Pages

Saturday, August 31, 2013

ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ICRC ၀န်ထမ်းတို့ ကချင်ပြည်နယ်သို့ ခရီးစတင်

RangonNewsDaily:: Aug 31, 2013

ကမ္ဘာ့ကြက်ခြေနီအဖွဲ့ချုပ် ICRC ၏ ကချင်ပြည်နယ်အတွင်း ငါးရက်တာ ဆေးဝါးကုသပေးမည့် အစီအ စဉ်ကို သြဂုတ်လ ၂၇ ရက်တွင် စတင်လိုက်ပြီး KIO ဌာနချုပ်ရှိရာ လိုင်ဇာဆေးရုံကိုလည်း လေ့လာမှုများ ပြုလုပ်မည်ဟု KIO ကျန်းမာရေးဌာန တာဝန်ခံ ဦးအင်ဂန်းဇော်ခွမ်က ပြောသည်။ “ကျွန်တော်တို့ လိုင်ဇာဆေးရုံကို လာလေ့လာမယ်။ ဒီမှာ တစ်ပတ်လောက်နေပြီး လူနာတွေကို ဆေးဝါးကုသပေးမယ်။ ပြီးရင် မိုင်ဂျာယန်ကို သွားမယ်။ အဲဒီမှာ ငါးရက်နေပြီးတော့ စက်တင်ဘာနှစ်ရက်နေ့ ပြန် မယ်လို့ ပြောပါတယ်”ဟု ဦးအင်ဂန်းဇော်ခွမ်က ပြောသည်။

ဆရာဝန်များအပါအ၀င်၊ ကျန်းမာရေးဝန်ထမ်း ၁၂ ဦးပါဝင်မည့် ICRC အဖွဲ့သည် မြစ်ကြီးနားမြို့၊ လိုင်ဇာမြို့၊ ဗန်းမော်မြို့နှင့် မိုင်ဂျာယန်မြို့များသို့ သွားရောက်ကြမည်ဖြစ်သည်။

အဖွဲ့သည် လာမည့် စက်တင်ဘာလ နှစ်ရက်နေ့တွင် လိုင်ဇာမြို့မှ ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး ကချင်ပြည်နယ် အတွင်း အခြေအနေများကို လေ့လာသိရှိလာနိုင်မည်ဟု အရပ်ဘက်အရာရှိ စစ်ပြေးဒုက္ခသည်များ ကူညီရေးကော်မတီမှ တာဝန်ခံ ဦးဒွဲပီဆားက ပြောသည်။

“ICRC တွေ ၀င်ရောက်လာပြီဆိုတော့ ကျန်းမာရေးသာမက တခြားအခြေအနေတွေပါ လက်တွေ့အများကြီး သိရှိသွားနိုင်မယ်ဆိုတော့ သူတို့လည်း သူတို့ တင်ပြနိုင်မဲ့ အကြောင်းအရာတွေ ပိုသိသွားမှာပါ”ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း ၂ ရက်သာ လိုင်ဇာပြည်သူ့ဆေးရုံသို့ သွားရောက် ကူညီခဲ့သလို၊ စစ်ပြေး
ဒုက္ခသည် များကိုလည်း ကြည့်ရှုလေ့လာခဲ့သေးသည်။ လိုင်ဇာမရောက်မီ တစ်ပတ်အလိုတွင် အစိုးရစစ်တပ်၏ ဟန့်တားမှုများ ရှိခဲ့သည်။

Mizzima , RangonNewsDaily
kolatt (Pabedan): 31.8.2013

0 comments:

Post a Comment