Pages

Saturday, September 7, 2013

လိပ်ပြာကန်တိုက်အုပ်စာချဆရာတော် ကျောင်းတိုက်မှထုတ်ပယ်ခံရမှုနှင့်ပတ်သက်၍ ရှင်းလင်း

kolatt(PBDN): Sep . 7. 2013

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်လိပ်ပြာကန်ကျောင်းတိုက်၌ သီတင်းသုံးနေထိုင်းသော တိုက်အုပ်စာချဆရာတော် ဦးဃောသိတမှ ကျောင်းတိုက်မှ ထုတ်ပယ်ခံရခြင်းနှင့်ပတ်သက်၍ သတင်းမီဒီယာများသို့ ရှင်းလင်းပြောကြားခဲ့သည်။

ဗဟန်းမြို့နယ် ငါး/မြောက်ရပ်ကွက် လိပ်ပြာကန်ကျောင်းတိုက် အလယ်ကျောင်းကြီးတွင်သီတင်းသုံးနေထိုင်သော ဦးဃောသိတအား လိပ်ပြာကန်ကျောင်းတိုက်မှ အောက်တိုဘာလလယ်တွင် နောက်ဆုံးထား၍ ထွက်ခွာပေးရန် ရန်ကုန် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ရုံးမှ ခံဝန်ကတိရေးထိုးစေခဲ့သည်။

“ဦးဇင်းဟာ မည်သည့်နိုင်ငံရေးလှုပ်ရှားမှုမှ မလုပ်ပဲ နိုင်ငံရေးလှုံ့ဆော်သူ ဆူပူသူ၊၀ိနည်းတော်နဲ့မညီသူအနေနဲ့ တိုင်ကြားခံရပြီး ယနေ့တိုင် သံဃနာယကဆရာတော်တွေက သြ၀ါဒပေးတာခံယူပြီးတော့ ကျောင်းတိုက်ကနေ နောက်လမှာထွက်ခွာပေးဖို့ ခံဝန် ထိုးခဲ့ရတယ်”ဟု ဦးဃောသိတက မိန့်သည်။

ဦးဇင်းဃောသိတသည် ယခင်ကွမ်းခြံကုန်းဘက်မြို့နယ်အတွင်းရှိ ကျောင်းတိုက်တစ်ခု၌ သီတင်းသုံးနေထိုင်ခဲ့ဖူးပြီး လိပ်ပြာကန် အလယ်ကျောင်းကြီးတွင် သီတင်းသုံးနေထိုင်သည်မှာ ၇ နှစ်ကျော်ရှိပြီ ကျောင်းတိုက်ပိုင်မြေကို အလွဲသုံးစားပြုလုပ်မှုကို စုံစမ်း ဖော်ထုတ်ရာမှ ယခုကဲ့သို့ဖြစ်ပွားခဲ့သည်ဟု သိရသည်။

“ပေ ၇၀ ပေ ၃၀ ကျယ်ဝန်းတဲ့ကျောင်းပိုင်မြေကို ကျောင်းထိုင်ဆရာတော်က ကိုယ်ကျိုးအတွက်သုံးစွဲဖို့ မောရွှေပြည် ကျောင်း တိုက်ကို ရောင်းစားတဲ့ ကိစ္စနဲ့ပက်သက်ပြီး ဖော်ထုတ်ဆောင်ရွက်နေစဉ်မှာ ကျောင်းတိုက်ကနေ ထုတ်ပယ်ဖို့အတွက် စွပ်စွဲ ချက်တွေနဲ့ တိုင်ကြားခံရတာပါ၊ဦးဇင်းအနေနဲ့ ဒီကိစ္စကို သေချာစုံစမ်းပြီး အမှန်တရားပေါ်ပေါက်စေချင်တယ်”ဟု ဦးဇင်းဃော သိတက မိန့်သည်။

လိပ်ပြာကန်ကျောင်းတိုက် အလယ်ကျောင်းကြီး၌ သီတင်းသုံးနေထိုင်သည့် ဦးဃောသိတအား တိုင်းဒေသကြီးသံဃနာယက အဖွဲ့ဆရာတော်များက ဇူလိုင်လ ၁၄ ရက်နေ့၌ ကျင်းပပြုလုပ်သော သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဒုတိယအစည်းအဝေးဆုံးဖြတ်ချက်နှင့်အညီ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်ဟု ခံဝန်ကတိစာရွက်၌ဖော်ပြပါရှိသည်။

“ကျောင်းထိုင်ဆရာတော် သူ့ကိုယ်ကျိုးအတွက် ဘာတွေလုပ်တယ်ဆိုတာ သက်သေတွေရှိတယ်။ သူ့အကြောင်းတွေကို အကုန် သိတယ်။ ကျွန်တော်တို့ကလည်း အမှန်တရားပေါ်ပေါက်အောင် ကူညီဆောင်ရွက်ပေးမှာပါ။”ဟု ကျောင်းထိုင်ဆရာတော်နှင့် ဆွေမျိုးတော်သူ တစ်ဦးက ဖွင့်ဟသည်။

ဦးဇင်းဃောသိတသည် ၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေး၌ ပါဝင်ခဲ့ဖူးပြီး ၂၀၀၈ ခုနှစ် ထိုင်ဝမ်ခရီးစဉ်မှ အပြန်ရန်ကုန်လေဆိပ်၌ နယ်စပ်ဖြတ်ကျော်မှု နိုင်ငံခြားငွေကိုင်ဆောင်မှုတို့ဖြင့် ထောင်ကျခဲ့ဖူးပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ၌ ပြန်လည် လွတ်မြောက်လာသူလည်းဖြစ်သည်။

