Pages

Saturday, August 3, 2013

မိုးကြီးခြင်း၊ တောင်ပြိုခြင်းတို့ကြောင့် မြ၀တီ-မော်လမြိုင် ကုန်သွယ်ရေးလမ်းကြောင်း သုံးရက်ကြာ ရပ်နားထား၍ မော်လမြိုင်မြို့ပေါ်တွင် ထိုင်းကုန်ပစ္စည်းအချို့ ဈေးနှုန်းမြင့်တက်မှု ဖြစ်ပေါ်

RangonNewsDaily:: Aug 3, 2013
မြ၀တီ-မော်လမြိုင် ကုန်သွယ်ရေး လမ်းကြောင်းတွင် မိုးကြီးခြင်း၊ တောင်ပြိုခြင်းတို့ကြောင့် ဇူလိုင် ၃၁ ရက်မှ ယနေ့ သြဂုတ် ၂ ရက်ထိ သုံးရက်ကြာ ရပ်နားမှုကြောင့် မော်လမြိုင်မြို့ပေါ်တွင် ထိုင်းကုန်ပစ္စည်းအချို့ ဈေး
နှုန်းမြင့်တက်မှု ဖြစ်ပေါ်လာကြောင်း ဒေသခံ ကုန်သည်များထံမှ သိရသည်။''ကားလမ်းပျက်လို့ မြ၀တီ ကား
မသွားနိုင်တာ သုံးရက်ရှိပြီ၊ နောက်ယာဉ်တန်း နှစ်ပတ်(၄-ရက်) ကြာလောက်မှ ပြန်သွားနိုင်မယ်။ ဒီမှာရှိတဲ့ ထိုင်းပစ္စည်း အဓိက စားဆီတွေ ဈေးမြင့်သွားပါတယ်။
ဆီထုပ်တစ်ပါကင် ၁၂ ထုပ်ပါတာ။ အခုတစ်သောင်းလေးထောင် ဖြစ်သွားတယ်။ ကားလမ်းမပိတ်ခင်ကဆို တစ်သောင်း တစ်ထောင်လောက်ပဲ ရှိတယ်။ ၁၀ ပိဿာဝင် ဆီပုန်းဝါတွေက အရင်တစ်ပုံးကို ကျပ် ၁၆၀၀၀၊ အခု ကျပ် ၁၇၀၀၀ ကျော်သွားပါတယ်။ ကျန်တဲ့အချို မှုန့်တို့လည်း နည်းနည်းစီ လိုက်တက်ပါတယ်'' ဟု ဦး
ဇော်ဇော် (အမှတ် ၁ ဈေးကြီး ကုန်စုံဆိုင်ရှင်)က ပြောကြားသည်။

ကော့ကရိတ်မြို့တွင် မိုးကြီးနစ်မြုပ်ခြင်း၊ ဒေါနတောင်တက်လမ်းပေါ် မြေပြို၊ သစ်ပင်ပြိုလဲမှုကြောင့် အဆိုပါ လမ်းကြောတစ်လျှောက် လမ်းပျက်သည့်နေရာ ၂၀ ခန့် ဖြစ်ပေါ်ခဲ့ပြီး လူအား၊ စက်အားဖြင့် ပြင်ဆင်မည်ဟု သိထားကြရာ သြဂုတ် ၆ ရက် နောက်ပိုင်းတွင် အနည်းဆုံး ဆိုင်ကယ်၊ ဆလွန်း၊ ကားငယ်များ ပြေးဆွဲနိုင်ပြီး ကုန်စည်ပြန်လည် စီးဆင်းနိုင်မည်ဟု မော်လမြိုင် အခြေစိုက် ကုန်သည်များက ခန့်မှန်းသုံးသပ်ကြသည်။ '' သြဂုတ် ၆ ရက်လောက်ဆိုရင် ဆိုင်ကယ်ပြေးနိုင်ရင် ကုန်ပြန်သယ်ကြမှာပါ။

ဆိုင်ကယ်သမားတွေက အသက်ရင်းပြီးတောင် နေ့ည သယ်ကြတာမျိုး ရှိပါတယ်။ မော်လမြိုင်မှာက ဇူလိုင်
တတိယပတ်လောက် မိုးတအားကောင်းပြီး အရောင်းအ၀ယ် အေးနေတော့ မြ၀တီလမ်း တစ်ပတ် ၁၀ ရက် ပိတ်လည်း ကုန်တွေ မပြတ်ပါဘူး။

လမ်းအနေအထားကို ကြည့်ပြီး ကုန်တွေကို ဈေးဆွဲတင် တာမျိုးပဲ ရှိပါတယ်'' ဟု ဒေါ်ဝင်းမြင့် (ထိုင်းပစ္စည်း
လှောင်သူ)က ဆိုသည်။

Eleven Media ,  RangonNewsDaily
kolatt (Pabedan): 3.8.2013

0 comments:

Post a Comment