Pages

Saturday, September 28, 2013

ပျိုမေတို့ ရာသီမလာခင် ဖြစ်တတ်တာတွေ (သို့) ဖြစ်ချင်တာတွေ (၁)

RangonNewsDaily:: September 28, 2013 
ရာသီမလာခင် ဖြစ်ချင်တာတွေကို Premenstrual syndrome (PMS) လို့ ခေါ်ပါတယ်။ တချို့မှာ ဖါသိဖါသာ နေနိုင်ပေမဲ့ တချို့မှာ အတော်ဆိုးတယ်။ မေးခွန်း (၂) ခုကို ဖတ်ကြည့်ရင် ဘယ်ထောက်အထိ သူတို့ခင်မြာ ခံစားရတယ် ဆိုတာ သိနိုင်ပါတယ်။ စာ (၂) ပုဒ်ရေးပြီးပါပြီ။ ဒိထက်ဆိုးတာတွေအတွက် နောက်ထပ် စာ (၂) ပုဒ်ရေးထားပါသေးတယ်။
(၁)ဆရာရှင့် သမီးဖြစ်နေတဲ့ရောဂါကဒီလိုပါ။ လစဉ်ဓမ္မတာမလာမီ တပတ်လောက်ကစပြီး အိပ်လို့မရတော့ ပါဘူး။ လူက အရမ်းအိပ်ချင်ပေမယ့် အိပ်ရင်လုံးဝမပျော်ပါ။ ဆရာဝန်နဲ့လည်း အကြိမ်ကြိမ်ပြဖူးပါတယ်။ အိပ်ဆေးတွေပေးလည်း ဒိုင်ယာဇီပင် 0.5 နှစ်လုံးမှအိပ်ပါတယ်။ 
စိတ်ရောဂါကုဆေးရုံကိုညွှန်လို့ ရန်ကုန်မှာ နေတုန်းက မြင့်မြတ်တော်ဝင် ဆေးခန်းမှာလဲ ပြဖူးပါတယ်။ ရင်တုန်ပြီး မအိပ်လွန်းလို့ နှလုံးရောဂါ စစ်လဲမရှိပါဘူး။ သမီးစိတ်ထင်တာ ဟိုမုန်းကြောင့် ထင်ပါတယ်ရှင့်။ အိပ်မပျော်တော့ အလုပ်ထဲမှာလဲ အဆင်မပြေဖြစ်ရပါတယ်။ 
သမီးကို တခုခုညွှန်ပေးပါနော်။ သမီးအသက် ၂၆ နှစ်ပါ။ အိမ်ထောင် မရှိပါ ဘူးရှင့်။ 
(၂)ရာသီလာခါနီး ဖြစ်တတ်တဲ့ မိန်းကလေးတွေရဲ့ စိတ်အခြေအနေနဲ့ ပတ်သတ်ပြီး သိချင်ပါတယ်။ လစဉ်လ တိုင်းရာသီလာခါနီး ရက်တွေတိုင်းမှာ အချို့သော မိန်းကလေးတွေရဲ့ စိတ်တွေက အရမ်းကို ထိခိုက်ခံစား လွယ်ပြီး၊ ဘာမှ မဟုတ်တဲ့ အကြောင်းအရာလေးပေါ်မှာတောင် အရမ်း Sensitive ဖြစ်လွန်းတယ်လို့ ထင်ပါ တယ်။ 
ကျွန်မကိုယ်တိုင်ကတော့ အဲလို ရက်မျိုး နီးပြီဆိုရင် စိတ်ခံစားမှု အရမ်း Sensitive ဖြစ်ပါတယ်။ အကြောင်းအရာ သေးသေးလေးပေါ်မှာလည်း ဒေါသ အကြီးကြီး ထွက်နေတတ်ပါတယ်။ ဘာမှ မဟုတ်တာ လေးနဲ့လည်း ရင်ထဲမှာ ဝမ်းနည်း ထိခိုက်လွယ်ပါတယ်။ အဲလို ရက်နီးရင် ကျွန်မက သိပ် Sensitive ဖြစ်တော့ ဘာမှ မဟုတ်တာလေးနဲ့လည်း အမျိုးသားနဲ့ စကားများ ရန်ဖြစ်ရပါတယ်။ 
