Pages

Saturday, September 28, 2013

တူရကီတွင် PKK သူပုန်များ အကျဉ်းထောင် ဖောက်ထွက်ပြေးမှု နှင့် စပ်လျဉ်း၍ သတိပေးချက် ထုတ်ပြန်

Photo: တူရကီတွင် PKK သူပုန်များ အကျဉ်းထောင် ဖောက်ထွက်ပြေးမှု နှင့် စပ်လျဉ်း၍ သတိပေးချက် ထုတ်ပြန်
 Saturday, September 28, 2013

တူရကီနိုင်ငံ ရှိ အကျဉ်းထောင် တစ်ခုတွင် ဖမ်းဆီး ထိန်းသိမ်း ထားသော ကာဒစ်ရှ် စစ်သွေးကြွ PKK အဖွဲ့ (ပုံ) မှ အဖွဲ့ဝင် ၁၈ ဦးသည် စက်တင်ဘာလ ၂၅ ရက်က အကျဉ်းထောင် ဖောက်ထွက်ပြေး ခဲ့ပြီးနောက် ၄င်းစစ်
သွေးကြွ အဖွဲ့ဝင်များကို ဖမ်းဆီးထိန်းသိမ်း ထားသည့် နိုင်ငံ တစ်ဝန်းရှိ အကျဉ်းထောင် များတွင် လုံခြုံရေးကို တင်းကျပ် ထားကြရန် သတိပေးချက် တစ်ရပ်ကို တူရကီ အာဏာပိုင် များက ထုတ်ပြန် ခဲ့ကြောင်း စက်တင်ဘာ ၂၇ ရက်က အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြ ထားသည်။

ယင်းကဲ့သို့ အကျဉ်းထောင် ဖောက် ထွက်ပြေးမှု များကို ကာကွယ် တားဆီးရန် အကျဉ်းထောင် များတွင် လုံခြုံရေး စနစ်များကို တိုးမြှင့် ချထားသင့်ကြောင်း တရားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော အစီရင်ခံစာ များတွင် ဖော်ပြထားသည်။

ထို့ပြင် အကျဉ်းထောင် အဆောက်အအုံ ၊ ခြံဝင်း ၊ မီးဖိုချောင် ၊ လှေကား ၊ အိပ်ရာနှင့် ဗီရိုအောက် ရှိနေရာ များကို သတိထား၍ စောင့်ကြည့် စစ်ဆေးသင့်ကြောင်း အစီရင်ခံစာတွင် ဆက်လက် ဖော်ပြထားသည်။

ကာဒစ်ရှ် စစ်သွေးကြွ အဖွဲ့မှ အဖွဲ့ဝင် ၁၈ ဦးသည် အကျဉ်းထောင် အတွင်းမှ အရှေ့ ဘင်ဂေါလ် ပြည်နယ်သို့ ဥမင်လိုဏ်ခေါင်း တူး၍ ထွက်ပြေး ခဲ့ရာ ၄င်းတို့ အနက် ၁၇ ဦးကို ပြန်လည် ဖမ်းဆီးရမိ ခဲ့ပြီး ကျန်တစ်ဦးမှာ လွတ်မြောက်သွား ခဲ့ကြောင်း သိရသည်။

TheMyawadyDaily


RangonNewsDaily:: September 28, 2013

တူရကီနိုင်ငံ ရှိ အကျဉ်းထောင် တစ်ခုတွင် ဖမ်းဆီး ထိန်းသိမ်း ထားသော ကာဒစ်ရှ် စစ်သွေးကြွ PKK အဖွဲ့ (ပုံ) မှ အဖွဲ့ဝင် ၁၈ ဦးသည် စက်တင်ဘာလ ၂၅ ရက်က အကျဉ်းထောင် ဖောက်ထွက်ပြေး ခဲ့ပြီးနောက် ၄င်းစစ်သွေးကြွ အဖွဲ့ဝင်များကို ဖမ်းဆီးထိန်းသိမ်း ထားသည့် နိုင်ငံ တစ်ဝန်းရှိ အကျဉ်းထောင် များတွင် လုံခြုံရေးကို တင်းကျပ် ထားကြရန် သတိပေးချက် တစ်ရပ်ကို တူရကီ အာဏာပိုင် များက ထုတ်ပြန် ခဲ့ကြောင်း စက်တင်ဘာ ၂၇ ရက်က အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြ ထားသည်။
ယင်းကဲ့သို့ အကျဉ်းထောင် ဖောက် ထွက်ပြေးမှု များကို ကာကွယ် တားဆီးရန် အကျဉ်းထောင် များတွင် လုံခြုံရေး စနစ်များကို တိုးမြှင့် ချထားသင့်ကြောင်း တရားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော အစီရင်ခံစာ များတွင် ဖော်ပြထားသည်။

ထို့ပြင် အကျဉ်းထောင် အဆောက်အအုံ ၊ ခြံဝင်း ၊ မီးဖိုချောင် ၊ လှေကား ၊ အိပ်ရာနှင့် ဗီရိုအောက် ရှိနေရာ များကို သတိထား၍ စောင့်ကြည့် စစ်ဆေးသင့်ကြောင်း အစီရင်ခံစာတွင် ဆက်လက် ဖော်ပြထားသည်။

ကာဒစ်ရှ် စစ်သွေးကြွ အဖွဲ့မှ အဖွဲ့ဝင် ၁၈ ဦးသည် အကျဉ်းထောင် အတွင်းမှ အရှေ့ ဘင်ဂေါလ် ပြည်နယ်သို့ ဥမင်လိုဏ်ခေါင်း တူး၍ ထွက်ပြေး ခဲ့ရာ ၄င်းတို့ အနက် ၁၇ ဦးကို ပြန်လည် ဖမ်းဆီးရမိ ခဲ့ပြီး ကျန်တစ်ဦးမှာ လွတ်မြောက်သွား ခဲ့ကြောင်း သိရသည်။

TheMyawadyDaily , RangonNewsDaily
kolatt (Pabedan)


0 comments:

Post a Comment