Pages

Thursday, October 3, 2013

၁၂ တန်း ပညာရေးစနစ် စီမံချက်ရေးဆွဲနေဆဲသာဖြစ်ဟု ဒု-ဝန်ကြီးပြော

RangonNewsDaily:: October. 3 .2013
လက်ရှိသင်ကြားလျှက်ရှိသော အခြေခံပညာရေးစနစ်အား ၁၂ တန်းထိ သင်ကြားရသည့် စနစ်သို့ ပြောင်းလဲ

ရန်ပညာရေးဝန်ကြီးဌာနကစီစဉ်လျှက်ရှိသော်လည်းထိုစနစ်ကိုမည်သည့်ပညာသင်နှစ်တွင် စတင်အကောင်
အထည်ဖော်မည်ကိုမူ အချိန်ကာလသတ်မှတ်ထားခြင်း မရှိသေးကြောင်း ပညာရေး ဒု-ဝန်ကြီး ဒေါက်တာစန်း
လွင်က ပြောသည်။
"ပညာရေးဝန်ကြီးဌာနအနေနဲ့ လောလောဆယ်ကတော့စီမံချက်ရေးဆွဲနေဆဲကာလပဲဖြစ်ပါတယ်။ ဒီစီမံချက်
ကို ရေးဆွဲပြီးရင်တော့ နိုင်ငံတော်အစိုးရနဲ့ လွှတ်တော်များသို့ တင်ပြပြီးတော့ အတည်ပြုချက်ရယူနိုင်ရေး ကြိုး
ပမ်းဆောင်ရွက်ရန် စီစဉ်လျက်ရှိတယ်" ဟု ဒုဝန်ကြီးကဆိုသည်။

ပြောင်းလဲမည့် ထိုပညာရေးစနစ်အားပညာရေးဝန်ထမ်းဆရာ/ဆရာမများနှင့် ပြည်သူများသို့အသိပေးရန် ရန်

ကုန်တိုင်းမှလွှတ်တော်အမတ် ဦးနု၏ မေးခွန်းထုတ်မှုကိုစက်တင်ဘာ ၃ ရက်ကပြုလုပ်သည့်အမျိုးသားလွှတ်
တော်တွင် ဒေါက်တာစန်းလှိုင်က ထိုသို့ ပြန်ဖြေခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံပညာရေး သုတေသနဦးစီးဌာနမှာ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ထွေးက "အခုက စီမံချက်ရေးဆွဲနေတုန်းပဲလေ။ဒီစနစ်အရဆိုရင် ကျောင်းအဆောက်အဦးတွေရောပညာရေးဝန်ထမ်းတွေလည်း အများကြီး လိုအပ်မှာလေ" ဟု မဇ္ဈိမကို စက်တင်ဘာလ ဒုတိယပတ်အတွင်းက ပြောဆိုထားသည်။

ပညာရေးဝန်ကြီးဌာနက လက်ရှိရေးဆွဲနေသည့် အခြေခံပညာရေးစနစ်မှာ သူငယ်တန်း(KG)တစ်နှစ်၊ မူလတန်း ငါးနှစ်၊ အလယ်တန်း လေးနှစ်နှင့် အထက်တန်း သုံးနှစ်ထိ သင်ကြားရမည်ဖြစ်သည်။

ယင်းပညာရေးစနစ်တွင် လက်ရှိပညာရေးစနစ်ကဲ့သို့ အသက်ငါးနှစ်တွင် ကျောင်းအပ်ရမည်ဖြစ်သော်လည်း သူငယ်တန်းနှင့် ၁၂ တန်းအထိပညာသင်ရမည်ဖြစ်ကာ အသက် ၁၈ နှစ်ပြည့်မှသာ အခြေခံပညာပြီး
ဆုံးမည်

ဖစ်သည်။

ထိုပညာရေးစနစ်စတင်ပါကသူငယ်တန်းကလေးများကိုစာသင်သည့်နည်းဖြင့်သင်ကြားမည်မဟုတ်
ဘဲ ဆော့

ကစားရင်း လေ့လာသင်ယူခြင်းစနစ်ဖြင့် သင်ကြားမည်ဟုလည်း ဒု- ဝန်ကြီးကပြောသည်။

ပညာရေးစနစ်ကိုပြောင်းလဲမည်ဆိုပါက သင်ကြားပုံစနစ် လည်း ပြောင်းလဲရန်လိုသည်ဟု ပညာရေးပြုပြင်

ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက်(NNER) က ဦးဆောင်သူတစ်ဦးဖြစ်သော ဒေါက်တာသိန်းလွင်က
 ပြောဆိုထားသည်။

မင်းမင်း
Mizzima - News , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment