Pages

Monday, August 12, 2013

အီဂျစ် ပိုင်နက်နယ်မြေ အတွင်းသို့ အစ္စရေး မောင်းသူမဲ့ လေယာဉ်များ ဝင်ရောက် တိုက်ခိုက်

Monday, 12 August 2013

အစ္စရေး နိုင်ငံသည် အီဂျစ်နိုင်ငံ၏ ပိုင်နက် နယ်မြေဖြစ်သည့် ဆိုင်းနိုင်း
ကျွန်းဆွယ် အတွင်းသို့ သြဂုတ် ၁ဝရက် ည ပိုင်းက မောင်းသူမဲ့ လေယာဉ်
များ (အပေါ်ပုံ)ဖြင့် လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသ
တွင်း သတင်းဌာနတစ်ခုက သြဂုတ် ၁၁ရက်တွင် ထုတ်ပြန် ကြေညာ
ခဲ့သည်။

မောင်းသူမဲ့ လေယာဉ်များ၏ လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် အနည်းဆုံးငါးဦး သေဆုံးခဲ့ပြီး ၎င်းသေဆုံး သူများမှာ အစ္စရေး နိုင်ငံအပေါ် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ရန်အတွက် ကြိုတင် ကြံစည် နေသူ
များနှင့် အကြမ်းဖက် သမားဟု သံသယရှိသူများ ဖြစ်ကြောင်း သိရသည်။

ထိုသို့မောင်းသူမဲ့ လေယာဉ်များဖြင့် လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်မှု
သည် အီဂျစ်နိုင်ငံနှင့် ကြိုတင် သဘော တူညီချက်ရယူပြီးမှသာ တိုက်ခိုက်
ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အီဂျစ်နယ်မြေ အတွင်း ၁၉၇၉ ခုနှစ်နောက်ပိုင်း အစ္စရေးတို့၏ ပထမဆုံးအကြိမ် လေကြောင်း စစ်ဆင် မှု ဖြစ်ကြောင်း သိရသည်။

အီဂျစ် စစ်ဘက် အနေဖြင့်လည်း ဆိုင်းနိုင်း ကျွန်းဆွယ်ရှိ စစ်သွေးကြွများကို တိုက်ခိုက် ချေမှုန်းရေး အတွက် ရဟတ် ယာဉ် များဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှု အပါအဝင် အင်အားသုံး တိုက်ခိုက်မှုများ ပြုလုပ်ရန် စီစဉ် ထားကြောင်းနှင့် ၂ဝ၁၃  ခုနှစ်  ဇူလိုင်လတွင်လည်း  အဆိုပါ နေရာရှိ  စစ်သွေးကြွ ၆ဝခန့် ကို သုတ်သင်နိုင်ခဲ့ကြောင်း သိရသည်။

မြ၀တီ

RangonNewsDaily:: Aug 12, 2013

အစ္စရေး နိုင်ငံသည် အီဂျစ်နိုင်ငံ၏ ပိုင်နက် နယ်မြေဖြစ်သည့် ဆိုင်းနိုင်း
ကျွန်းဆွယ် အတွင်းသို့ သြဂုတ် ၁ဝရက် ည ပိုင်းက မောင်းသူမဲ့ လေယာဉ်
များ (အပေါ်ပုံ)ဖြင့် လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသ
တွင်း သတင်းဌာနတစ်ခုက သြဂုတ် ၁၁ရက်တွင် ထုတ်ပြန် ကြေညာ
ခဲ့သည်။ မောင်းသူမဲ့ လေယာဉ်များ၏ လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် အနည်းဆုံးငါးဦး သေဆုံးခဲ့ပြီး ၎င်းသေဆုံး သူများမှာ အစ္စရေး နိုင်ငံအပေါ် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ရန်အတွက် ကြိုတင် ကြံစည် နေသူများနှင့် အကြမ်းဖက် သမားဟု သံသယရှိသူများ ဖြစ်ကြောင်း သိရသည်။

ထိုသို့မောင်းသူမဲ့ လေယာဉ်များဖြင့် လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်မှု
သည် အီဂျစ်နိုင်ငံနှင့် ကြိုတင် သဘော တူညီချက်ရယူပြီးမှသာ တိုက်ခိုက်
ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အီဂျစ်နယ်မြေ အတွင်း ၁၉၇၉ ခုနှစ်နောက်ပိုင်း အစ္စရေးတို့၏ ပထမဆုံးအကြိမ် လေကြောင်း စစ်ဆင် မှု ဖြစ်ကြောင်း သိရသည်။

အီဂျစ် စစ်ဘက် အနေဖြင့်လည်း ဆိုင်းနိုင်း ကျွန်းဆွယ်ရှိ စစ်သွေးကြွများကို တိုက်ခိုက် ချေမှုန်းရေး အတွက် ရဟတ် ယာဉ် များဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှု အပါအဝင် အင်အားသုံး တိုက်ခိုက်မှုများ ပြုလုပ်ရန် စီစဉ် ထားကြောင်းနှင့် ၂ဝ၁၃ ခုနှစ် ဇူလိုင်လတွင်လည်း အဆိုပါ နေရာရှိ စစ်သွေးကြွ ၆ဝခန့် ကို သုတ်သင်နိုင်ခဲ့ကြောင်း သိရသည်။

မြ၀တီ , RangonNewsDaily
kolatt (Pabedan): 12.8.2013

0 comments:

Post a Comment