Pages

Sunday, November 24, 2013

မက္ကဆီကို မူးယစ်ဂိုဏ်းခေါင်းဆောင်၏ သား အမေရိကန်တွင် ဖမ်းမိ

နိုဝင်ဘာ ၂၄။

မက္ကဆီကို ဆင်နယ်လိုယာ မူးယစ်ဂိုဏ်းတစ်ဂိုဏ်းမှ ခေါင်ဆောင်၏ သားဖြစ်သူကို မူးယစ်မှောင်ခိုမှုဖြင့်  အမေရိကန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း အစိုးရရှေ့နေများက နိုဝင်ဘာ ၂၂တွင် ပြောကြားခဲ့သည်။ 

ဆာရာဖင်ဇန် ဘာဒါအော်တစ်ဇ် အသက် ၂၃နှစ်ကို နိုဝင်ဘာ ၂၀ရက် အရီဇိုးနားပြည်နယ် နိုဂန့်စ်မြို့အနီး နယ်စပ်မှ အမေရိကန်နိုင်ငံ အတွင်း ဖြတ်ကျော် ၀င်ရောက်စဉ် ဖမ်ဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

မာယိုဟု လူသိများသည့် ဇန်ဘာဒါသည် ဆင်နယ်လိုယာ မူးယစ်ဂိုဏ်းခေါင်းဆောင် အစ္စမေးဇန်ဘာဒါဂါစီယာ၏ သားဖြစ်သည်။ 

ဇန်ဘာဒါသည် စက်တင်ဘာလက ကိုကင်း ငါးကီလိုနှင့် မက်သာဖက်သမင်း ၅၀၀ဂရမ်ကို မူးယစ်ကုန် ကူးမှုဖြင့် စွဲချက်တင်ထားပြီးကြောင်း သူ၏ အမှုတွဲတွင် ဖော်ပြထားသည်။ 

သူ၏ ဇနီးကိုလည်း မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုဖြင့် ဖမ်းခဲ့သော်လည်း ပြန်လွှတ်ပေးခဲ့သည်။

ဇန်ဘာဒါသည် ဆန်ဒီယာဂိုတွင် မွေးဖွားပြီး အမေရိကန် နိုင်ငံသားလည်း ခံယူထားသည်။ 

တောင်ကယ်လီဖိုးနီးယား ရှေ့နေများရုံးက သူ၏အမှုအတွက် အရီဇိုးနားမှ ဆန်ဒီယာဂိုသို့ လွှဲပြောင်းပေးရန် တောင်းဆိုထားသော်လည်း မည်သည့် ရက်တွေ ရွေ့ပြောင်းမည်ကို မသိရသေးပေ။

ဆင်နယ်လိုယာ မူးယစ်ဂိုဏ်းများအနက် အဓိက ဂိုဏ်းခေါင်းဆောင်မှာ Joaquin "El Chapo" Guzman ဆိုသူဖြစ်ပြီး ၂၀၁၁ခုနှစ်က မက္ကဆီကိုအကျဥ်းထောင်မှ ထောင်ဖောက် ထွက်ပြေးသွားခဲ့သည်။ 

သူသည် အမေရိကန်တို့၏ အလိုရှိဆုံး မူးယစ်ဆေးဝါးရောင်းဝယ်သူ ဖြစ်သည်။ 

ထိုနည်းတူ Forbes မဂ္ဂဇင်းကလည်း စွမ်းအားအကြီးဆုံး ရာဇ၀တ်ကောင် အဖြစ် သတ်မှတ်ထားသည်။

မက္ကဆီကိုတွင် လက်ရှိအချိန်၌ သမ္မတဟောင်းဖြစ်နေသော Felipe Calderon ၏ သမ္မတသက်တမ်းစတင်ချိန် ၂၀၀၆ခုနှစ်မှ စ၍ မူးယစ်ဂိုဏ်းများကို ရှာဖွေဖော်ထုတ် နှိမ်နင်းလျက်ရှိရာ ယခုအချိန်အထိ ဂိုဏ်းအချင်းချင်း တိုက်ခိုက်မှုများ၊ မူးယစ်လောကသားများနှင့် နှိမ်နှင်းသူများအကြား ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများ၊ လုပ်ကြံမှုများကြောင့် သေဆုံးသူပေါင်း ၇၇၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်။ 

Ref: AFP

RangonNewsDaily:: November . 24 .2013
မက္ကဆီကို ဆင်နယ်လိုယာ မူးယစ်ဂိုဏ်းတစ်ဂိုဏ်းမှ ခေါင်ဆောင်၏ သားဖြစ်သူကို မူးယစ်မှောင်ခိုမှုဖြင့် အမေရိကန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း အစိုးရရှေ့နေများက နိုဝင်ဘာ ၂၂တွင် ပြောကြားခဲ့သည်။ ဆာရာဖင်ဇန် ဘာဒါအော်တစ်ဇ် အသက် ၂၃နှစ်ကို နိုဝင်ဘာ ၂၀ရက် အရီဇိုးနားပြည်နယ် နိုဂန့်စ်မြို့အနီး နယ်စပ်မှ အမေရိကန်နိုင်ငံ အတွင်း ဖြတ်ကျော် ၀င်ရောက်စဉ် ဖမ်ဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

မာယိုဟု လူသိများသည့် ဇန်ဘာဒါသည် ဆင်နယ်လိုယာ မူးယစ်ဂိုဏ်းခေါင်းဆောင် အစ္စမေးဇန်ဘာဒါဂါစီယာ၏ သားဖြစ်သည်။

ဇန်ဘာဒါသည် စက်တင်ဘာလက ကိုကင်း ငါးကီလိုနှင့် မက်သာဖက်သမင်း ၅၀၀ဂရမ်ကို မူးယစ်ကုန် ကူးမှုဖြင့် စွဲချက်တင်ထားပြီးကြောင်း သူ၏ အမှုတွဲတွင် ဖော်ပြထားသည်။

သူ၏ ဇနီးကိုလည်း မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုဖြင့် ဖမ်းခဲ့သော်လည်း ပြန်လွှတ်ပေးခဲ့သည်။

ဇန်ဘာဒါသည် ဆန်ဒီယာဂိုတွင် မွေးဖွားပြီး အမေရိကန် နိုင်ငံသားလည်း ခံယူထားသည်။

တောင်ကယ်လီဖိုးနီးယား ရှေ့နေများရုံးက သူ၏အမှုအတွက် အရီဇိုးနားမှ ဆန်ဒီယာဂိုသို့ လွှဲပြောင်းပေးရန် တောင်းဆိုထားသော်လည်း မည်သည့် ရက်တွေ ရွေ့ပြောင်းမည်ကို မသိရသေးပေ။

ဆင်နယ်လိုယာ မူးယစ်ဂိုဏ်းများအနက် အဓိက ဂိုဏ်းခေါင်းဆောင်မှာ Joaquin "El Chapo" Guzman ဆိုသူဖြစ်ပြီး ၂၀၁၁ခုနှစ်က မက္ကဆီကိုအကျဥ်းထောင်မှ ထောင်ဖောက် ထွက်ပြေးသွားခဲ့သည်။

သူသည် အမေရိကန်တို့၏ အလိုရှိဆုံး မူးယစ်ဆေးဝါးရောင်းဝယ်သူ ဖြစ်သည်။

ထိုနည်းတူ Forbes မဂ္ဂဇင်းကလည်း စွမ်းအားအကြီးဆုံး ရာဇ၀တ်ကောင် အဖြစ် သတ်မှတ်ထားသည်။

မက္ကဆီကိုတွင် လက်ရှိအချိန်၌ သမ္မတဟောင်းဖြစ်နေသော Felipe Calderon ၏ သမ္မတသက်တမ်းစတင်ချိန် ၂၀၀၆ခုနှစ်မှ စ၍ မူးယစ်ဂိုဏ်းများကို ရှာဖွေဖော်ထုတ် နှိမ်နင်းလျက်ရှိရာ ယခုအချိန်အထိ ဂိုဏ်းအချင်းချင်း တိုက်ခိုက်မှုများ၊ မူးယစ်လောကသားများနှင့် နှိမ်နှင်းသူများအကြား ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများ၊ လုပ်ကြံမှုများကြောင့် သေဆုံးသူပေါင်း ၇၇၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်။

Ref: AFP ,Myanmar Age , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment