Pages

Sunday, August 11, 2013

ယောက်ျား မိန်းမ ထိုကိစ္စ (ဖတ်ဖြစ်အောင်ဖတ်ကြပါ)

RangonNewsDaily:: Aug 11, 2013

ခုတလော ဖတ်မိသော အင်တာနက်သတင်းတို့တွင် မိမိစိတ်ကို ခိုးလိုးခုလုဖြစ်စေခဲ့သော သတင်းတပုဒ် ပါရှိ

လာ၏ ၊ထိုသတင်းမှာသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိသန်လျင်GTCကျောင်း၏ စာသင်ခန်း အတွင်း
ကျောင်းသားနှင့်ကျောင်းသူ ချစ်ရည်လူး နေကြသည့် ဗွီဒီယိုဖိုင်ကို မသမာသူများက အင်တာ နက်ပေါ်လွှင့်
တင်လိုက်ရာ ဂျာနယ်စာမျက်နှာများထက်ရောက်လာပြီးနောက် ယခုအခါ ဗွီဒီယိုအခွေများ အဖြစ် ရောက်ရှိ
လာပြီး အင်းလျားမီးပွိုင့်နှင့် ဦးဝိစာရမီးပွိုင့်ကြားတွင် ရောင်းချနေသည် ဆိုသည့်သတင်း ဖြစ်သည် ၊
မိမိစိတ်ကပထမဆုံးအကြိမ်ထွက်ရှိသောMelody World တေးစီးရီးတွင်ပါဝင်လျှက်နာမည် ထွက်လာခဲ့သော
အဆိုတော်မလေးတစ်ယောက်ကိုလည်း တစ်ဆက်တည်း သွားသတိရလိုက်မိသည် ၊ 

သူမသည် လည်း GTCကျောင်းသား ကျောင်းသူနည်းတူ အင်တာနက်မင်းသမီးဖြစ်ခဲ့ရသည် ၊ သူမအတွက် ပို
ဆိုးတာကသူမသည် ပြည်သူသိအဆိုတော်တစ်ယောက်ဖြစ်နေခြင်းပင် ဖြစ်သည်၊ ထို့ကြောင့် သူမအနုပညာ
ပါ သေသွားရသည် ၊ ယခုအခါ ဘယ်ရောက်၍ ဘယ်ပျောက်နေမှန်းပင် မသိရတော့၊ သူမအကြောင်းတွေးမိ
တိုင်းမိမိရင်ထဲနင့်နင့်သီးသီးသနားစိတ်ဝင်မိသည်၊ထို့နောက် နှမျှောစိတ်လည်း ဖြစ်ရသည်၊အရွယ်ရောက်ပြီး
သော ယောက်ျားမိန်းမတိုင်း မကင်းနိုင်သည့်ကိစ္စတစ်ခုကြောင့် ဘ၀နှင့်ရင်းထားရသော အနုပညာလမ်း
ကြောင်းမှ သွေဖီသွားရသည့် အဖြစ်၊ ကိုယ်သာ သူတို့လိုအဖြစ်မျိုး ကြုံလိုက်ရမည်ဆိုလျှင် ဘယ်လောက်များ
အရှက်ရလိုက်မလဲ၊ ပတ်ဝန်းကျင်မှာ ဘယ်လိုများရပ်တည်နေရမလဲ ဟူသော ကိုယ်ချင်းစာနာသောစိတ်နှင့် ခံစားကြည့်မိတိုင်း မိမိအလွန်ရင်နာရသည် ၊ 

ထို့ပြင်အဆိုတော်တစ်ယောက်ဘ၀မှ နိုင်ငံသိသရုပ်ဆောင်ဖြစ်လာသော မင်းသမီး တစ်ယောက်၏ ဟိုတယ်
ခန်းတစ်ခုအတွင်းကအဖြစ်အပျက်၊ထိုအဖြစ်အပျက်သည်လည်း အင်တာနက်ပေါ်ပျံ့နှံ့၍ ညစ်ညမ်းဗွီဒီယိုခွေ
တို့ဖြင့် လုပ်စားနေကြသူတို့အတွက် အကြိုက် ဖြစ်ခဲ့ရသည် ၊

 မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းရေးကို တတွတ်တွတ်ပြောတတ်ကြသော အနှိပ်ခန်းပျော်လူကြီးလူကောင်းတို့
၏လက်ညှိုးထိုးအပြစ်ဆိုစရာ ဖြစ်ခဲ့ရသည်၊အထက်ပါကိစ္စတို့ကိုမိမိ၏ပုဂ္ဂလိကအမြင်ဖြင့် ရိုးရိုးသားသားပြော
ရလျှင် ရိုင်းသည်ဟုလည်း မမြင် ၊ ယဉ်ကျေးမှုမျက်လုံးဖြင့်လည်း ဘယ်သောအခါမှ ကြည့်လေ့မရှိ ၊ အရွယ်
ရောက် ပြီးသော မိန်းမယောက်ျားတို့၏ ဖိုမသဘာဝသာဖြစ်၍ အပြစ်ဆိုစရာမဟုတ်ဟု ယူဆသည်၊ ဘာသာ
ရေးအမြင်အရ ယုတ်ညံ့သောအကျင့် ဖြစ်ကောင်းဖြစ်မည် ၊ 

သို့ရာတွင်ဖိုမသဘာဝလိင်ကိစ္စသည်အရွယ်ရောက်ပြီးသောမိန်းမယောက်ျားတိုင်းကင်းနိုင်သောအရာမ
ဟုတ်ပ၊ ထင်ရှားခြင်း မထင်ရှားခြင်း သာကွာမည်၊ ဘ၀၏ကန့်လန့်ကာနောက်ကွယ် မှာတော့ ဒီကိစ္စသည် အ
ရွယ်ရောက်ပြီးသော မိန်းမ ယောက်ျား တိုင်းအတွက် ကြီးမားသော အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ရှိနေသည် ၊ မုဒိန်းမှုကဲ့သို့သော မတရား အနိုင်ကျင့်မှုမျိုး မဟုတ်လျှင် ကိုယ်နှင့်နှိုင်း၍ စာနာနားလည်နိုင်ရမည်သာ ဖြစ်
သည် ၊ အိပ်-စား-ကာမ ၊ ဤသုံးဝသည် လူနှင့် တိရစ္ဆာန်အတူတူဖြစ်သည်ဟု စာပေတို့တွင် ဆိုသည် ၊ ဤအ
ဆိုသည် ယေဘု ယျမှန်ကန်သော အဆိုဖြစ်သည် ၊ အထူးအားဖြင့်ကာမကိစ္စတွင်လူနှင့်တိရစ္ဆာန်များစွာ ခြား
နား ခြင်းမရှိပေ၊ 

ဆိုလိုသည်မှာ မိန်းမယောက်ျား နှစ်ဦးသားတို့သည် သူတို့၏ စိတ်အလိုဆန္ဒပြည့်ဝရေးအတွက် တိရစ္ဆာန်ကဲ့
သို့ နှစ်ဦးသဘောတူကျင့်ကောင်းကျင့်မည် ၊မည်သို့ပင်ကျင့်စေ ဤကိစ္စတို့သည် ယဉ်ကျေးမှုနယ်မြေမှ ကင်း
လွတ်သည်သာ ဖြစ်သည် ၊ဤအဆိုကိုတစ်ချို့လူကြီးလူကောင်းများကခပ်ရှက်ရှက်နှင့် ငြင်းကောင်းငြင်းမည်
ဖြစ်သော်လည်း သဘာဝတရားကို အနည်းငယ်စဉ်းစားထောက် ဆကြည့် လျှင်တော့ ငြင်းဆိုဖို့ အလွန်ခဲယဉ်းပါလိမ့်မည်၊ စာဖတ်သူကို တစ်ခုတော့ အသိပေးပန်ကြားလိုပါ၏ ၊ 

ယခု မိမိ၏အဆိုတို့သည် အပြင်လောကတွင် ဖြစ်ချင်ရာဖြစ်၍ အင်တာနက်ပေါ်ရောက်နေသော မြန်မာအမျိုး သားအမျိုးသမီးတို့၏ ဖိုမသဘာဝလိင်ကိစ္စတို့ကို အကာအကွယ်ပေးနေခြင်းမဟုတ်၊ ကိုယ့်အဖြစ်ကို မျက်ကွယ်ပြု၍ ယဉ်ကျေးမှုစကားကို တွင်တွင်သုံးလျှက် ပါးစပ်သရမ်းနေ ကြသော လူကြီးလူကောင်းများ စဉ်းစားဆင်ခြင်ကြစေနိုင်ရန် မိမိ၏ရင်ထဲတွင်ရှိသော စာနာမှု တရားကို ချပြပေးခြင်းမျှသာ ဖြစ်သည် ၊ အဓိကအားဖြင့် ကိုယ်နှင့်နှိုင်းယှဉ်၍ စာနာမှုတရား ထားရှိရေးပင် ဖြစ်သည် ၊ စာဖတ်သူတို့အနေဖြင့် မိမိ၏ ဦးတည်ရာကို ကောင်းစွာနားလည် နိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည် ၊

ယခုခေတ်သည် မိမိတို့ ကြားသမျှ မြင်သမျှတို့ကို ဘယ်လိုမှ ငြင်းကွယ်မရအောင် အလွယ်တကူ ရိုက်ကူး ထားနိုင်သော စက်ပစ္စည်းများ ပေါများသော ခေတ်ဖြစ်သည် ၊ မိမိနှစ်သက်သော ရှုခင်းရှုကွက်နှင့် ပျော်ပွဲရွှင်ပွဲစသည်တို့ကို မှတ်တမ်းတင်ရိုက်ကူးခြင်းဖြင့် ပြဿနာမရှိနိုင်သော်လည်း မိန်းမယောက်ျားတို့၏ ဖိုမသဘာဝလိင်ဆက်ဆံသည့်ကိစ္စရပ်များ များကို ရိုက်ကူးမှတ်တမ်းတင်မိလျှင်တော့ ကြီးမားသော ပြဿနာများ ဖြစ်နိုင်စွမ်းရှိသည် ၊ 


အထူးအားဖြင့် အမျိုးသမီးများ ပိုသတိထားဖို့ လိုအပ်ပါသည် ၊ ဖိုမ သဘာဝ လိင်ကိစ္စတွင် နာမည်ပျက်စရာဖြစ်လာပြီဆိုလျှင် အမျိုးသားထက် အမျိုးသမီးက ပိုနာမည်ပျက် သည် ၊ ထို့ကြောင့် မိမိ၏ချစ်သူရည်းစားနှင့်ဖြစ်စေ လင်ယောက်ျားနှင့် ဖြစ်စေ ဆက်ဆံဖြစ်လျှင် ကင်မရာ ထောင်ပြီး ရိုက်ကူးမထားမိဖို့ သတိကြီးစွာဆင်ခြင်သင့်သည် ၊

အမျိုးသားလုပ်သူက“ ပြန်ဖျက်ပါ့ မယ် “ဟု ပြောတိုင်းလည်းလုံးဝမယုံကြည်သင့်ပေ ၊အင်တာနက်ပေါ်  တွေ
့ရသော မြန်မာညစ်ညမ်းဇာတ်ကား အများစုသည် ပြန်ဖျက်ပါ့မယ်ဟူသောစကားကိုယုံကြည်မှုမှ ပေါက်ထွက်
လာခြင်းဖြစ်ကြောင်း လေ့လာတွေ့ ရှိရသည် ၊ ဤနေရာတွင် ယောက်ျားတို့၏ စိတ်သဘာဝကို အနည်းငယ်
ပြောချင်ပါသည်၊ ယောက်ျားအများစုသည်ကျန်သောကိစ္စများထက်လိင်ကိစ္စတွင်အချင်းချင်းကြွားလိုသော
စိတ်သဘာဝရှိကြသည် ၊ 

ထိုစိတ်သဘာဝနှင့်ပင် သူရိုက်ကူးထားသည့်ပုံ(သို့မဟုတ်) ဗွီဒီယိုမှတ်တမ်းတို့ကို သူ့အပေါင်းအသင်း တစ်ဦး
မဟုတ်တစ်ဦးကိုတော့အလွယ်တကူ ပြမိတတ်ကြသည်၊တစ်ချို့ဆိုလျှင် ပြရုံတင်မဟုတ်တော့ပဲရက်ရက် ရော
ရောပင် မျှဝေပေးလိုက်ပါသေးသည် ၊ ဤသို့ဖြစ်လာလျှင် သက်ဆိုင်ရာအမျိုးသမီး၏ အရှက်နှင့် သိက္ခာအ
တွက်တော့ တွေးဝံ့စရာ မရှိတော့၊ အယုံအကြည်လွန်ကဲသော အမျိုးသမီးများ တစ်ခုသတိ ထားဖို့က မိမိနှင့်
ဆက်ဆံ သော မိမိ၏ချစ်သူရည်းစား(သို့မဟုတ်) လင်ယောက်ျားသည် မိမိနှင့် အစဉ်ထာဝရ အဆင်ပြေနေ
မည်မဟုတ် ၊ 

တစ်ချိန်မဟုတ် တစ်ချိန်၌ တစ်ယောက်နှင့်တစ်ယောက် အဆင် မပြေမှုများ သဘောထားကွဲလွဲမှုများ မလွဲမ
သွေ ကြုံလာရဦးမည်သာ ဖြစ်သည်၊ထိုအခါ ယောက်ျား လုပ်သူက စိတ်သဘောထားညံ့ဖျင်းမည် ၊ လိင်ဆက်
ဆံမှုကို ရိုက်ကူးထားသောဗွီဒီယိုမှတ်တမ်း စသည်များ လည်း ကျန်ရှိမည်ဆိုလျှင် မိမိ၏အရှက်နှင့်သိက္ခာက
တော့ မလွဲမသွေထိပါးခံရပေလိမ့်မည်၊ 

ထိုကဲ့သို့ မဖြစ်ရအောင် ခပ်ရိုင်းရိုင်းအကြံ ပြုရလျှင် အိပ်ခန်းထဲကကိစ္စသည် အိပ်ခန်းထဲမှာပင် ပြီးပြတ်တာအ
ကောင်း ဆုံး ဖြစ်သည် ၊ ထို့ပြင် ဘယ်သူနှင့်ပဲဆက်ဆံဆက်ဆံ သန်လျင်GTCကျောင်း၏အဖြစ်အပျက် ကဲ့သို့ မသမာသူများက တိတ်တဆိတ်ရိုက်ကူးခံရခြင်းမှ ကင်းဝေးအောင် လုံခြုံမှုကို အထူး ဂရုစိုက်ဖို့ လိုအပ်သည် ၊ ကမ္ဘာပေါ်ရှိ အရွယ်ရောက်ပြီးသော ပုထုဇဉ်လူသားတိုင်း ယခုလို လိင်ကိစ္စများကို နှစ်နှစ်ခြိုက်ခြိုက် ခံစားနေ
ကြသည်ကား မှန်၏ ၊ 

သို့ရာတွင်ကမ္ဘာဦးကတည်းက ဖြစ်တည်လာသောလူ့စည်းမျဉ်းဥပဒေကကွယ်ကွယ်ဝှက်ဝှက်သာ ခံစားခွင့်ပြု
သည် ၊တရားဝင်လင်မယားပင် ဖြစ်နေပါစေ ၊ မြန်မာစကားပုံဆိုရိုး အတိုင်း “သိသာသိစေ၊မမြင်စေရ“အောင်
ကျင့်သုံးရသည် ၊မဟုတ်လျှင် အထက်ဖော်ပြပါ Melody World မှ တက်လာသောအဆိုတော်မလေးကဲ့သို့ မိမိ
တို့၏ အနာဂတ်ဘ၀သည် အလွဲမသွေ ပျောက်ဆုံးပါ လိမ့် မည်၊ ကြုံ၍ တစ်ခု ၀န်ခံလိုက်ရပါဦးမည် ၊ 

