Pages

Friday, August 30, 2013

မြန်မာမွတ်စလင်မ်တို့အတွက် သတိထားရမည့် သပ်လျှိုမှုတစ်ခု (သို့မဟုတ်) ဆလဖီ ၀ါဒ

RangonNewsDaily:: Aug 30, 2013

မော်လာနာ ဟာရှင်တင်မြင့်ရဲ့ ကုရ်အာန်ဘာသာပြန် ဖြန့်ဝေပုံကို ကြည့်ပါ။ လက်သိပ်ထိုး ဖြန့်တာဖြစ်တယ်။ ဆိုင်မှာ တင်မရောင်းဘူး။ ဆိုင်မှာ တင်ရောင်းမယ်ဆိုရင်လည်း ဘယ်သူမှ အားပေးမှာမဟုတ်ဘူး။ မွတ်စလင်မ်တွေရဲ့ အားနည်းချက်က အလကားရရင် အကုန်ယူမယ်။ နှစ်ခါပြန်ယူမယ်ဆိုတဲ့ စိတ်ဓာတ်တွေရှိနေတာပဲ။ ဒါကို ပိုင်ပိုင်နိုင်နိုင် အသုံးချသွားတာဖြစ်တယ်။ အခု ဘယ်သူမှမသိမီ အိမ်တော်တော်များများမှာ ဒီကုရ်အာန် ရောက်နှင့်နေပြီ။ တကယ်လို့ ဟာရှင်တင်မြင့်ဆဗ်သာ စိတ်သဘောရိုးမှန်ခဲ့မယ်ဆိုရင် အရင် ထုတ်နှင့်ပြီးသား ကုရ်အာန်တဖ်စီရ်တွေကို ငွေလုံးငွေရင်း သုံးပြီး ပုံနှိပ်ဖြန့်ဝေလိုက်မှာပေါ့။ ဆော်ဒီက ထုတ်ထားတဲ့ ကုရ်အာန် ဘာသာပြန် ၂ အုပ်တွဲ ဖလင်ဖောက်ပြီးသားတွေ ပုံနှိပ်သမားတွေထံမှာ ရှိပြီးသားပါ။

အခု အသစ်ရေးတယ်။ အရင် ဘာသာပြန်တွေကို ပုတ်ခတ်တယ်။ လူအများ လေးစားကြည်ညိုတဲ့ မုဖ်သီဆဗ်ကို အိတ်ထဲထည့်လိုက်တယ်။ ဒါကိုပဲကြည့်။ စဉ်းစားနော်။ နောက်ကွယ်မှာ ဘယ်သူတွေ ရှိနေနိုင်လဲ။

ဒီကုရ်အာန်ဘာသာပြန်ကို အိန္ဒိယမှာရိုက်တာတဲ့။ အခု ဗမာပြည်မှာ မွတ်စလင်မ်ကို ဖိနှိပ်နေတယ်။ ဒီကာလမှာ ဒီဖိသ်နာရနံ့မကင်းတဲ့အရာ ဖြစ်လာတယ်။ ဒီလိုကာလမှာ ဒီစာအုပ်တွေ သိန်းချီပြီး မြန်မာနိုင်ငံထဲကို ဘယ်လို လမ်းကြောင်းနဲ့သွင်းမလဲ။

ဒီမှာ လမ်းကြောင်း ဆိုတာ ပါလာပြီ။ အားလုံးသိတယ်နော် “လမ်းကြောင်း” ဆိုတာ ဘာလဲ။ ဒီစာအုပ်က တစ်အုပ်ကို အရင်းပဲ ငါးထောင်နီးပါး ရှိမယ်။ (ထွက်နေတဲ့ စာအုပ်ဈေးနှုန်းတွေနဲ့ ခန့်မှန်းပြောတာပါ) စာအုပ်ရေ ၂၈ သိန်းရိုက်တယ်လို့ကြားတယ်။ (ကြားတာနော်-ကိုယ့်ဘာသာကိုယ် အတည်ပြု)။ စာအုပ် တစ်သိန်းပဲ ရိုက်တယ်ထားဦး သိန်း ငါးထောင် ။ ဒီပိုက်ဆံဘယ်က ရသလဲ။ ဒါကို တစ်နှစ်ကျော် ရေးခဲ့တဲ့ ဟနဖီအမည်ခံကာရီကြီး မိသားစု စားဝတ်နေရေး ဘယ်လိုဖြေရှင်းခဲ့သလဲ။

ဒါဟာ အွမ္မသ်ပြိုကွဲအောင် ရည်ရွယ်ချက်ရှိရှိပြုလုပ်လိုက်တာဖြစ်တယ်။ ဟာရှင်တင်မြင့်ဆဗ်နဲ့ မုဖ်သီနူးရ်မိုဟမ္မဒ်ဆဗ်တို့က ဇာတ်လမ်းတစ်ပုဒ်ထဲမှာ ပါဝင်သရုပ်ဆောင်လိုက်ရတဲ့ မင်းသားတွေပဲ။ ဇာတ်ဆရာ ဘယ်သူလဲ။

ဗမာပြည် မွတ်စလင်မ်ဟာ ပိုတက်စီယမ်နဲ့တူတယ်။ ပိုတက်စီယမ်ကို ရေထဲထည့်လိုက်ရင် မီးထတောက်တယ်။ အချင်းချင်းကျရင် သိပ် Active ဖြစ်တယ်။ ဒါကို အခွင့်ကောင်းယူပြီး အတွင်းထဲမှာ လောက်ကိုက်အောင် ပြုလုပ်လိုက်တာဖြစ်တယ်။ ကျနော်ကိုယ်တိုင်ရော ခင်ဗျားတို့ရော ဘာသာပြန်ကုရ်အာန် နှစ်အုပ်လောက်ကို အာယသ်တစ်ခုစီ နှိုင်းယှဉ်ဖတ်ဖူးသလား။ ကျနော်ကတော့ ခုမှ သိဗ်ယာနုလ် ကုရ်အာန်နဲ့ ဆော်ဒီကုရ်အာန်နဲ့ ဟာရှင်တင်မြင့်ပြန်တဲ့ ကုရ်အာန်နဲ့ သုံးအုပ် တပြိုင်နက် ဖတ်နေရတယ်။ တစ်မျိုးတော့ကောင်းတာပေါ့။

ဒီလိုပဲ ဗာသွိလ်က ဗုသ်ကို ဦးချမခိုင်းဘူး ။ အရက်မသောက်ခိုင်းဘူး။ ကျတော်တို့ကို ကောင်းတယ်ထင်ရတဲ့အရာလေးတွေပဲ ပြပြီး ဖိသ်နာဖစာဒ်ထဲကို တွန်းပို့မှာ။ မွတ်စလင်မ်တွေ သတိရှိကြတော့။ အပြင်က ဖိသ်နာတွေ ဗလီထဲကို ။ အိမ်ထဲကို ဝင်မလာစေနဲ့။

ခိုင်လုံတဲ့ သတင်းရင်းမြစ်ကနေ သိထားတာလေးတွေကို ပြန်လည်ဝေငှလိုက်ပါသည်။ အာလင်မ်သာသနာ့ပညာရှင်များ ဖြစ်နေ၍ အသေးစိတ်ကို မရေးတော့ပါ။ မမေးပါနှင့် ။ ဖြေမည်မဟုတ်ပါ။

တစ်ခုတော့ message ပေးချင်သည်။ မွတ်စလင်မ်တို့ ညီညွတ်ပါ။ စည်းလုံးပါ။ ဒါတွေကို ဘယ်သူကြိုးကိုင်နေတာလဲ သိအောင်လုပ်ပါ။ ဇာတ်ဆရာ ဘယ်သူလဲ သိဖို့ကောင်းပြီ။ လမ်းကြောင်းမရှင်းရင် ဘာမှလုပ်လို့မရပါ။

ကျနော် ကာရီဟာရှင်တင်မြင့်နဲ့ မုဖ်သီနူးရ်မိုဟမ္မဒ်ဆဗ်တို့ကို လေးစားပါသည်။ ဖိသ်နာလုပ်ခြင်းကို ရွံ့မုန်းပါသည်။ ဒီအချိန်မှာ ဒါကို လုပ်ရက်လေခြင်း ဟု ယူကျုံးမရဖြစ်မိပါသည်။

ဒွန္နယာဟာ ဖာနီ၊ အာခိရသ်ဟာ ဗာကီ ဖြစ်တယ်ဆိုတာ မမေ့ပါနှင့်။ ဝလ္လားဟု အအ်လမ်။

Mohammed Bilarl Rangooni
RangonNewsDaily
kolatt (Pabedan): 30.8.2013

0 comments:

Post a Comment