Pages

Saturday, August 3, 2013

ကမ္ဘာ့ အပါးလွှာဆုံး မိုဘိုင်းလ်ဖုန်း HUAWEI ASCEND P6 MODEL ပြည်တွင်း၌ မကြာမီ ဖြန့်ချိမည်

Photo: ကမ္ဘာ့ အပါးလွှာဆုံး မိုဘိုင်းလ်ဖုန်း HUAWEI ASCEND P6 MODEL ပြည်တွင်း၌ မကြာမီ ဖြန့်ချိမည်
Saturday, Augest 03, 2013

မြန်မာနိုင်ငံ အတွင်းသို့ မကြာမီ ဝင်ရောက်ဖြန့်ချိမည့် ကမ္ဘာ့အပါး လွှာဆုံး မိုဘိုင်းလ်ဖုန်း Huawei Ascend P6 Model အမျိုးအစား ဟန်းဆက်ကို သြဂုတ်လတွင် စတင် ရောင်းချပေး မည် ဖြစ်ကြောင်း Huawei ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။
အဆိုပါ Huawei Ascend P6 ၏ အထူမှာ ၆ ဒသမ ၁၈ မီလီမီတာ ရှိပြီး အလေးချိန် ၁၂ဝ ဂရမ်သာ ရှိကြောင်း၊ ဖုန်းမျက်နှာပြင် အကျယ်မှာ ၄ ဒသမ ၇ လက်မ ရှိကြောင်း၊ ကိုယ်ထည် ကို တောက်ပြောင် ချောမွေ့သော သတ္တုဖြင့် ပြုလုပ်ထားပြီး ဘေးကိုယ်ထည် နံရံများကိုလည်း သတ္တုများ ထည့်သွင်း ပြုလုပ်ထားကြောင်း သိရသည်။

''အခုထုတ်တဲ့ ဟန်းဆက်မှာ ကင်မရာက 8 MP ရှိပြီးတော့ ရှေ့ကင်မရာက 5 MP အထိရှိတယ်။ ညအမှောင် ထဲမှာ ဓာတ်ပုံရိုက်ရင်လည်း ကာလာနဲ့ ပုံထွက်ကောင်းတယ်။ အလင်းအမှောင်ကို အလိုအလျောက် (Auto) ချိန်ညှိပေးတယ်။ ဗီဒီယိုရိုက်ကူးဖို့ ဘက်ထရီ 1080 pFull HD ပါဝင်တဲ့ အတွက် ဘက်ထရီအား ကောင်းမွန် ပါတယ်။ ပါဝါစား ၃ဝ ရာခိုင်နှုန်း သက်သာပါတယ်'' ဟု Huawei ကုမ္ပဏီမှ ဈေးကွက် မြှင့်တင်ရေး တာဝန်ခံ တစ်ဦးက ပြောကြားခဲ့သည်။

ယင်း Huawei Ascend P6 ဖုန်းကို စတိုင်ကျကျဖြင့် စမတ်ဖုန်း ကိုင်ဆောင် လိုသူများနှင့် နည်းပညာ မြင့်မားမှုကို ကြိုက်နှစ် သက်သူများ ဖြစ်သည့် အသက် ၂၅ နှစ်မှ ၃၅ နှစ်ကြား အသက်အရွယ် ရှိသူများ အတွက် ရည်ရွယ်၍ ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

သိုက်ရာဇာ
မြ၀တီ

Saturday, Augest 03, 2013

မြန်မာနိုင်ငံ အတွင်းသို့ မကြာမီ ဝင်ရောက်ဖြန့်ချိမည့် ကမ္ဘာ့အပါး လွှာဆုံး မိုဘိုင်းလ်ဖုန်း Huawei Ascend P6 Model အမျိုးအစား ဟန်းဆက်ကို သြဂုတ်လတွင် စတင် ရောင်းချပေး မည် ဖြစ်ကြောင်း Huawei ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။အဆိုပါ Huawei Ascend P6 ၏ အထူမှာ ၆ ဒသမ ၁၈ မီလီမီတာ ရှိပြီး အလေးချိန် ၁၂ဝ ဂရမ်သာ ရှိကြောင်း၊ ဖုန်းမျက်နှာပြင် အကျယ်မှာ ၄ ဒသမ ၇ လက်မ ရှိကြောင်းကိုယ်ထည်ကို တောက်ပြောင် ချောမွေ့သော သ
တ္တုဖြင့် ပြုလုပ်ထားပြီး ဘေးကိုယ်ထည် နံရံများကိုလည်း သတ္တုများ ထည့်သွင်း ပြုလုပ်ထားကြောင်း သိရ
သည်။

''အခုထုတ်တဲ့ ဟန်းဆက်မှာ ကင်မရာက 8 MP ရှိပြီးတော့ ရှေ့ကင်မရာက 5 MP အထိရှိတယ်။ ညအမှောင် ထဲမှာ ဓာတ်ပုံရိုက်ရင်လည်း ကာလာနဲ့ ပုံထွက်ကောင်းတယ်။ အလင်းအမှောင်ကို အလိုအလျောက် (Auto) ချိန်ညှိပေးတယ်။ ဗီဒီယိုရိုက်ကူးဖို့ ဘက်ထရီ 1080 pFull HD ပါဝင်တဲ့ အတွက် ဘက်ထရီအား ကောင်းမွန် ပါတယ်။ ပါဝါစား ၃ဝ ရာခိုင်နှုန်း သက်သာပါတယ်'' ဟု Huawei ကုမ္ပဏီမှ ဈေးကွက် မြှင့်တင်ရေး တာဝန်ခံ တစ်ဦးက ပြောကြားခဲ့သည်။

ယင်း Huawei Ascend P6 ဖုန်းကို စတိုင်ကျကျဖြင့် စမတ်ဖုန်း ကိုင်ဆောင် လိုသူများနှင့် နည်းပညာ မြင့်မား
မှုကို ကြိုက်နှစ်သက်သူများ ဖြစ်သည့် အသက် ၂၅ နှစ်မှ ၃၅ နှစ်ကြား အသက်အရွယ် ရှိသူများ အတွက် ရည်
ရွယ်၍ ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

သိုက်ရာဇာ
မြ၀တီ , RangonNewsDaily
kolatt (Pabedan): 3.8.2013

0 comments:

Post a Comment