မိမိဤဆောင်းပါး လေးကိုရေးရန် လေ့လာသောအားဖြင့်လိင်ကိစ္စတို့ဖြင့်နာမည်ထွက်သော bloggerဆိုဒ် များ
သို့ ၀င်ကြည့်ရာ တွေ့ရသည်ကအံ့သြစရာကောင်းသလိုရယ်စရာလည်းကောင်းသည်၊ ရယ်လည်း ရယ်လိုက်
မိပါသည် ၊ ကြည့်လေ ၊vzoချက်ဆိုသောဗွီဒီယိုဖိုင်တို့တွင်တစ်ချို့ကောင်မလေးများက သူတို့၏အမြင်မတော်
ရာကို ဖော်ချွတ်ပြကြသည့်အဖြစ်၊ဒီကောင်မလေးတွေဘယ်လိုစိတ်ကူးနဲ့များဒီလိုလုပ်ရပါလိမ့်ဟု မိမိစဉ်းစား
မရ ၊ ဖော်ချွတ်ပြတတ်သော သဘောသည် မိန်းမတို့၏ ၀ါသနာတစ်ခုပေလား ၊ ဆောရီး ၊ (ဤစကားရပ်တွင် တကယ့်ကို ဣနြေ္ဒသိက္ခာ ကြီးမားသော အမျိုးသမီးများမပါဝင်ပါ၊ မိမိပတ်ဝန်းကျင်တွင် အသက်ထက် အရှက်
ကို ပိုတန်ဘိုးထားသော အမျိုးသမီးများစွာ ရှိပါသည် ၊ 

ဤစကားရပ်သည် vzoချက်ဆိုသောဗွီဒီယိုဖိုင်များကို လေ့လာကြည့်ပြီး နောက်အမှတ်မထင်သုံးသပ်မိသော
အတွေးမျှသာ ဖြစ်ပါသည်၊ )vzoချက်ရာတွင်သနာကြောင့်ပဲဆိုဆို တစ်ခြားဘာအကြောင့်ကြောင့်ပဲဖြစ်ဖြစ်
ဖော်ချွတ် ပြခြင်းသည်ကား ပြဿနာမဟုတ် ၊ ကိုယ့်ကိုယ်ပိုင် အခွင့်အရေးသာ ဖြစ်သည် ၊ ပြဿနာက မိမိပြ
လိုက်သော တစ်ဖက်ယောက်ျားလေးက ထိုပုံရိပ်ကို ဖမ်းယူ ထားပြီး အင်တာနက်ပေါ်လွှင့်တင်ခြင်းပင် ဖြစ်
သည် ၊ယခုကဲ့သို့ဖြစ်လာလျှင် မိမိ၏အနာဂတ်ဘ၀ကို မထိခိုက်စေဦးတော၊့ မိမိကိုသိသော ပတ်ဝန်းကျင်မှာ
တော့ အရှက်ရဖို့ရာ များသည် ၊ 

ထို့ကြောင့် ခပ်လွယ် လွယ်ဖော်ချွတ်ပြတတ်သော ၊ ဖော်ချွတ်ပြချင်သော ကောင်မလေးများ အနေဖြင့် ဘာ
မဟုတ်သည့် ကိစ္စ လေး တစ်ခုနှင့် မိမိတို့၏ရည်မှန်းချက်များ ၊ အနာဂတ်ဘ၀များ အဖုအထစ်မဖြစ်စေရန်
လေးလေးနက်နက် တွေးတောဆင်ခြင်သင့်ပါသည် ၊ 

ထို့ပြင် မိမိ၏၀ါသနာဆန္ဒအရ အမှတ်မထင်ပြုမူလိုက်မိသော ကိစ္စရပ်လေး တစ်ခုက မိမိ၏ မိဘဆွေမျိုး မိတ်
ဆွေ ညီအကိုမောင်နှမအားလုံးကိုပါ ထိခိုက်နိုင်ကြောင်း သတိပြုသင့်ပါ သည်၊ ဤဆောင်းပါးတွင် မြန်မာ့
လိင်မှုကိစ္စများကို ပညာပေးသဘောမဟုတ်ပဲ မသမာစိတ်ဖြင့် နည်းမျိုး စုံဖြင့် ရယူပြီး အင်တာနက်ပေါ်လွှင့်
တင်နေကြသူတို့အား တစ်စုံတစ်ခုပြောချင်မိ သော်လည်း မိမိ၏ ပြော စကားသည် လုံးဝအရာထင်မည်မ
ဟုတ်ပေ၊ 

ထိုသူတို့အတွက်ကုရာနတ္ထိ ဆေးမရှိပေ၊ နှမချင်းကိုယ်ချင်းစာနာတတ်သောစိတ်ကလေး နည်းနည်းလောက်
ထားပေးနိုင်ကြလျှင်တော့ အထူးဝမ်းမြောက်ဖွယ် ရာ ဖြစ်ပေလိမ့်မည်၊ အထက်ပါစကားရပ်တို့ကို ခြုံငုံပြီး မိမိ
ထပ်ပြောပါဦးမည်၊မှုဒိန်းမှုကဲ့သို့သော မတရား အနိုင်ကျင့်စော်ကားခြင်း၊ သူတစ်ပါးမယားကို ကြာခိုခြင်း ၊သူ
တစ်ပါးလင်ယောက်ျားနှင့် နောက်မီးလင်းခြင်း ကိစ္စမျိုးမဟုတ်လျှင် အရွယ်ရောက်ပြီးသော ယောက်ျားမိန်းမ
တို့၏ နှစ်ဦးသဘောတူချစ်ရည်လူးသည့် ကိစ္စသည် အပြစ်မဟုတ် ၊ ယဉ်ကျေးမှုနှင့် မဆိုင် ၊ 

ဒီကိစ္စသည် ဘ၀တစ်ခုအတွက် အရေးပါသော စည်းစိမ်ဖြစ်သည် ၊ ခံစားလိုက ခံစားပိုင်ခွင့်ရှိသည် ၊ ဘာသာ
ရေးပုဂ္ဂိုလ်အနည်းငယ်မှတစ်ပါး အနန္တစကြာ ၀ဠာတစ်ခုလုံး ဒီစည်းစိမ်ကို ခံလည်း ခံစားနေကြသည် ၊သို့ရာ
တွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လက်ခံ ထားသော လူ့စည်းမျဉ်းဥပဒေအရ သိုသိုဝှက်ဝှက် ခံစားဖို့လို
တော့ပါသည်၊ 

ဒီကိစ္စရပ်ကြောင့် မိမိတို့၏အနာဂတ်ဘ၀ တိမ်းစောင်းသွားသည်အထိ မဖြစ်စေရပေ၊ ကိုယ့်ဘာသာရိုက်ကူး
၍ အင်တာနက်ပေါ်လွှင့် တင်ခြင်းမျိုး မဟုတ်ပဲ မသမာသူများက ရိုက်ကူးလွှင့်တင်လိုက် သောကြောင့် ထင်
ထင်ရှားရှားဖြစ်လာသော ချစ်ရည်လူးသည့်ကိစ္စရပ်များကိုလည်း ယဉ်ကျေးမှုအမြင်ဖြင့် အပြစ်ရှုထောင့်က
မကြည့်ပဲ ကိုယ်နှင့်နှိုင်းယှဉ်၍ စာနာနားလည်

ပေးနိုင်ကြစေရေးသည် ဤဆောင်းပါး၏ ပဓာနရည်ရွယ်ရာ ဖြစ်ပါသည် ၊ မြေနိမ့်ရာ လှံမစိုက်ကြဖို့ အထူး ပန်ကြားချင်ပါသည် ၊ အားလုံးကို ကျေးဇူးတင်ပါသည် ……..။
(စာဖတ်သူ ပရိတ်သတ်များအတွက် NOM မှ ပြန်လည်မျှဝေခြင်းဖြစ်ပါသည် )

 Myanmar Express
 RangonNewsDaily
kolatt (Pabedan): 11.8.2013

0 comments:

Post a Comment