အဲဒါက ကိုယ့်ကိုကိုယ် သတိထားမိတာပါ။ ကျွန်မလည်း အဲလိုမျိုး မဖြစ်ချင်ပါဘူး။ ဒေါသလည်း မဖြစ်ချင်သလို၊ ထိခိုက် ခံစားလွယ် တာမျိုးလည်း မဖြစ်ချင်ပါဘူး။ ဒါဟာ ပြုပြင် ပြောင်းလဲလို့မရတဲ့ သဘာဝပဲလား၊ တခုခုများ အကောင်း ဘက်ကို ပြင်ဆင်လို့ ရမလားဆိုတာကို သိချင်ပါတယ်ရှင်။ ပြီးတော့ အဲလိုစိတ်မျိုးနဲ့ဆို သွေးဆုံးမယ့် အချိန်ဆိုရင် ကျွန်မ ဘယ်လို နေမလဲလို့ တွေးပြီး တော်တော်လေး တုန်လှုပ်မိပါတယ်။ ကျွန်မအသက်က ခုမှ ၂၃ ပါ၊ ဒါပေမယ့် ကျွန်မ သိထားသင့်တယ် ထင်လို့ပါ။ အဲဒါ ဘယ်လို ဆင်ခြင် နေထိုင်သင့်သလဲ။
မိန်းကလေးတယောက် မွေးလာတာနဲ့ သူမှာ မ-မျိုးဥပေါင်း ၄ သိန်းခွဲ ရှိနေမယ်။ အသက် ၁၃-၁၄ နှစ် ရောက်လာတာနဲ့ မျိုးဥအိမ်ကနေ ဟော်မုန်းတွေ ထွက်လာပြီ။ Follicle Stimulating Hormone (FSH) နဲ့ Leutenizing Hormone (LH) ဆိုတဲ့ ဟော်မုန်းတွေက လုပ်ပေးတယ်။ မျိုးဥလေးတွေ တလတလုံးကျ ရင့်မှည့်လာကြမယ်။ ရာသီဆိုတာ ဆင်းပြီ။ တလကို ရာသီသွေး ၂ဝ-၈ဝ စီစီ (၁-၂ အောင်စ) ဆင်းတယ်။
ဦးနှောက်ထဲမှာ Hypothalamus (ဟိုက်ပိုသဲလ်မတ်စ်) ဆိုတဲ့နေရာရာက အရေးပါတယ်။ ရေငတ် တတ်တာ၊ ထမင်းဆာတတ်တာ၊ အိပ်ခြင်တာ၊ ရာသီဖြစ်တာ၊ လိင်စိတ်ဖြစ်တာ၊ မျိုးပွါးစေနိုင်တာတွေကို ဒီနေရာကနေ ထိန်းချုပ်တယ်။ မရှက်တရား သုံးပါးလုံးး ဆိုပါတော့။
ရာသီမလာခင် ဖြစ်ခြင်တာတွေကို အရွယ်ရောက် အမျိုးသမီး ၈ဝ% မှာ ခံစားကြရတယ်။ ဆေးကုဘို့လိုတာ ၂ဝ-၃ဝ% လောက်သာ ရှိပါတယ်။ ဆိုးဝါးတဲ့ Premenstrual Dysphoric Disorder (PMDD) ခေါ်တာမှာ ၂-၆% သာဆေးကုဘို့ လိုတယ်။ ဘာလို့ ဖြစ်ရသလဲဆိုတာ သဲသဲကွဲကွဲ မသိကြပါ။ အဲလိုမသိလေလေ ဖြစ်နိုင်ခြေ-သီအိုရီတွေ များလေပေါ့။
မေးတဲ့သူ ပြောပြတာတွေက Book picture ဆေးစာအုပ်ထဲကနဲ့ တူလှတယ်။ လူအတော်များများဟာ ကိုယ်ဖြစ်နေတာကို အသေအခြာ မပြောတတ်ကြပါ။ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ Emotional စိတ်လှုတ်ရှားမှု (ဝမ်းသာ-ဝမ်းနည်း)၊ Mood swings စိတ်မူ အပြောင်းအလဲတွေ ဖြစ်တယ်။ 
တချို့မှာ မသိသာပေမဲ့ တချို့ကြ ပြဿနာကြီးတဲ့အထိ ရှိတယ်။ ရာသီလလယ်ရက် မျိုးထွက်လိုက်တာနဲ့ ဒါတွေ တခုမဟုတ် တခု၊ တခုမကလဲ ဖြစ်တယ်။ ရာသီသွေး ဆင်းတာနဲ့ ဆရာဝန်မပါဘဲ ပြန်ကောင်းသွားပြီ။
ရုပ်ပိုင်းပြောင်းတာတွေက - 
• Fatigue အားယုတ်နေတာ၊ 
• Bloating ရင်ကယ်နေတာ၊ 
• Breast tenderness ရင်သားနာတာ၊ 
• Acne ဝက်ခြံထွက်တာ၊ 
• Appetite changes စားခြင်စိတ် မတူဖြစ်လာတာ၊ 
• Food cravings ခြင်ခြင်းတပ်တာ။ 
• ပျို့တာ၊ ဝမ်းပျက်တာ၊ ဝမ်းချုပ်တာတွေ ခံစားရတယ်။ 
• Uterine cramping သားအိမ်နေရာ နာတာက အတော် ဆိုးတတ်တယ်။ သူ့မှာလဲ ၂ မျိုးရှိတယ်။ Prostaglandins သတ္တိကြောင့် Constriction ညှစ်တာ-တင်းတာတာနဲ့ Relaxation လျော့တာဖြစ်ရလို့ Spasmodic cramping ခေါ်တယ်။ ခါးနာတာ၊ ပေါင်ကြောနာတာ၊ ခေါင်းကိုက်တာတွေလဲ ခံစားရတတ် တယ်။
စိတ်မူအပြောင်းအလဲက အရေးပါတယ်။ Crying ငိုခြင်ငိုမယ်၊ Oversensitivity သိပ်အကဲဆတ်မယ်၊ Rapidly changing အလျင်အမြန် ပြောင်းလဲပြီး Unpredictable moods ဘယ်လိုဖြစ်လာမယ်ဆိုတာ မှန်းမရတာမျိုး ဖြစ်တယ်။ ဒေါသနဲ့ ပူဆွေးမှုကြား ဗျာများနေမယ်။ သူတယောာက်ထဲကိုသာမက သူ့မိသားစု၊ အသိုင်းအဝိုင်းကိုပါ သက်ရောက်စေတယ်။
• Depression စိတ်ဓါတ်ကျတယ်၊ 
• Sadness ဝမ်းနည်းတယ်၊ 
• Lack of motivation စိတက်ကြွမှု နည်းမယ်၊ 
• Irritability စိတ်တိုတယ်၊ 
• Aggression ဇွတ်လုပ်ခြင်တယ်၊ 
• Less patience သည်းခံစိတ် လျော့မယ်၊ 
• Increased stress ပူပင်စိတ် များမယ်၊ 
• Anxiety စိုးရိမ်စိတ် ကဲမယ်၊ 
• Nervousness ဂနာမငြိမ် ဖြစ်နေမယ်၊ 
• Melancholy ဝမ်းနည်း-ပက်လက်-စိတ်ပျက်နေမယ်၊
တချို့မှာ Relief အပေါင်းလက္ခဏာ ဆောင်တာမျိုး ခံစားရတယ်။ 
• Release လွတ်လပ်သွားသလို၊ 
• New beginning အသစ် အစပျိုးလာသလို၊ 
• Invigoration အားအင် ပြန်ပြည့်သလို၊ 
• Connection with nature သဘာဝနဲ့ ပိုနီးစပ်တယ် ထင်သလိုလို၊ 
• Creative energy စိတ်သစ် ရလာလာတာလိုလို၊ 
• Exhilaration လွတ်မြောက်တာလိုလို၊ 
• Increased sex drive လိင်စိတ်ပိုလာမယ်၊ 
• More intense orgasms လိင်စိတ်ပြည့်ဝမှုကို ပိုခံစားရမယ်။
PMS ရာသီလာလို့ ခံစားရတာတွေ သက်သာအောင် ကိုယ့်ဖါသာ Lifestyle changes လူနေမှုပုံစံ ပြုပြင် ပေးတာနဲ့ ကောင်းနိုင်သူတွေရှိတယ်။ 
• အာဟာရ ပြည့်ဝအောင်စားပါ၊ အိပ်ရေးပျက်တာ ပြုပြင်ပါ၊ 
• အရက်၊ Caffeine (ကေဖင်း) ပါတဲ့အစာ၊ အသား၊ ဆီများတာ နဲ့ သကြားတွေက ပိုဆိုးစေတယ်။ 
• ရောဂတ် (ဒိန်ချင်)၊ ဒိန်ခဲ၊ နွားနို့သောက်ပါ။ 
• ချင်းမြစ်ပြုတ်သောက်တာ ကောင်းတယ်၊ 
• အသက်ပြင်းပြင်းရှူပါ၊ 
• ကိုယ့်အတွက် အချိန်ကို ယူပါ။ 
• လိင်စိတ် ပြည့်ဝအောင် (တဦးချင်းဖြစ်ဖြစ်) လုပ်နိုင်ပါတယ်။ (ထည့်ရေးရတာအတွက် တောင်းပန်ပါ တယ်။) 
• ကိုယ်လက် လေ့ကျင့်ခန်းလုပ်ပါ။ 
• လူတော-သူတော ဝင်ရောပါ။
ရာသီလာတုံး သုံးရတဲ့ အတွင်းခံပစ္စည်းကို Chlorine-free biodegradable 100% cotton tampons သုံးသင့်တယ်လို့ နောက်ဆုံး သုတေသနက ဆိုပါတယ်။ Organochlorines ဓါတုဆေးကနေ ကင်ဆာ ဖြစ်စေတယ်ထင်လို့ပါ။ စီးပွါးရေးလဲ တွက်ခြေကိုက်တာမို့ LunaPads International, Eco-Logique.com, Glad Rags, Pandora Pads, Jade and Pearl, Feminine Options နာမယ်တွေလဲ အမျိုးမျိုးနဲ့ ရောင်းပါ တယ်။ Diva cup ခေါ်တဲ့ Organic Tampon (အော်ဂဲနစ်-တမ်ပွန်) တွေလဲ ရှိသေးတယ်။
ဆေးတွေလဲ သုံးရတတ်တယ်။ 
• Diuretics ဆီးသွားစေတဲ့ဆေးကို သတိနဲ့ပေးရင် တချို့မှာ သက်သာတယ်။ လူတိုင်းတော့ မဟုတ်ဘူး။ 
• Analgesics (Ibuprofen, Naproxen and Mefenamic acid အနာ-အကိုက် သက်သာဆေးတွေ သောက်နိုင်တယ်။ 
• Oral contraceptive pills ကိုယ်ဝန်တား-စားဆေး အိမ်ထောင်မရှိလဲ သုံးနိုင်တယ်။ ထိရောက်သူ များပါ တယ်။ 
• Ovarian suppressors (Danazol) မျိုးဥအိမ်ကို နှိမ်တဲ့ဆေးက ဘေးထွက်-ဆိုးကျိုးများတယ်။ 
• Antidepressants စိတ်ကျတာ သက်သာဆေး ပေးနိုင်တယ်။ Fluoxetine (Prozac) နဲ့ Paroxetine (Paxil) ဆေး အသုံးများတယ်။ 
• Vitamin B, C, B6, Calcium and Magnesium ဗီတာမင် နဲ့ ဓါတ်ဆားတွေ သောက်နိုင်တယ်။ 
• Herbal ထဲက Flaxseed Capsules, Valerian, Kava Kava နဲ့ St. John’s Wort ဆေးသောက်နိုင်တယ်။
လိုအပ်ရင် စိတ်အထူးကု-ဆရာဝန်နဲ့ ကုသရမယ်။ စိတ်ပိုင်း ကုသနည်းတွေထဲမှာ Behavioral therapy, Cognitive Therapy, Literary Therapy နဲ့ Talk Therapy နည်းတွေရှိပါတယ်။
အခုရေးထားတဲ့နည်းတွေကို စိတ်ရှည်လက်ရှည် ဖတ်ပြီး လိုက်နာပါ။ ဆရာ့သဘောကတော့ -
(၁) တလတခါ ဖြစ်မနေအောင် Menstrual Suppression ရာသီမလာအောင်နှိမ်ခြင်းမှာ ရေးထားသလို ရာသီကို ၃ လမှ တခါသာ လာစေနည်းသုံးနိုင်တယ်လို့ အကြံပြုချင်ပါတယ်။ 
(၂) နောက်ပြီး အိမ်ထောင်မပြုသေးလဲ ဟော်မုန်း ၂ မျိုးပါ၊ လူအများသုံးတဲ့၊ တလမှာ ၂၈ လုံးပါ၊ ကိုယ်ဝန် တားဆေးကို ၃-၄-၅ လ သောက်ကြည့်သင့်တယ်လို့ ယူဆပါတယ်။ ကိုယ်တိုင်လုပ်နိုင်တဲ့နည်းဖြစ်ပါတယ်။
ဒေါက်တာ တင့်ဆွေ
Today Myanmar ,  RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment