Pages

Sunday, August 11, 2013

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် ယာဉ်ရှေ့ဘီးပေါက်ပြီး လမ်းလယ် ကျွန်းပေါ် တက်ရောက် တိမ်းမှောက်သဖြင့် ၂ ဦးသေ၊ ၁ ဦး ဒဏ်ရာရ

RangonNewsDaily:: Aug 11, 2013

၁၀-၈-၂၀၁၃ ရက်နေ့ ၁၈၁၅ အချိန် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၉/၂-၃)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ ဘောနတ်ကြီးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ မန္တလေးမှရန်ကုန်သို့ မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ ပုလဲရပ်ကွက်နေ ကျော်စွာ ခင်(၄၃)နှစ် မောင်းနှင်လာသော ၉ဂ/xxxx ပါဂျဲရိုးယာဉ်မှာ ၀ဲဘက်ရှေ့ဘီးပေါက်ပြီး လမ်းလယ်ကျွန်းပေါ်သို့ တက်ရောက် တိမ်းမှောက်နေကြောင်း တွေ့ရှိရသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ကျော်စွာခင်နှင့် ယာဉ်ပေါ်ပါ ရန်ကုန်တိုင်းဒေ သကြီး၊ မြောက်ဥက္ကလာပမြို့နယ်နေ မလှလှသိန်း(၂၁)နှစ်တို့ ၂ ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး မန္တလေးမြို့၊ အောင်မြေ သာဇံမြို့နယ်၊ ပုလဲရပ်ကွက်နေ ဦးအောင်ဝင်း(၃၈)နှစ်တွင် ၀ဲခြေထောက် နာကျင်ဒဏ်ရာများရရှိခဲ့သဖြင့် ပဲခူးဆေးရုံသို့ တင်ပို့ကုသခဲ့ကာ ဖြစ်စဉ်နှင့် ပတ်သက်၍ ဘောနတ်ကြီး အမြန်လမ်းရဲစခန်း ယာဉ်(ပ)၇/၂၀၁၃၊ ပြစ်မှုပုဒ် မ ၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည် , RangonNewsDaily
kolatt (Pabedan): 11.8.2013

0 comments:

Post a Comment