Pages

Monday, August 12, 2013

ဒုတိယ ကမ္ဘာစစ် လက်ကျန် အမြောက်ဆန် တစ်လုံး ရုရှားပန်းခြံ အတွင်း တွေ့ရ

RangonNewsDaily:: Aug 12, 2013

ဒုတိယ ကမ္ဘာစစ် လက်ကျန် အမြောက်ဆန် တစ်ခုကို မော်စကိုမြို့ အနောက်ပိုင်း ဖီလီပန်းခြံ အတွင်း၌ တွေ့ရှိခဲ့ကြောင်း ရုရှားရဲတပ်ဖွဲ့က သြဂုတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါ အမြောက်ဆန်အား စနက်တံ တပ်လျက် အနေအထားဖြင့် ပန်းခြံအတွင်းရှိ တံတားတိုင် အနီး၌ တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ အမြောက်ဆန်ကို ပန်းခြံ လုံခြုံရေးအဖွဲ့က Moskva မြစ်ကမ်း
အနီးရှိ တံတားတစ်စင်း၏ တိုင်အခြေတွင် တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့သို့ သတင်းပေးချက် အရ သွားရောက် ကြည့်ရှုရာ အမြောက်ဆန်မှာ ဒုတိယ ကမ္ဘာစစ် လက်ကျန် ဖြစ်ကြောင်းနှင့် ပျက်စီးယိုယွင်းလျက်ရှိသည်ကို
တွေ့ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းကလည်း ၎င်း မြစ်အတွင်း၌ ဒုတိယကမ္ဘာစစ်
လက်ကျန် ၁၅၂ မီလီမီတာ အမြောက်ဆန် တစ်ခုကို ရေငုပ် သမားများက
တွေ့ရှိခဲ့ကြောင်း သိရသည်။

မြ၀တီ , RangonNewsDaily
kolatt (Pabedan): 12.8.2013

0 comments:

Post a Comment