိုး(၃)ဂိုး သွင်းယူထားနိုင်ပြီး ဂိုးအများဆုံး သွင်းယူထားသည့် ဘွန်ဒက်စ်လီဂါ ခံစစ်မှူးဖြစ်နေ

(ရိုးရာလေး)  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment