Pages

Monday, October 14, 2013

ဖြူးတွင် ဒုတိယအကြိမ် ခေါင်းဖြတ် လူသတ်မှု တစ်ခုဖြစ်ပွား

RangonNewsDaily:: October. 13 .2013

ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်၊ခင်တန်းကြီးအုပ်စု၊ကျွဲမကူး ကျေးရွာတွင်မနေ့ ညနေ ပိုင်း(၁၂.၁၀.၂၀၁၃)
နေ့ ညနေ(၆း၀၀)အချိန်ခန့်က လင်မယား(၂)ယောက်အား ခေါင်းဖြတ်သတ်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သ
တင်း ရရှိပါတယ်။
ကျွဲမကူးကျေးရွာ၏ အနောက်ဘက် (၁)ဖာလုံခန့် အကွာ ဒေါ်သန်းသန်းလွင်၊(၄၉)နှစ်၊(ဘ)ဦးစိုးမြင့်၊ ဈေးရပ်
ကွက်(၂)လမ်း၊ မြို့မအနောက်ရပ်ကွက်၊ ဖြူးမြို့နေသူ၏ ပျဉ်းကတိုး စိုက်ခင်းတွင် အစောင့် လုပ်ကိုင်နေသော ဦးဇော်မင်း၊(၅၆)နှစ်၊(ဘ) ဦးဇသန်းဘဟာဒူး၊ဂေါ်တဂါး/ဗုဒ္ဓ၊နှင့်၎င်း၏ ဇနီးဖြစ်သူ ဒေါ်တင်ရွှေ ၊(၅၅)နှစ်၊တို့ သတ်ဖြတ်ခံရတာ ဖြစ်ပါတယ်။

အဆိုပါလင်မယား ပြန်မလာသဖြင့်ကိုဝင်းလှိုင် နှင့် ကိုအေးနိုင်တို့ စိုက်ကွင်းအတွင်းသို့ သွား ရောက်ကြည့်
ရှုရာ တဲအတွင်းရှိ မြေကြီးပေါ်၌ ဦးဇော်မင်းမှာ လည်ပင်းပြတ်၊ ခေါင်းရှာမတွေ့၊ ယာရင်အုံထိုးသွင်းဒ ဏ်ရာ
တစ်ချက်၊၄င်း၏ဇနီး ဒေါ်တင်ရွှေ မှာ ၀မ်းဗိုက်ဝဲဘက်ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့်သေဆုံးသည်ကို တွေ့ရှိ
ရတာပါ။

အဆိုပါ လူသတ်မှုအား ဦးဇော်နိုင်ဦး(၃၆)နှစ်၊ (ဘ)ဦးလှမြင့်မှ တရားလိုပြုလုပ်၍ ဖြူးမြို့မစခန်းသို့ တိုင်ကြား
ခဲ့ရာ စခန်းမှ (ပ)၄၃၃/၂၀၁၃၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၂ အရအမှုဖွင့် အရေးယူထားပြီး တရားခံအား အပူတပြင်းလိုက်လံ ဖမ်းဆီး ဖော်ထုတ်လျှက်ရှိကြောင်း သတင်းရရှိပါတယ်။

ကိုသန့် ဇင်
Myanmar News Now::--, kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment