Pages

Monday, October 14, 2013

တာမွေတွင် ငွေစက္ကူအတုများ ဖမ်းဆီးရမိ

RangonNewsDaily:: October. 14 .2013

တာမွေမြို့နယ်တွင် ငွေစက္ကူအတုရောင်းဝယ်မည်ဟု သတင်းရရှိပြီးနောက် တစ်ထောင်ကျပ်တန် ငွေစက္ကူအတုများ သယ်ဆောင်လာသည့် အမျိုးသမီးတစ်ဦးကို အောက်တိုဘာ ၁၂ ရက်ညက ဖမ်းဆီးမိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။ အောက်တိုဘာ ၁၂ ရက်ညက တာမွေရဲတပ်ဖွဲ့ဝင်များသည် ငွေစက္ကူအတု ရောင်းဝယ်မှုပြုလုပ်မည်ဟု ကြိုတင် သတင်းရရှိထားမှုအရ အရိုးကုန်းရပ်ကွက်၊ ဗညားဒလလမ်းနှင့် ၁၄၆ လမ်းထောင့်ရှိ ဖောင်းဖောင်း အမည်ရှိ လက်ဖက်ရည်ဆိုင်တွင် စောင့်ဆိုင်းခဲ့ကြသည်။

ထိုအချိန်တွင် ဆိုင်အတွင်းသို့ Maddox စာတမ်းပါ အဖြူအစင်းအနက်ရောင် လက်ဆွဲအိတ်တစ်လုံးနှင့် အတူ ၀င်လာသည့် မလွင်လွင်ခိုင်(ခ) မသိမ့်သိမ့် (၃၅)နှစ်၊ ကျပန်း၊ ငုဝါမြိုင်လမ်း၊ (၁၀၇) ရပ်ကွက်၊ ဒဂုံတောင်မြို့နယ်
နေသူအား မင်္သကာသဖြင့် ရှာဖွေစစ်ဆေးခဲ့သည်ဟုလည်း တိုင်းရဲဌာနက ဖော်ပြထားသည်။

ထို့ကြောင့် ၎င်းကိုင်ဆောင်ခဲ့သော လက်ဆွဲအိတ်အတွင်းမှ ငွေစက္ကူအတုဟုယူဆရသည့် တစ်ထောင် ကျပ်တန် အသေး ၄၁၀ ရွက်နှင့် အနက်ရောင်လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

ယင်းတိုင်တန်းမှုကို ရဲစခန်းက (ပ) ၄၅၁/၂၀၁၃ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံရသူအား စစ်ဆေးနေကာ ပြစ်မှု ကျူးလွန်ကြောင်း ဟုတ်မှန်ပါက ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅/ ၁၀၆ ဖြင့် တရားစွဲတင်မည်ဟု ဆိုထားသည်။

အောက်တိုဘာ ၇ ရက်ကလည်း မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေးတွင် ငါးထောင်တန် ငွေစက္ကူ အတုသုံးစွဲနေ သူနှစ်ဦးအား ဖမ်းဆီးရမိခဲ့သဖြင့် မြို့နယ်ရဲစခန်းက (ပ)၆၇၈/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅ဖြင့် တရားစွဲတင်ရန် ဆောင်ရွက်ခဲ့ရသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်မှုများအရ သိရသည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment