Pages

Saturday, September 7, 2013

စင်ကာပူနိုင်ငံတွင် အင်္ဂလိပ်စာ ခြောက်လသင်တန်း တက်ရောက်နိုင်မည်

RangonNewsDaily:: September 7, 2013

စင်ကာပူနိုင်ငံရှိ Dimensions International College တွင် အင်္ဂလိပ်စာ ဘာသာရပ်ကို ခြောက်လတာ သင်ယူနိုင်မည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက Certificate in Academic English လက်မှတ်ရရှိမည် ဖြစ်ကြောင်း Dimensions Education Center တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။ အဆိုပါ သင်တန်းကို အောက်တိုဘာလ ၂၃ ရက်နေ့နှင့် နိုဝင်ဘာလ ၂၇ ရက်တို့တွင် တန်းခွဲသစ်များအဖြစ် ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကြေး အနေဖြင့် စင်ကာပူဒေါ်လာ ခုနစ်ထောင်နီးပါး ကုန်ကျမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

သင်တန်းသားများ၏ ဗီဇာနှင့် နေထိုင်ရန် အဆောင်များကိုလည်း Dimensions Education Center က စီစဉ်ပေးသွားမည်ဖြစ်ပြီး အသေးစိတ် သိရှိလိုပါက အမှတ် ၄၅၉၊ အခန်း ၃၀၂၊ ဘီ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့နယ်၊ ဖုန်း ၀၉-၄၅၀၀၄၄၁၁၇ နှင့် ၀၉-၄၂၁၀၇၆၈၅၈ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။
Dimensions Education Center
RangonNewsDaily
kolatt (Pabedan)
 

0 comments:

Post a Comment