မြန်မာခရိုနီကယ်

RangonNewsDaily:: September 7, 2013
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်လိပ်ပြာကန်ကျောင်း
တိုက်၌ သီတင်းသုံးနေထိုင်းသော တိုက်အုပ်စာချဆရာတော် ဦးဃောသိတမှ ကျောင်းတိုက်မှ ထုတ်ပယ်ခံရခြင်းနှင့်ပတ်သက်၍ သတင်းမီဒီယာများသို့ ရှင်းလင်းပြောကြားခဲ့သည်။ ဗဟန်းမြို့နယ် ငါး/မြောက်ရပ်ကွက် လိပ်ပြာကန်ကျောင်းတိုက် အလယ်ကျောင်းကြီးတွင်သီတင်းသုံးနေထိုင်သော ဦးဃောသိတအား လိပ်ပြာကန်ကျောင်းတိုက်မှ အောက်တိုဘာလလယ်တွင် နောက်ဆုံးထား၍ ထွက်ခွာပေးရန် ရန်ကုန် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ရုံးမှ ခံဝန်ကတိရေးထိုးစေခဲ့သည်။

“ဦးဇင်းဟာ မည်သည့်နိုင်ငံရေးလှုပ်ရှားမှုမှ မလုပ်ပဲ နိုင်ငံရေးလှုံ့ဆော်သူ ဆူပူသူ၊၀ိနည်းတော်နဲ့မညီသူအနေနဲ့ တိုင်ကြားခံရပြီး ယနေ့တိုင် သံဃနာယကဆရာတော်တွေက သြ၀ါဒပေးတာခံယူပြီးတော့ ကျောင်းတိုက်ကနေ နောက်လမှာထွက်ခွာပေးဖို့ ခံဝန် ထိုးခဲ့ရတယ်”ဟု ဦးဃောသိတက မိန့်သည်။

ဦးဇင်းဃောသိတသည် ယခင်ကွမ်းခြံကုန်းဘက်မြို့နယ်အတွင်းရှိ ကျောင်းတိုက်တစ်ခု၌ သီတင်းသုံးနေထိုင်ခဲ့ဖူးပြီး လိပ်ပြာကန် အလယ်ကျောင်းကြီးတွင် သီတင်းသုံးနေထိုင်သည်မှာ ၇ နှစ်ကျော်ရှိပြီ ကျောင်းတိုက်ပိုင်မြေကို အလွဲသုံးစားပြုလုပ်မှုကို စုံစမ်း ဖော်ထုတ်ရာမှ ယခုကဲ့သို့ဖြစ်ပွားခဲ့သည်ဟု သိရသည်။

“ပေ ၇၀ ပေ ၃၀ ကျယ်ဝန်းတဲ့ကျောင်းပိုင်မြေကို ကျောင်းထိုင်ဆရာတော်က ကိုယ်ကျိုးအတွက်သုံးစွဲဖို့ မောရွှေပြည် ကျောင်း တိုက်ကို ရောင်းစားတဲ့ ကိစ္စနဲ့ပက်သက်ပြီး ဖော်ထုတ်ဆောင်ရွက်နေစဉ်မှာ ကျောင်းတိုက်ကနေ ထုတ်ပယ်ဖို့အတွက် စွပ်စွဲ ချက်တွေနဲ့ တိုင်ကြားခံရတာပါ၊ဦးဇင်းအနေနဲ့ ဒီကိစ္စကို သေချာစုံစမ်းပြီး အမှန်တရားပေါ်ပေါက်စေချင်တယ်”ဟု ဦးဇင်းဃော သိတက မိန့်သည်။

လိပ်ပြာကန်ကျောင်းတိုက် အလယ်ကျောင်းကြီး၌ သီတင်းသုံးနေထိုင်သည့် ဦးဃောသိတအား တိုင်းဒေသကြီးသံဃနာယက အဖွဲ့ဆရာတော်များက ဇူလိုင်လ ၁၄ ရက်နေ့၌ ကျင်းပပြုလုပ်သော သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဒုတိယအစည်းအဝေးဆုံးဖြတ်ချက်နှင့်အညီ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်ဟု ခံဝန်ကတိစာရွက်၌ဖော်ပြပါရှိသည်။

“ကျောင်းထိုင်ဆရာတော် သူ့ကိုယ်ကျိုးအတွက် ဘာတွေလုပ်တယ်ဆိုတာ သက်သေတွေရှိတယ်။ သူ့အကြောင်းတွေကို အကုန် သိတယ်။ ကျွန်တော်တို့ကလည်း အမှန်တရားပေါ်ပေါက်အောင် ကူညီဆောင်ရွက်ပေးမှာပါ။”ဟု ကျောင်းထိုင်ဆရာတော်နှင့် ဆွေမျိုးတော်သူ တစ်ဦးက ဖွင့်ဟသည်။

ဦးဇင်းဃောသိတသည် ၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေး၌ ပါဝင်ခဲ့ဖူးပြီး ၂၀၀၈ ခုနှစ် ထိုင်ဝမ်ခရီးစဉ်မှ အပြန်ရန်ကုန်လေဆိပ်၌ နယ်စပ်ဖြတ်ကျော်မှု နိုင်ငံခြားငွေကိုင်ဆောင်မှုတို့ဖြင့် ထောင်ကျခဲ့ဖူးပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ၌ ပြန်လည် လွတ်မြောက်လာသူလည်းဖြစ်သည်။

မြန်မာခရိုနီကယ် , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment