Pages

Saturday, August 31, 2013

က . ည . န ရုံး (မြင်သာ) ရှေ့တွင် ရက်ရှည်ရပ်နားထားသော ဖျက်သိမ်းယာဉ်ဟောင်းများကို မဖယ်ရှားပါက အရေးယူမည်

Photo: က . ည . န ရုံး (မြင်သာ) ရှေ့တွင် ရက်ရှည်ရပ်နားထားသော ဖျက်သိမ်းယာဉ်ဟောင်းများကို မဖယ်ရှားပါက အရေးယူမည်
Saturday, August 31, 2013

ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်သဖြင့် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာ လမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေး ဦးစီးဌာနရုံး (မြင်သာ) ရှေ့တွင် ရပ်နားထားသော ဖျက်သိမ်းရန် စလစ်ရပြီးသား ယာဉ်အို၊ ယာဉ်ဟောင်းများကို အမြန်ဆုံး ဖယ်ရှားပေးရန် သက်ဆိုင်ရာမှ အကြောင်း ကြားထားပြီး မဖယ်ရှားပါက ကရိန်းဖြင့်ဆွဲ၍ အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၃၀ ရက် မနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် အမှတ် (၂၆)ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူးနှင့် ရန်ကုန်တိုင်း ဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဦးစီးအရာရှိတို့က အဆိုပါ ဖျက်သိမ်းရန် စလစ်ရထားသည့် ယာဉ်အိုယာဉ်ဟောင်း များပေါ်တွင် အမြန်ဆုံး ဖယ်ရှားရန်နှင့် မဖယ်ရှားပါက ကရိန်းဆွဲခ ကျပ်ငါးသောင်း ကောက်ခံပြီး ကရိန်းဖြင့်ဆွဲ၍ ဒဂုံမြို့သစ် မြောက်ပိုင်းရှိ တိုက်ယာဉ်များ ထိန်းသိမ်းရေး ဌာနသို့ သယ်ပို့ဆောင်ရွက် အရေးယူသွားမည်ဟူသော ကြေညာစာများ လိုက်လံကပ်ခဲ့ကြောင်း သိရသည်။

''အဓိကကတော့ ယာဉ်ကြောပိတ်ဆို့မှု တွေဖြစ်တာရယ်၊ အမြင်မတင့်တယ် တာ တွေရယ်ကြောင့် ဒီလိုထုတ်ပြန် လိုက်တာပါ။ အကြောင်းကြားစာ ကပ်တဲ့နေ့ကနေစပြီး သုံးလေးရက်လောက် စောင့်ကြည့်မယ်။ မဖယ်ရှားသေးရင်တော့ ပြောတဲ့အတိုင်း ကရိန်းနဲ့မပြီး မြောက်ဒဂုံက တိုက်ယာဉ်များ ထိန်းသိမ်းရေးဌာနကို ပို့ပါမယ်။ တချို့ယာဉ်တွေဆို ရက် ၂၀၊ တစ်လလောက်တောင် ရှိနေပါပြီ။ က.ည.န ပိုင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက် မှုတွေကြောင့် တစ်ညလောက် ရပ်နားထားတာက သိပ်ပြဿနာ မဟုတ်ပေမယ့် ဒီလိုရက်ရှည် ထားတာကတော့ အရေးယူရပါမယ်'' ဟု ယာဉ်ဟောင်းများကို ဖျက်သိမ်းရန် အကြောင်းကြားစာ လိုက်လံကပ်ခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ် အမှတ် (၂၆) ယာဉ်ထိန်း တပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုရဲမှူးမြင့်နိုင်က The Daily Eleven သို့ ပြောကြားသည်။

ထို့ပြင် ဒုရဲမှူးမြင့်နိုင်က ''ယာဉ်ပိုင်ရှင်တွေ ဘက်ကလာပြီး ဖယ်ရှားပေးမယ် လို့ ထင်ပါတယ်။ ကျွန်တော်တို့ လိုက်ပြီး အကြောင်းကြားနေ တုန်းကတောင် တချို့ပိုင်ရှင်တွေက ပြန်ဖယ်ရှားပေးမယ်လို့ ပြောနေကြတယ်။ မဖယ်ရှားတဲ့ ယာဉ်တွေကိုတော့ ယာဉ်ကြောပိတ်ဆို့နေလို့ ဆက်အရေးယူ သွားပါမယ်'' ဟု ဆက်လက် ပြောကြားသည်။

က.ည.န ရုံး(မြင်သာ)ရှေ့တွင် ရပ်နားထားသော ဖျက်သိမ်းရမည့် ယာဉ်ဟောင်းများကို သြဂုတ် ၃၀ ရက်က တွေ့ရစဉ်
Eleven Media Group
က.ည.န ရုံး(မြင်သာ)ရှေ့တွင် ရပ်နားထားသော ဖျက်သိမ်းရမည့် ယာဉ်ဟောင်းများကို သြဂုတ် ၃၀ ရက်က တွေ့ရစဉ်
RangonNewsDaily:: Aug 31, 2013

ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်သဖြင့် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာ လမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေး ဦးစီးဌာနရုံး (မြင်သာ) ရှေ့တွင် ရပ်နားထားသော ဖျက်သိမ်းရန် စလစ်ရပြီးသား ယာဉ်အို၊ ယာဉ်ဟောင်းများကို အမြန်ဆုံး ဖယ်ရှားပေးရန် သက်ဆိုင်ရာမှ အကြောင်း ကြားထားပြီး မဖယ်ရှားပါက ကရိန်းဖြင့်ဆွဲ၍ အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ သြဂုတ် ၃၀ ရက် မနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် အမှတ် (၂၆)ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူးနှင့် ရန်ကုန်တိုင်း ဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဦးစီးအရာရှိတို့က အဆိုပါ ဖျက်သိမ်းရန် စလစ်ရထားသည့် ယာဉ်အိုယာဉ်ဟောင်း များပေါ်တွင် အမြန်ဆုံး ဖယ်ရှားရန်နှင့် မဖယ်ရှားပါက ကရိန်းဆွဲခ ကျပ်ငါးသောင်း ကောက်ခံပြီး ကရိန်းဖြင့်ဆွဲ၍ ဒဂုံမြို့သစ် မြောက်ပိုင်းရှိ တိုက်ယာဉ်များ ထိန်းသိမ်းရေး ဌာနသို့ သယ်ပို့ဆောင်ရွက် အရေးယူသွားမည်ဟူသော ကြေညာစာများ လိုက်လံကပ်ခဲ့ကြောင်း သိရသည်။

''အဓိကကတော့ ယာဉ်ကြောပိတ်ဆို့မှု တွေဖြစ်တာရယ်၊ အမြင်မတင့်တယ် တာ တွေရယ်ကြောင့် ဒီလိုထုတ်ပြန် လိုက်တာပါ။ အကြောင်းကြားစာ ကပ်တဲ့နေ့ကနေစပြီး သုံးလေးရက်လောက် စောင့်ကြည့်မယ်။ မဖယ်ရှားသေးရင်တော့ ပြောတဲ့အတိုင်း ကရိန်းနဲ့မပြီး မြောက်ဒဂုံက တိုက်ယာဉ်များ ထိန်းသိမ်းရေးဌာနကို ပို့ပါမယ်။ တချို့ယာဉ်တွေဆို ရက် ၂၀၊ တစ်လလောက်တောင် ရှိနေပါပြီ။ က.ည.န ပိုင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက် မှုတွေကြောင့် တစ်ညလောက် ရပ်နားထားတာက သိပ်ပြဿနာ မဟုတ်ပေမယ့် ဒီလိုရက်ရှည် ထားတာကတော့ အရေးယူရပါမယ်'' ဟု ယာဉ်ဟောင်းများကို ဖျက်သိမ်းရန် အကြောင်းကြားစာ လိုက်လံကပ်ခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ် အမှတ် (၂၆) ယာဉ်ထိန်း တပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုရဲမှူးမြင့်နိုင်က The Daily Eleven သို့ ပြောကြားသည်။

ထို့ပြင် ဒုရဲမှူးမြင့်နိုင်က ''ယာဉ်ပိုင်ရှင်တွေ ဘက်ကလာပြီး ဖယ်ရှားပေးမယ် လို့ ထင်ပါတယ်။ ကျွန်တော်တို့ လိုက်ပြီး အကြောင်းကြားနေ တုန်းကတောင် တချို့ပိုင်ရှင်တွေက ပြန်ဖယ်ရှားပေးမယ်လို့ ပြောနေကြတယ်။ မဖယ်ရှားတဲ့ ယာဉ်တွေကိုတော့ ယာဉ်ကြောပိတ်ဆို့နေလို့ ဆက်အရေးယူ သွားပါမယ်'' ဟု ဆက်လက် ပြောကြားသည်။

Eleven Media , RangonNewsDaily
kolatt (Pabedan): 31.8.2013

0 comments:

Post a Comment