Pages

Thursday, October 3, 2013

ဆီးဂိမ်းဘောလုံးပွဲများ စနစ်တကျအားပေးရန် အမာခံ ဖန်ကလပ် ဖွဲ့စည်းမည်

Photo: ဆီးဂိမ်းဘောလုံးပွဲများ စနစ်တကျအားပေးရန် အမာခံ ဖန်ကလပ် ဖွဲ့စည်းမည်
Thursday, October 3, 2013

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲ ဘောလုံးပွဲစဉ်များကို ပရိသတ်များစနစ်တကျ အားပေးနိုင်ရန်အတွက် အမာခံ ဖန်ကလပ်ဖွဲ့စည်းမည် ဖြစ်ကြောင်း ဆီးဂိမ်းအမျိုးသားဘောလုံး အောင်နိုင်ရေး ကော်မတီဥက်္ကဋ္ဌ ဦးအောင်မိုးကျော်က မဇ်္ဈိမသို့ အတည်ပြု ပြောကြားသည်။

“လာမယ့်  ဆီးဂိမ်းဘောလုံးပွဲတွေမှာ ပရိသတ်တွေ စနစ်တကျအားပေးနိုင်ဖို့ ကျွန်တော်နဲ့ ဦးဇော်ဇော်တို့ တိုင်ပင်နေပါတယ်။ ကျွန်တော်တို့ အမာခံ ဖန်ကလပ်ဖွဲ့ပြီး ပရိသတ်တွေကို ဦးဆောင်နိုင်ဖို့ စီစဉ်ထားပါတယ်။
နိုင်ငံတော်သီချင်း၊ ဒါမှမဟုတ် အားကစားသီချင်းတွေ သံပြိုင်ဆိုမယ်။ မလေးရှားမှာ ကစားခဲ့တဲ့ မာဒေးကားပြိုင်ပွဲမှာ သူတို့အသင်းကို အားပေးတဲ့ ဖန်ကလပ်တွေဖွဲ့ပြီး စနစ်တကျ အားပေးနိုင်တာတွေ့ရတယ်။ လာမယ့်ဆီးဂိမ်းမှာ ကျွန်တော်တို့ ဘောလုံးအသင်း ရွှေတံဆိပ်ရနိုင်ဖို့က ပရိသတ်အားပေးမှုအပေါ်မှာ အများကြီး မူတည်ပါတယ်”ဟု ဦးအောင်မိုးကျော်က ဆိုသည်။

ဘောလုံးအားကစားနည်းမှာ မြန်မာနိုင်ငံတွင် လူကြိုက်များသော ကစားနည်းဖြစ်ပြီးပရိသတ် အားပေးမှု များပြားသလို မြန်မာပရိသတ်များ၏ စည်းကမ်းမဲ့ အားပေးမှုကြောင့် ဖီဖာ၏အရေးယူမှုကို ခံခဲ့ရဖူးသည့် သာဓကလည်းရှိသည်။

ဆိုးသွမ်းပရိသတ်များကို ထိန်းသိမ်းရာ၌ လုံခြုံရေးဖြင့် ထိန်းသိမ်းရန်ထက် ပရိသတ် အချင်းချင်း ပညာပေး ထိန်းသိမ်းမှသာ ဆီးဂိမ်းတွင် စည်းကမ်းမဲ့ အားပေးမှုများကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်းလည်း ဦးအောင်မိုးကျော်က ဆိုသည်။

“ဆီးဂိမ်းမှာ နိုင်ငံဂုဏ်သိက္ခာအတွက် ပရိသတ်တွေကို ထိန်းသိမ်းနိုင်ဖို့လိုပါတယ်။ လုံခြုံရေး အင်အားသုံးပြီးဖြေရှင်း တာထက် ပရိသတ် အချင်းချင်းပြန်ထိန်းတာက ပိုလွယ်ပါမယ်။ လုံခြုံရေးဆိုတာက တစ်ခုခုလုပ်ပြီးမှ ထိန်းနိုင်တာလေ။ ကွင်းထဲမှာ ပရိသတ်တွေကို
ဦးဆောင်နိုင်မယ့် အဖွဲ့တစ်ဖွဲ့ရှိနေမယ်ဆိုရင် သူတို့အားပေးမှု ပိုကောင်းလာနိုင်တယ်”ဟု ၎င်းကဆိုသည်။

အမာခံဖန်ကလပ်အဖွဲ့ကို လူအင်အား (၅၀၀၀) ခန့်ဖြင့် ဖွဲ့စည်းရန် စီစဉ်ထားပြီး ပြိုင်ပွဲမတိုင်မီ တစ်လခန့် အလိုတွင်လေ့ကျင့်မှု ပြု လုပ်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။ ဖန်ကလပ်ဖွဲ့စည်းရေးအတွက် အကြိုညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ (၁) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ဗီယက်နမ်နှင့် ကစားမည့် ခြေစမ်းပွဲမှစတင်ကာ အစမ်းလေ့ကျင့် မှုများ ပြုလုပ်မည်ဖြစ်သည်။

ရဲရင့်ဌေး
Mizzima - News in Burmese

RangonNewsDaily:: October. 3 .2013
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲ ဘောလုံးပွဲစဉ်များကို ပရိသတ်များစနစ်တကျ အားပေးနိုင်ရန်အတွက်အမာခံဖန်ကလပ်ဖွဲ့စည်းမည် ဖြစ်ကြောင်းဆီးဂိမ်းအမျိုးသားဘောလုံး အောင်နိုင်ရေး
ကော်မတီဥက်္ကဋ္ဌ ဦးအောင်မိုးကျော်က မဇ်္ဈိမသို့ အတည်ပြု ပြောကြားသည်။ “လာမယ့်  ဆီးဂိမ်းဘောလုံးပွဲတွေမှာပရိသတ်တွေ စနစ်တကျအားပေးနိုင်ဖို့ ကျွန်တော်နဲ့ ဦးဇော်ဇော်တို့ တိုင်
ပင်နေပါတယ်။ ကျွန်တော်တို့ အမာခံ ဖန်ကလပ်ဖွဲ့ပြီး ပရိသတ်တွေကို ဦးဆောင်နိုင်ဖို့ စီစဉ်ထားပါတယ်။
နိုင်ငံတော်သီချင်း၊ ဒါမှမဟုတ် အားကစားသီချင်းတွေ သံပြိုင်ဆိုမယ်။ 
 
မလေးရှားမှာ ကစားခဲ့တဲ့ မာဒေးကားပြိုင်ပွဲမှာ သူတို့အသင်းကို အားပေးတဲ့ ဖန်ကလပ်တွေဖွဲ့ပြီး စနစ်တကျ အားပေးနိုင်တာတွေ့ရတယ်။ လာမယ့်ဆီးဂိမ်းမှာ ကျွန်တော်တို့ ဘောလုံးအသင်း ရွှေတံဆိပ်ရနိုင်ဖို့က ပရိ
သတ်အားပေးမှုအပေါ်မှာ အများကြီး မူတည်ပါတယ်”ဟု ဦးအောင်မိုးကျော်က ဆိုသည်။

ဘောလုံးအားကစားနည်းမှာ မြန်မာနိုင်ငံတွင် လူကြိုက်များသော ကစားနည်းဖြစ်ပြီးပရိသတ် အားပေးမှု များ
ပြားသလို မြန်မာပရိသတ်များ၏စည်းကမ်းမဲ့ အားပေးမှုကြောင့်ဖီဖာ၏အရေးယူမှုကိုခံခဲ့ရဖူးသည့်သာဓက
လည်းရှိသည်။

ဆိုးသွမ်းပရိသတ်များကို ထိန်းသိမ်းရာ၌ လုံခြုံရေးဖြင့် ထိန်းသိမ်းရန်ထက် ပရိသတ် အချင်းချင်း ပညာပေး ထိန်းသိမ်းမှသာဆီးဂိမ်းတွင်စည်းကမ်းမဲ့ အားပေးမှုများကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်းလည်း ဦးအောင်မိုး
ကျော်က ဆိုသည်။

“ဆီးဂိမ်းမှာ နိုင်ငံဂုဏ်သိက္ခာအတွက် ပရိသတ်တွေကို ထိန်းသိမ်းနိုင်ဖို့လိုပါတယ်။ လုံခြုံရေး အင်အားသုံးပြီး
ဖြေရှင်း တာထက် ပရိသတ် အချင်းချင်းပြန်ထိန်းတာက ပိုလွယ်ပါမယ်။ လုံခြုံရေးဆိုတာက တစ်ခုခုလုပ်ပြီးမှ ထိန်းနိုင်တာလေ။ ကွင်းထဲမှာ ပရိသတ်တွေကိုဦးဆောင်နိုင်မယ့် အဖွဲ့တစ်ဖွဲ့ရှိနေမယ်ဆိုရင် သူတို့အားပေးမှု
ပိုကောင်းလာနိုင်တယ်”ဟု ၎င်းကဆိုသည်။

အမာခံဖန်ကလပ်အဖွဲ့ကို လူအင်အား (၅၀၀၀) ခန့်ဖြင့် ဖွဲ့စည်းရန် စီစဉ်ထားပြီး ပြိုင်ပွဲမတိုင်မီ တစ်လခန့် အ
လိုတွင်လေ့ကျင့်မှု ပြု လုပ်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။ ဖန်ကလပ်ဖွဲ့စည်းရေးအတွက် အကြိုညှိနှိုင်း
အစည်းအဝေးကို အောက်တိုဘာ (၁) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ဗီယက်နမ်နှင့် ကစားမည့် ခြေစမ်းပွဲမှစ
တင်ကာ အစမ်းလေ့ကျင့် မှုများ ပြုလုပ်မည်ဖြစ်သည်။

ရဲရင့်ဌေး
Mizzima - News , RangonNewsDaily
kolatt (Pabedan):

0 comments:

Post a Comment