Pages

Friday, August 30, 2013

ဆီးရီးယားကို အမေရိကန်က တစ်ကိုယ်တော် တိုက်မည်ဟုပြော

RangonNewsDaily:: Aug 30, 2013

အရပ်သား အနည်းဆုံး ၅ဝဝကနေ တစ်ထောင်နီးပါး သေကြေစေခဲ့တဲ့ တိုက်ခိုက်မှုမှာ ဆီးရီးယားအစိုးရက ဓာတုအဆိပ်ငွေ့သုံးစွဲခဲ့တယ်ဆိုတဲ့ သံသယရှိမှုတွေနဲ့ အာဆတ်အစိုးရကို စစ်ရေးအရ ပစ်မှတ်ထား အရေးယူ တိုက်ခိုက်ဖို့ ဗြိတိန်ပါလီမန်က လက်မခံခဲ့တဲ့နောက်ပိုင်း အမေရိကန်ပြည်ထောင်စုအနေနဲ့ တစ်ကိုယ်တော် စစ်ရေးတိုက်ခိုက်မှုအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီလို့ ထိပ်ပိုင်းအစိုးရအရာရှိတစ်ဦးက ပြောဆိုလိုက်ပါတယ်။ ဆီးရီးယားကို တိုက်ခိုက်မယ်ဆိုရင် တရုတ်နိုင်ငံက ဆန့်ကျင်သွားမယ်ဆိုတဲ့ ကန့်ကွက်ချက်ပေါ်နေချိန်မှာပဲ မဟာမိတ်နိုင်ငံတွေရဲ့ သံတမန်ရေးအရ ထောက်ခံမှုတွေရနေပြီဆိုပြီး ဆီးရီးယားအစိုးရကို ပမာဏကျဉ်းကျဉ်းနဲ့ ထိရောက်တဲ့ စစ်ရေးအရဆောင်ရွက်မှုကို လုပ်ဆောင်မယ်လို့ ပြောဆိုလိုက်ပါတယ်။

ဆီးရီးယားကို တိုက်ခိုက်မယ်ဆိုရင် အစ္စရေးနိုင်ငံကို စစ်ကြေညာတိုက်ခိုက်ဖို့ ပြင်ဆင်ထားတယ်လို့ အီရန်နိုင်ငံက မနေ့က ပြောဆိုထားပြီး ကုလ လုံခြုံရေးကောင်စီမှာ ဗီတိုပါဝါကိုင်ထားတဲ့ ထိပ်သီး ၅နိုင်ငံက ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

Kamayut Media , RangonNewsDaily
kolatt (Pabedan): 30.8.2013

0 comments:

Post a Comment